Slack (ဆော့ဝဲ)

ဝီကီပီးဒီးယား မှ
Slack (ဆော့ဝဲ)
မူလရေးသူ(များ)Stewart Butterfield, Eric Costello, Cal Henderson, and Serguei Mourachov[၁]
ဆော့ဖ်ဝဲလ်ရေးသူ(များ)Slack Technologies
ပထမဆုံး ဖြန့်ချိခြင်းဩဂုတ် ၂၀၁၃; ၁၀ နှစ် အကြာက (၂၀၁၃-၀၈)[၂]
ပရိုဂရမ်းမင်း
ဘာသာစကား
Electron (C++, JavaScript, etc.)[၃]
ကွန်ပျူတာ
စက်လည်ပတ်ရေး စနစ်
Microsoft Windows, macOS, Linux, iOS, Android, Windows Phone,[၄] Commodore 64[၅]
ဆော့ဖ်ဝဲလ် အမျိုးအစားCollaborative software[၆]
လိုင်စင်Proprietary
ဝက်ဘ်ဆိုဒ်slack.com

Slack (ဆလက်) သည် အမေရိကန်နိုင်ငံမှ တီထွင်ထုတ်လုပ်ထားသည့် Cloud အခြေပြု အဖွဲ့အစည်းအသင်းအဖွဲ့များ ပူးပေါင်းဆောင်ရွက်မှုဆိုင်ရာ အွန်လိုင်းဆော့ဝဲတစ်ခု ဖြစ်သည်။ ဤဆော့ဝဲကို ဆလက်နည်းပညာကုမ္ပဏီ (Slack Technologies) က တီထွင်ထုတ်လုပ်ထားသည်။ ဆလက်သည် အသုံးပြုခြင်းမရှိတော့သည့် အွန်လိုင်းဂိမ်းတစ်ခုဖြစ်သည့် Stewart Butterfield's company Tiny Speckduring the development of Glitch ၏ Tool တစ်ခု ဖြစ်ခဲ့သည်။ ဆလက်သည် Searchable Log of All Conversation and Knowledge ၏ အတိုကောက် ဖြစ်သည်။[၇][၈][၉][၁၀]

သမိုင်းကြောင်း[ပြင်ဆင်ရန်]

ဆလက်သည် ၂၀၁၃ ခုနှစ်၊ ဩဂုတ်လတွင် စတင်ခဲ့သည်။ ၂၀၁၅ ခုနှစ် ဇန်နဝါရီလတွင် ဆလက်သည် acquisition of Screenhero, a specialist in voice, video, and screen sharing များကို ထုတ်ဖော်ကြေညာခဲ့သည်။[၁၁][၁၂]

၂၀၁၅ ခုနှစ် မတ်လတွင် ဆလက်သည် ၎င်းအနေဖြင့် ဖေဖော်ဝါရီလတွင် လေးရက်ကျော်ကြာ အချက်အလက်ထိုးဖောက်ရယူခြင်း ခံခဲ့ရသည်ဟု ကြေညာခဲ့သည်။ ထို့ပြင် အချို့သော အသုံးပြုသူတို့၏ အချက်အလက်တို့သည် အပေးအယူပြုလုပ်ခြင်း ခံခဲ့ရသေးသည်။ ထိုသို့သော ဖောက်ထွင်းခံရသည်များတွင် အသုံးပြုသူများ၏ အကောင့်နှင့် သက်ဆိုင်သည့် အီးမေးလိပ်စာ၊ အသုံးပြုသူတို့၏ အမည်များ၊ ပြုပြင်ထားသည့် စကားဝှက်များ၊ ဖုန်းနံပါတ်များ၊ Skyped ID များ ပါဝင်သည်။ ဆလက်သည် ထိုတိုက်ခိုက်ခံရမှုကို ကာကွယ်ရန်အတွက် သူတို့၏ ဝန်ဆောင်မှုတွင် two-factor authentication ကို ထည့်သွင်းခဲ့သည်။[၁၃]

ဆလက်သည် ယခင်က non-proprietary Internet Relay Chat(IRC) နှင့် XMPPmessaging protocols တို့တွင် အဆင်ပြေစွာ အလုပ်လုပ်ဆောင်နိုင်သည်။ သို့သော်လည်း ၂၀၁၈ ခုနှစ်၊ မေလတွင် သက်ဆိုင်ရာ Gateways များကို ကုမ္ပဏီက ပိတ်ပစ်ခဲ့သည်။[၁၄]

