WWWJDIC

ဝီကီပီးဒီးယား မှ
မြန်မာဘာသာဖြင့် သင့်လျော်သော အမည်မရှိသေးသောကြောင့် ဤဆောင်းပါးခေါင်းစဉ်ကို အခြားဘာသာစကား / စာဖြင့် ရေးသားထားခြင်း ဖြစ်သည်။

WWWJDIC သည် အွန်လိုင်းဂျပန်ဘာသာအဘိဓာတ်ဖြစ်သည်။ ၎င်းသည် ဩစတြေးလျပညာရှင် Jim Breen က စုဆောင်းထားသည့် အီလက်ထရွန်နစ်အဘိဓာတ်များပေါ်တွင် အခြေခံထားသည်။ အဓိကဂျပန် - အင်္ဂလိပ် အဘိဓာတ်ဖိုင်ဖြစ်သည့် EDICT တွင် အချက်အလက်ပေါင်း ၁၈၀၀၀၀ ပါဝင်ပြီး ENAMDICT တွင် ဂျပန်မိသားစုအမည်၊ ပထမအမည်၊ နေရာအမည်များနှင့် ထုတ်ကုန်အမည်များ ပါဝင်သည်။ WWWJDIC တွင်လည်း ဘဝသိပ္ပံ၊ ဥပဒေ၊ တွက်ချက်မှု၊ အင်ဂျင်နီယာ စသဖြင့် အမျိုးမျိုးသော အထူးပြုထားသည့် အဘိဓာန်ရှိ အကြောင်းအရာများ ပါဝင်သည်။[၁]

WWWJDIC သည် တတိုအဲဘစီမံကိန်းရှိ ဒေတာဘေ့ရှိ စာကြေင်းများကို အသုံးပြုကာ ဂျပန်စာလုံးများကို ဥပမာစာကြောင်းများဖြင့်လည်း ပြသပေးသည်။ တတိုအဲဘစီမံကိန်းသည် Tanaka Corpus တွင် အခြေခံထားသည်။ မူလ Tanaka Corpus နှင့် မတူညီသည်မှာ တတိုအဲဘစီမံကိန်းရှိ စာကြောင်းများတို့သည် public domain မရှိကြဘဲ ၎င်းတို့သည် ကန့်သတ်ထားမှုမရှိသည့် CC-BY လိုင်စင်အောက်တွင် ရရှိနိုင်ခြင်း ဖြစ်သည်။ စာကြောင်းစုစည်းမှုအနေအားဖြင့် အင်္ဂလိပ်နှင့် ဂျပန်ဘာသာ စာကြောင်းတွဲ ၁၅၀၀၀၀ ကျော် ပါဝင်သည်။[၂]

ဂျပန်-အင်္ဂလိပ် အပြင် အဘိဓာန်နှင့် ဂျာမန်၊ ပြင်သစ်၊ ရုရှ၊ ဟန်ဂေရီ၊ ဆွီဒင်၊ စပိန်နှင့် ဒတ်ချ် ဘာသာစကားများကိုလည်း တွဲကာ ဖော်ပြပေးသည်။ သို့သော်လည်း လက်ရှိအချိန်တွင် ထိုဘာသာစကားများအတွက် ဥပမာစာကြောင်းများ မရှိပေ။

အဘိဓာတန်ကို လွတ်လပ်စွာ ပြင်ဆင်ခြင်းများ ပြုလုပ်နိုင်သည်။ ထို့အပြင် ၎င်း၏ ကိုယ်ပိုင်လိုင်စင်သတ်မှတ်မှုအောက်တွင် ကူးယူမှုများလည်း ပြုလုပ်နိုင်သည်။

WWWJDIC ၏ အမျိုးမျိုးသောဝဘ်ဆိုက်ငယ်များသည်လည်း ကမ္ဘာတဝှမ်း တည်ရှိလျက်ရှိသည်။ ထိုဝဘ်ဆိုက်များကို နေ့စဉ် Electronic Dictionary Research and Development Group (EDRDG) က အိမ်မှနေ၍ ပြင်ဆင်မှုများ ပြုလုပ်လျက်ရှိသည်။

ပြင်ပလင့်များ[ပြင်ဆင်ရန်]

ကိုးကား[ပြင်ဆင်ရန်]

  1. Breen၊ Jim။ The EDICT Dictionary File။ 18 June 2015 တွင် ပြန်စစ်ပြီး။
  2. Example Sentence Management System