Tiger I
Tiger ၁ သည် ၁၉၄၂ တွင် တည်ဆောက်ထားပြီး ဒုတိယကမ္ဘာစစ်တွင် အသုံးပြုသည့် ဂျာမန်အကြီးစားတင့်ကား တစ်စီး၏ ဘုံအမည် ဖြစ်သည်။ နောက်ဆုံး တရားဝင်သတ်မှတ်ထားသည့် ဂျာမန်အမည်သည် Tiger ဟု အတိုကောက် အခေါ်ခံရသည့် Panzerkampfwagen VI Tiger Ausf.E ဖြစ်သည်။ ဝင်ရိုးတန်းနိုင်ငံ၏ ဆိုဗီယက်ပြည်ထောင်စုသို့ ကျူးကျော်မှု အစဦးလများတွင် မမျှော်လင့်ထားသော အထင်ကြီးလောက်သည့် ဆိုဗီယက်တို့၏ တင့်ကားသံထု၊ အထူးသဖြင့် တီ-၃၄နှင့် ကေဗွီ-၁ တို့နှင့် ရင်ဆိုင်ခဲ့ရမှုအတွက် အဖြေတစ်ခု ဖြစ်ခဲ့သည်။ Tiger ၁ သည် ဂျာမန်တပ်မတော်၏ သံချပ်ကာ တိုက်ခိုက်ရေးယာဉ်များ အတွက် ပထမဆုံး ပြုလုပ်ထားသော ကေဒဗလျူကေ၃၆ ၈၈မမ အမြောက် တပ်ဆင်ထားသည့် ပထမဆုံးတင့်ကား ဖြစ်သည်။ စစ်ကြီးအတွင်း ဂျာမန်စစ်မျက်နှာအားလုံးတွင် Tiger ၁ ပါဝင်တိုက်ခိုက်ခဲ့သည်။ ယင်းတင့်ကားကို ထုံးစံအားဖြင့် ထိထိရောက်ရောက် အသုံးပြုနိုင်သော သီးခြားတင့်ကားတပ်မများတွင် ဖြန့်ကျက်ခဲ့သည်။