၂၀၁၈ ခုနှစ် ဩဂုတ်လတွင် ဆလက်သည် intellectual propertyassets of Atlassian ၏ လုပ်ငန်းဆိုင်ရာသက်သွယ်ရေး tool နှစ်ခုဖြစ်သည့် HipChat နှင့် Stride ကို ဝယ်ယူခဲ့သည်။[၁၅]

၂၀၁၉ ခုနှစ် ဇန်နဝါရီလ ၁၆ ရက်နေ့တွင် ကုမ္ပဏီသည် ၎င်းတို့ကုမ္ပဏီ၏ လိုဂိုအသစ်ကို ထုတ်ဖော်ကြေညာခဲ့သည်။[၁၆]

ပါဝင်သည့် အင်္ဂါရပ်များ[ပြင်ဆင်ရန်]

ဆလက်သည် IRC ကဲ့သို့သော အင်္ဂါရပ်များစွာကို အထောက်အပံ့ပေးထားသည်။ ထိုအထောက်အပံ့ပေးထားသည့် အင်္ဂါရပ်များတွင် မက်ဆေ့တိုက်ရိုက်ပို့ခြင်း၊ စကားပြောရာနေရာများ၊ ကိုယ်ပိုင်အုပ်စုဖွဲ့စကားပြောခြင်းများနှင့် ဖိုင်များပါဝင်သည့် အကြောင်းအရာများနှင့် စကားပြောခြင်း စသည်တို့ ပါဝင်သည်။ ထို့ပြင်စသည်တို့အားလုံးကို ဆလက်တွင် ရှာဖွေနိုင်ပေသည်။ အသုံးပြုသူများသည် ၎င်းတို့၏ မက်ဆေ့များတွင် အိမိဂျိခလုတ်များကို ထည့်သွင်းဖော်ပြနိုင်သည်။ အခြားသောအသုံးပြုသူများသည်လည်း ၎င်းတို့၏ တုံ့ပြန်မှုကို မက်ဆေ့တွင် ကလစ်နှိပ်ကာ ဖော်ပြနိုင်သည်။[၉][၁၇]

ဆလက်၏ အခမဲ့အသုံးပြုနိုင်သည့် အစီအစဉ်တွင် မကြာမီက မက်ဆေများ (recent messages) များကို အများဆုံး ၁၀၀၀၀ မျှသာ ရှာဖွေခြင်း၊ ကြည့်ရှုခြင်း ပြုလုပ်နိုင်သည်။[၁၈]

အသင်းအဖွဲ့များ[ပြင်ဆင်ရန်]

ဆလက်သည် အုပ်စုများ သို့မဟုတ် အသင်းအဖွဲ့များကို နေရာတစ်ခုတည်းတွင် ဆက်သွယ်နိုင်ရန် သီးခြားတိကျသည့် URL သို့မဟုတ် ဖိတ်ကြားမှုကို အသင်းအဖွဲ့၏ ပိုင်ဆိုင်သူ၊ စီမံခန့်ခွဲသူမှ ပေးပို့နိုင်ခြင်းတို့ကို ခွင့်ပြုထားသည်။ ဆလက်သည် အဖွဲ့အစည်းများ၏ ဆက်သွယ်မှုအတွက် တီထွင်ဖန်တီးထားသော်လည်း ၎င်းသည် ဖေ့ဘွတ်၊ လင့်အင် တို့ကဲ့သို့ မက်ဆေ့ပို့ခြင်း သို့မဟုတ် လူမှုမီဒီယာများကဲ့သို့ ဆက်သွယ်မှုပလက်ဖောင်းတစ်အဖြစ် တိုးတက်ပြောင်းလဲလာခဲ့သည်။[၁၉]

မက်ဆေ့ပို့ခြင်း[ပြင်ဆင်ရန်]

အများနှင့်ဆိုင်သည့် ချန်နယ်များသည် အဖွဲ့ဝင်များကို အီးမေး (သို့မဟုတ်) စာတို (SMS) မလိုအပ်ဘဲ ဆက်သွယ်ရေစနိုင်သည်။ ထို့အပြင် ဤအများဆိုင်ရာ ချန်နယ်များသည် နေရာတစ်ခုတည်းတွင် မည်သူကိုမဆို အသုံးပြုနိုင်အောင် လုပ်ဆောင်ပေးထားသည်။

သီးသန့်ချန်နယ်မများသည် အသေးစားအဖွဲ့များအကြားတွင် သီးသန့်ဆက်သွယ်မှုများ လုပ်ဆောင်နိုင်သည်။ ထို့အပြင် ကြီးမားသည့် အဖွဲ့များကိုလည်း ထိန်းသိမ်းနိုင်အောင် လုပ်ဆောင်ပေးထားသည်။

