Wizard rock

ဝီကီပီးဒီးယား မှ

Wizard rock (တစ်ခါတစ်ရံ wrock) သည် rock ဂီတ၏ အမျိုးအစားတစ်မျိုးဖြစ်ပြီး ၂၀၀၂နှင့် ၂၀၀၄ခုနှစ်အတွင်းတွင် အမေရိကန်၌ ဖွံ့ဖြိုးတိုးတက်ခဲ့ခြင်းဖြစ်သည်။ Wizard rock တီးဝိုင်းများ၏ ဖျော်ဖြေတင်ဆက်မှုများမှာ ရယ်ရွင်ဖွယ်ကောင်းသော ပုံစံများဖြစ်ပြီး ဟယ်ရီပေါ်တာ တွင် တွေ့ရှိနိုင်သည်။ wizard rock သည် မက်ဆာချူးဆက်ပြည်နယ်တွင် Harry and Potter အမေရိကန် rock တီးဝိုင်းနှင့်အတူ စတင်ခဲ့ပြီး နောက်ပိုင်းတွင် အပြည်ပြည်ဆိုင်ရာသို့ ပျံနှံသွားခဲ့ပါသည်။

ဝိသေသလက္ခဏာများ[ပြင်ဆင်ရန်]

ဤအမျိုးအစားထဲမှ ဦးဆောင်နေသောတီးဝိုင်းများမှာ Harry and Potters နှင့် Draco and Malfoys တို့ပါဝင်သည်။ နားထောင်သူအများစုမှာ Harry Potter ၏ ဝါသနာရှင်များဖြစ်သော်လည်း တချို့တီးဝိုင်းများသည် နားထောင်သူများကို စာအုပ်၏အပြင်ဘက်မှ ဆွဲဆောင်နိုင်ခဲ့သည်။ mainstream တီးဝိုင်းများသည် ဂီတ၏ကျယ်ပြန့်သော တေးစုများကြားထဲမှ တချို့သီချင်းများကို စာပေများကို ကိုးကား၍ ဖန်တီးထားသည်။ wizard rock တီးဝိုင်းများသည် Harry Potter မှ ညဏ်ကစားထားသည်။ wizard rock တီးဝိုင်းများသည် ဖျော်ဖြေတင်ဆက်ချိန်တွင် ဝတ္ထုရှည်များမှအတိုင်း ဝတ်ဆင်ကြသည်။ တချို့တီးဝိုင်းများသည် ဝါသနာအိုးများ ပူးပေါင်း၍ ဖျော်ဖြေကြသည်။

သမိုင်းကြောင်း[ပြင်ဆင်ရန်]

အစောပိုင်း Harry Potter ဇာတ်ဝင်သီချင်းကို ၂၀၀၀ခုနှစ်တွင် လိုက်ရှာနိုင်သည်။ Los Angeles အခြေစိုက် pop-punk တီးဝိုင်း Switchblade Kittens သည် "Ode to Harry" သီချင်းကို ဆိုထားပြီး Ginny Weasley ၏ဇာတ်ဝင်ခန်းတွင် ထည့်သွင်းထားသည်။ Harry and Potters တီးဝိုင်းများသည် လူကြိုက်များလာသကဲ့သို့ အခြား wizard rock တီးဝိုင်းများစတင်၍ ပေါ်ပေါက်လာသည်။ Brian Ross နှင့် Bradley Mehlenbacher သည် Harry and Potters ကို တုပသောအားဖြင့် Draco and the Malfoys ကို ဖွဲ့စည်းခဲ့သည်။ သူတို့သည် သူတို့၏နေအိမ်တွင် ဖျော်ဖြေခဲ့သည်။ ဧပြီ ၂၀၀၅တွင် Matt Maggiacomo သည် Harry and the Potters ကို ဖျော်ဖြေစေရန် သူ၏ Rhode ကျွန်းရှိအိမ်သို့ ဖိတ်ကြားခဲ့သည်။ ထိုညတွင် Maggiacomo သည် သူ၏ပွဲဦးထွက် album The Whomping Willows ကိုပြုလုပ်ခဲ့သည်။ သူ၏ သူငယ်ချင်းများဖြစ်သည့် Mehlenbacher နှင့် သူ၏အကို Brian Ross တို့ပါဝင်ပြီး Draco and the Malfoys အတွက် ပထမဦးဆုံးဖြစ်သည်။ Wrockstock ဟုသော ပွဲတော်ရှိပြီး ၂၀၀၇ ခုနှစ်တွင် အမေရိကန်၌ ပထမဆုံးကျင်းပခဲ့သည်။