ဝီကီပီးဒီးယား ဆွေးနွေးချက်:လက်ရှိလုပ်ငန်းများ
လူထပ်ခေါ်ကြပါဦး။ တက်တက်ကြွကြွ ဝင်ပြင်နေတာဆိုလို့ တလအတွင်း အယောက် ၆၀ မကျော်ပါဘူး။ (ဒါတောင် ဘော့တွေထည့်ရေထားလို့ပါ) ဒီလိုနဲ့ ဆောင်းပါးပေါင်း သောင်းရှစ်ထောင် ရေးမယ်ဆိုတာ လူရီစရာပါ။ အသစ်တွေ အတွက်အခက်အခဲက ဘယ်လိုပြင်ရမယ် ဆိုတာ မသိလို့ပါ။ ပြီးတော့ ဖောင့်အကြောင်း၊ ကီးဘုတ်အကြောင်း နဲ့ လင့်ခ် ဘယ်လိုချိတ်ရတယ် ဆိုတာ ရှင်းပြထားတဲ့ ဆောင်းပါးရှိရင် သိပ်ကောင်းမှာပဲလို့ တွေးမိပါတယ်။ ပြီးတော့ နီနေတဲ့ စာမျက်နှာတွေချည်းပဲ ရှာလို့မရဘူးလား။ကျတော်တို့လို အင်္ဂလိပ်စာ အားနည်းပြီး လိုက်ဖက်ရမှာ ပျင်းတဲ့ သူတွေ အတွက် မြန်မာလိုပြောတာပါ။
မြန်မာလို နာမည်ပေးတဲ့ စနစ်မရှိဘူးလား။ ဒေါက်တာ တို့ သခင်တို့ ပါလာရင် နောက်မှာတပ်ရမှာလား ရှေ့မှာ တပ်ရမှလား ရယ်၊ နာမည်ရှည်တဲ့ အခါ ကျရင် ဘယ်နား စပေ့စ် ခံရမယ် ဆိုတာ သတ်သတ်မှတ်မှတ် မရှိတော့ အကြောင်းအရာ ရေးထားပြီးသား ရှိရဲ့သားနဲ့ လင့်ခ် က နီနေတာ များတယ်။Aunghtike ၀၈:၁၁၊ ၂၇ ဇူလိုင် ၂၀၁၁ (UTC)
စက်တင်ဘာ ၂၀၁၉
[ပြင်ဆင်ရန်]ကမ္ဘာကျော်အောင် မစွမ်းဆောင်နိုင်သေးတဲ့ မြန်မာဘောသမားတွေအကြောင်း ဘာသာပြန်ရေးတော့ လက်ညောင်း ရုံပဲ ရှိမှာပါ ။ နိုင်ငံနှင့် စာပေ ဖွံ့ဖြိုးဖို့ တို့တက်ဖို့ အင်္ဂလိပ် ဝီကီပီးဒီးယားထဲမှာ ဘာသာပြန်သင့်တဲ့ ဆောင်းပါးတွေ အများကြီး ရှိပါတယ်။ ဥပမာ-အင်္ဂလိပ် ဝီကီပီးဒီးယားရှိ သိပ္ပံနှင့်နည်းပညာဆိုင်ရာ ဆောင်းပါးများကို ပညာရပ်ဆိုင်ရာ ကျွမ်းကျင်သူများမှ မပြည့်အစုံ ဘာသာပြန်ပေး သင့်ပါသည်။ သို့မှသာ အနာဂတ်မြန်မာနိုင်ငံတော်ကြီး ခေတ်မီဖွံ့ဖြိုးတိုးတက်လာလိမ့်မည်ဟု ယုံကြည်မိပါသည်။ — Ko Kyaw (Kawa) (ဆွေးနွေး • ပံ့ပိုး) ၏ လက်မှတ်မရေးထိုးထားသော ဆွေးနွေးချက်။
- @Ko Kyaw (Kawa): အကြံပြုတဲ့အတွက် ကျေးဇူးတင်ပါတယ်။ မြန်မာဝီကီပီးဒီးယားမှာ ရှိသင့်တဲ့ဆောင်းပါးစာရင်း နဲ့ ဝီကီပီးဒီးယားတိုင်းမှာ ရှိသင့်တဲ့ ဆောင်းပါးစာရင်းတွေထဲက မရေးရသေးတဲ့ ဆောင်းပါးတွေ အတော်များများကျန်နေပါသေးတယ်။ ကျနော်တို့ ကြိုးစားဖြည့်ဆည်းပေးနေပါတယ်။ Ninja✮Strikers «☎» ၀၉:၃၇၊ ၁၉ စက်တင်ဘာ ၂၀၁၉ (UTC)