အသုံးပြုသူတစ်ဦးနှင့်တစ်ဦးအကြား မက်ဆေ့များကို တိုက်ရိုက်ပို့ခြင်းကိုလည်း ခွင့်ပြုပေးထားသည်။ တိုက်ရိုက်မက်ဆေ့ပို့ခြင်းကို လူကိုးဦးအထိ ပို့နိုင်သည်။ တိုက်ရိုက်မက်ဆေ့ပို့ခြင်းကို တစ်ခါဆောင်ရွက်ပြီးပါက ထိုမက်ဆေ့ပို့ခဲ့သည့် အုပ်စုများကို သီးသန့်ချန်နယ်တစ်ခုအဖြစ်သို့လည်း ပြောင်းလဲနိုင်သည်။[၂၀]

ပေါင်းစပ်အလုပ်လုပ်ခြင်း[ပြင်ဆင်ရန်]

ဆလက်သည် third party services များစွာနှင့် တွဲကာလုပ်ဆောင်နိုင်သည်။ ထို့အပြင် မူလကတည်းက ပါရှိသည့် community-built integrations များကိုလည်း အထောက်အပံ့ပေးထားသည်။ အဓိကတွဲဖက်ကာ လုပ်ဆောင်နိုင်သည့်အရာများတွင် Google Drive, Trello, Dropbox, Box, Heroku, IBM Bluemix, Crashlytics, GitHub, Runscope, Zendesk တို့ ပါဝင်သည်။ ၂၀၁၅ ခုနှစ်၊ ဒီဇင်ဘာလတွင် ဆလက်သည် ၎င်းတို့၏ Software Directory ကို ကြေညာခဲ့သည်။ ၎င်းတွင် အသုံးပြုသူသည် ထည့်သွင်း၍ အသုံးပြုနိုင်သည့် ပူတွဲလုပ်ဆောင်သည့်အရာပေါင်း ၁၅၀ ကျော် ပါဝင်ခဲ့သည်။[၂၁][၂၂][၂၃][၂၄]

၂၀၁၈ ခုနှစ်၊ မတ်လတွင် ဆလက်သည် financial and human capital management firm Workday နှင့် မိတ်ဖက်ဖြစ်ခဲ့ကြောင်း ကြေညာခဲ့သည်။[၂၅][၂၆]

API[ပြင်ဆင်ရန်]

ဆလက်သည် အသုံးပြုသူများအား အလိုအလုပ်လုပ်ဆောင်ချက်နှင့် အသုံးချမှုများကို လုပ်ဆောင်နိုင်ရန် Application Programming Interface (API) တစ်ခုကို အထောက်အပံ့ ပေးထားသည်။ ၎င်းတွင် လူတို့က ထည့်သွင်းလိုက်သည့် အချက်အလက်ပေါ်မူတည်ကာ အလိုအလျှောက် အသိပေးချက်များ ပေးပို့ခြင်း၊ သတ်မှတ်ထားသည့် အခြေအနေတွင် သတိပေးမှုများ ပေးပို့ခြင်းတို့ ပါဝင်သည်။[၂၇][၂၈]

ပလက်ဖောင်းများ[ပြင်ဆင်ရန်]

ဆလက်သည် အန်းဒရိုက်နှင့် iOS အတွက် အပ်ပလီကေးရှင်းများ ထောက်ပံ့ထားသည်။ ထို့အပြင် macOS, Windows, Linux (beta) တို့တွင် အသုံးပြုနိုင်အောင် ဆောင်ရွက်ထားသည်။ Apple Watch မှ တစ်ဆင့် တိုက်ရိုက်မက်ဆေ့များ ပေးပို့ခြင်း၊ ရည်ညွှန်းမှုများ ကြည့်ရှုခြင်း၊ အခြားသော ရိုးရှင်းသည့် စာပြန်မှုများ ပြုလုပ်ခြင်းတို့ကို လုပ်ဆောင်နိုင်သည်။[၂၉][၃၀][၃၁][၃၂]

ကိုးကား[ပြင်ဆင်ရန်]

