Sublime Text
ဆော့ဖ်ဝဲလ်ရေးသူ(များ) | Jon Skinner |
---|---|
ပထမဆုံး ဖြန့်ချိခြင်း | ၁၈ ဇန်နဝါရီ ၂၀၀၈ |
တည်ငြိမ်သောထုတ်ပြန်မှု | 2.0.2
/ ၈ ဇူလိုင် ၂၀၁၃ |
အစမ်းထုတ် | 3 development build 3126 (public beta)
/ ၂၃ စက်တင်ဘာ ၂၀၁၆ |
မွမ်းမံမှု အခြေနေ | Active[၁] |
ပရိုဂရမ်းမင်း ဘာသာစကား | C++, Python |
ကွန်ပျူတာ စက်လည်ပတ်ရေး စနစ် | Linux 32/64-bit, Mac OS X 10.6 or later (version 2), 10.7 or later (version 3), Microsoft Windows 32/64-bit |
ဆိုဒ် | ~5–8 MB |
လိုင်စင် | Proprietary software,[၂] Nagware |
ဝက်ဘ်ဆိုဒ် | sublimetext.com |
Sublime Text သည် Python ပရိုဂရမ်းမင်းနည်းပညာအသွင်အပြင်ဖြင့် (API) ရေးသားထားသော ကုဒ်တည်းဖြတ်ဆော့ဖ်ဝဲ ဖြစ်သည်။ ၎င်းသည် ပရိုဂရမ်းမင်းဘာသာ များစွာကိုရေးသားနိုင်အောင် အထောက်အပံ့ပေးထားသည်။ ထို့ပြင် အသုံးပြုသူမှ plugins များထည့်သွင်း၍ အသုံပြုနိုင်သည်။ အခမဲ့ ဆော့ဖ်ဝဲလိုင်စင်အောက်တွင် ၎င်းကို ပြုပြင်နိုင်သေးသည်။
အသွင်အပြင်များ
[ပြင်ဆင်ရန်]အောက်ပါတို့သည် Sublime Text မှ ထောက်ပံ့ပေးထားသော အသွင်အပြင်များ ဖြစ်သည်။[၃]
- "Goto Anything," ဖိုင်များ၊ သင်္ကေတများ၊ စာကြောင်းများကို လျင်မြန်စွာ လမ်းညွှန်ဖော်ပြပေးနိုင်ခြင်း။
- "Command palette" uses adaptive matching for quick keyboard invocation of arbitrary commands
- Simultaneous editing: simultaneously make the same interactive changes to multiple selected areas
- Python-based plugin API
- Project-specific preferences
- Extensive customizability via JSON settings files, including project-specific and platform-specific settings
- Cross platform (Windows, OS X, Linux)
- Compatible with many language grammars from TextMate
ဗားရှင်း (၂)
[ပြင်ဆင်ရန်]လတ်တလော ထုတ်လုပ်ထားသည် Sublime Text 2.0.2 ကို ၂၀၁၃ ခုနှစ်၊ ဇူလိုင်လ ၈ ရက်နေ့တွင် ဖြန့်ဝေခဲ့သည်။ ဆောဖ်ဝဲ၏ ပထမဆုံး ဗားရှင်းမှ စ၍ Skinner ဖြင့် တရားဝင်ဘလော့မှ ကြေညာခဲ့သည်။ ၎င်းသည် Retinal display ကို အထောက်အပံ့ပေးထားပြီး Quick Skip Next လုပ်ဆောင်ချက်လည်း ပါဝင်ခဲ့သည်။[၄]
မျက်နှာပြင်
[ပြင်ဆင်ရန်]Themes
- Sublime Text တွင် themes ပေါင်း ၂၂ မျိုးပါဝင်သည်။ နောက်ထပ်လည်း ဒေါင်းလုပ်ပြုလုပ်ကာ ရယူနိုင်သည်။ Third - party plugins များကို အသုံးပြုကာ စိတ်ကြိုက် themes များကို လည်း ပြင်ဆင်နိုင်သည်။
