Wikipedia talk:လက်ရှိလုပ်ငန်းများ

ဝီကီပီးဒီးယား မှ
Jump to navigation Jump to search

လူထပ်ခေါ်ကြပါဦး။ တက်တက်ကြွကြွ ဝင်ပြင်နေတာဆိုလို့ တလအတွင်း အယောက် ၆၀ မကျော်ပါဘူး။ (ဒါတောင် ဘော့တွေထည့်ရေထားလို့ပါ) ဒီလိုနဲ့ ဆောင်းပါးပေါင်း သောင်းရှစ်ထောင် ရေးမယ်ဆိုတာ လူရီစရာပါ။ အသစ်တွေ အတွက်အခက်အခဲက ဘယ်လိုပြင်ရမယ် ဆိုတာ မသိလို့ပါ။ ပြီးတော့ ဖောင့်အကြောင်း၊ ကီးဘုတ်အကြောင်း နဲ့ လင့်ခ် ဘယ်လိုချိတ်ရတယ် ဆိုတာ ရှင်းပြထားတဲ့ ဆောင်းပါးရှိရင် သိပ်ကောင်းမှာပဲလို့ တွေးမိပါတယ်။ ပြီးတော့ နီနေတဲ့ စာမျက်နှာတွေချည်းပဲ ရှာလို့မရဘူးလား။ကျတော်တို့လို အင်္ဂလိပ်စာ အားနည်းပြီး လိုက်ဖက်ရမှာ ပျင်းတဲ့ သူတွေ အတွက် မြန်မာလိုပြောတာပါ။

မြန်မာလို နာမည်ပေးတဲ့ စနစ်မရှိဘူးလား။ ဒေါက်တာ တို့ သခင်တို့ ပါလာရင် နောက်မှာတပ်ရမှာလား ရှေ့မှာ တပ်ရမှလား ရယ်၊ နာမည်ရှည်တဲ့ အခါ ကျရင် ဘယ်နား စပေ့စ် ခံရမယ် ဆိုတာ သတ်သတ်မှတ်မှတ် မရှိတော့ အကြောင်းအရာ ရေးထားပြီးသား ရှိရဲ့သားနဲ့ လင့်ခ် က နီနေတာ များတယ်။Aunghtike ၀၈:၁၁၊ ၂၇ ဇူ​လိုင်​ ၂၀၁၁ (UTC)