- လမ်းညွှန်အသေးစားပါဝင်မှုကြောင့် မျက်နှာပြင်၏ အပေါ်ညာဘက်ထောင့်ရှိ အလိုရှိသော ဖိုင်၏ မြင်ကွင်းကို လျော့ချနိုင်သည်။ ဖိုင်၏အစိတ်အပိုင်းကို အဓိက တည်းဖြတ်သည့်အပိုင်းတွင် မြင်နိုင်သည်။ ဖိုင်ကို နှိပ်ခြင်းဖြင့်သော်လည်းကောင်း၊ ဆွဲ၍ထည့်ခြင်းဖြင့်သော်လည်းကောင်း ဖိုင်ကိုကြည့်နိုင်သည်။[၅]
Panels, groups and screen modes
- မျက်နှာပြင်ပေါ်တွင် ဖိုင်လေးခုကို ပြသနိုင်သည်။ ဖိုင်တစ်ခုကို နောက်ထပ်မီနူးများမပါဘဲ ပြသထားနိုင်သည်။
ဗားရှင်း (၃)
[ပြင်ဆင်ရန်]ဗားရှင်း (၃) ကို ၂၀၁၃ ခုနှစ်၊ ဇန်နဝါရီလ ၂၉ ရက်နေ့တွင် အစမ်းအနေဖြင့် ထုတ်ဝေခဲ့သည်။ ပထမတွင် Sublime Text 2 ကို ဝယ်ယူအသုံးပြုသော မှတ်ပုံတင်ထားသည့် အသုံးပြုများသာ အသုံးပြုနိုင်သည်။ ၂၀၁၃ ခုနှစ်၊ ဇွန်လ ၂၈ ရက်နေ့တွင် အများပြည်သူသို့ ဖြန့်ဝေပေးခဲ့သည်။ သို့သော်လည်း နောက်ဆုံးထွက်ဆော့ဖ်ဝဲ့မှာ မှတ်ပုံတင်ကုဒ် လိုအပ်ဆဲ ဖြစ်သည်။[၆]
Sublime Text 3 ၏ အဓိကအသွင်အပြင် နှစ်ခုမှာ symbol indexing နှင့် pane management တို့ဖြစ်ကြသည်။ symbol indexing သည် ဖိုင်များကို ရှာဖွေဖတ်ရန်နှင့် Goto Definition and Goto Symbol in Project အသွင်အပြင်များအတွက် index တစ်ခုကို တည်ဆောက်ပေးသည်။[၇]
Sublime Text 3 သည် အလွန်တည်ငြိမ်သည်။ ၂၀၁၆ ခုနှစ် မတ်လ ၂၂ ရက်နေ့တွင် ၎င်းဆော့ဖ်ဝဲ၏ ၈၀ ရာခိုင်နှုန်းသော Package Control များသည် ဗားရှင်း (၃) တွင် အလုပ်လုပ်ဆောင်နေကြသည်။[၈] Sublime Text 3 ကို ၎င်း၏ ဝဘ်ဆိုက်တွင် ဒေါင်းလုပ်ရယူ အသုံးပြုနိုင်သည်။[၉][၁၀]
ကိုးကား
[ပြင်ဆင်ရန်]- ↑ Development Status - July 2014။
- ↑ Sublime Text 2 EULA။ Sublime HQ Pvt Ltd။
- ↑ Sublime Text။ Sublime HQ Pty Ltd။ 14 March 2014 တွင် ပြန်စစ်ပြီး။
- ↑ Sublime Blog။ 11 April 2015 တွင် ပြန်စစ်ပြီး။
- ↑ Interface။ 1stwebdesigner။ 16 November 2012 တွင် မူရင်းအား မော်ကွန်းတင်ပြီး။ 13 November 2012 တွင် ပြန်စစ်ပြီး။
- ↑ Sublime Text 3 Dev Builds။ 9 September 2013 တွင် ပြန်စစ်ပြီး။
- ↑ Sublime Text 3 Beta။ Sublime Blog။ 11 January 2014 တွင် ပြန်စစ်ပြီး။
- ↑ Sublime Text 2 not developed anymore?။ 22 June 2016 တွင် ပြန်စစ်ပြီး။
- ↑ Sublime Text 2 not developed anymore?။ 22 June 2016 တွင် ပြန်စစ်ပြီး။
- ↑ Sublime Text: The text editor you'll fall in love with။ 22 June 2016 တွင် ပြန်စစ်ပြီး။