  1. Kumparak၊ Greg (February 5, 2015)။ Slack's Co-Founders Take Home The Crunchie For Founder Of The Year။ October 13, 2018 တွင် ပြန်စစ်ပြီး။
  2. Zax၊ David။ Flickr Cofounders Launch Slack, An Email Killer။ October 13, 2018 တွင် ပြန်စစ်ပြီး။
  3. Desktop Application Engineer။ September 13, 2018 တွင် မူရင်းအား မော်ကွန်းတင်ပြီး။ October 13, 2018 တွင် ပြန်စစ်ပြီး။
  4. Slack။ Slack apps for computers, phones & tablets။ October 13, 2018 တွင် ပြန်စစ်ပြီး။
  5. Harris၊ Jeffrey (November 27, 2016)။ Slack client for Commodore 64။ October 13, 2018 တွင် ပြန်စစ်ပြီး။
  6. Crunchbase - Slack TechnologiesCrunchbase။ 23 June 2015 တွင် မူရင်းအား မော်ကွန်းတင်ပြီး။ 13 September 2019 တွင် ပြန်စစ်ပြီး။
  7. Shares in workplace software phenom Slack soar 50% in first day of trading။ 20 June 2019 တွင် ပြန်စစ်ပြီး။
  8. Tam၊ Donna။ Flickr founder plans to kill company e-mails with Slack။ October 13, 2018 တွင် ပြန်စစ်ပြီး။
  9. ၉.၀ ၉.၁ Thomas၊ Owen (August 14, 2013)။ Die, Email, Die! A Flickr Cofounder Aims To Cut Us All Some Slack။ October 13, 2018 တွင် ပြန်စစ်ပြီး။
  10. Kim၊ Eugene။ "Slack, the red hot $3.8 billion startup, has a hidden meaning behind its name"၊ UK Business Insider၊ September 27, 2016။ 
  11. ကိုးကား အမှား - Invalid <ref> tag; no text was provided for refs named Koetsier
  12. Screenhero joins SlackThe Screenhero Blog (January 28, 2015)။ 28 January 2015 တွင် မူရင်းအား မော်ကွန်းတင်ပြီး။ 14 September 2019 တွင် ပြန်စစ်ပြီး။
  13. Slack Says It Was Hacked, Enables Two-Factor Authentication။ Condé Nast (March 27, 2015)။ October 13, 2018 တွင် ပြန်စစ်ပြီး။
  14. Sharwood၊ Simon။ "Slack cuts ties to IRC and XMPP, cos they don't speak Emoji"၊ March 9, 2018။ 
  15. Miller၊ Ron။ "Slack forms key alliance as Atlassian throws in the towel on enterprise chat"၊ TechCrunch၊ July 26, 2018။ 
  16. Say hello, new logo. (in en-US) (2019-01-16)။ 2019-07-29 တွင် ပြန်စစ်ပြီး။
  17. Crook၊ Jordan (July 9, 2015)။ Slack Adds Emoji Reactions။ October 13, 2018 တွင် ပြန်စစ်ပြီး။
  18. Message and storage limits on the Free planSlack Help Center။ October 13, 2018 တွင် ပြန်စစ်ပြီး။
  19. Diederichs၊ Matt (July 8, 2015)။ Why Slack is Exploding (as a Community-Building Platform)။ Medium။ 28 August 2019 တွင် မူရင်းအား မော်ကွန်းတင်ပြီး။ 14 September 2019 တွင် ပြန်စစ်ပြီး။
  20. Slack။ Features - Slack။ October 13, 2018 တွင် ပြန်စစ်ပြီး။
  21. Gannes၊ Liz (August 14, 2013)။ Flickr Co-Founder Stewart Butterfield Turns to Workplace Communication Tools With Slack။ October 13, 2018 တွင် ပြန်စစ်ပြီး။
  22. Augustine၊ Ann (May 19, 2018)။ A Review of the Slack Communication Service။ October 13, 2018 တွင် ပြန်စစ်ပြီး။
  23. Zapier | The easiest way to automate your work။ October 13, 2018 တွင် ပြန်စစ်ပြီး။
  24. Newton၊ Casey (December 15, 2015)။ Slack launches an app store and an $80 million fund to invest in new integrations။ October 13, 2018 တွင် ပြန်စစ်ပြီး။
  25. Coop၊ Alex။ "Workday and Slack announce partnership; Google, Microsoft and Facebook on the horizon"၊ IT Business၊ March 26, 2018။ 
  26. News Desk၊ The HRT။ "Industry Leaders Slack & Workday are Now Partners"၊ May 27, 2018။ 14 September 2019 တွင် ပြန်စစ်ပြီး။ Archived from the original on 26 June 2018။ 
  27. Building an Intelligent Bot Using the Slack API။ 28 December 2018 တွင် ပြန်စစ်ပြီး။
  28. Slack API။ Slack။ 28 December 2018 တွင် ပြန်စစ်ပြီး။
  29. Novet၊ Jordan (April 20, 2015)။ Slack brings its app to the Apple Watch (video)VentureBeat။ October 13, 2018 တွင် ပြန်စစ်ပြီး။
  30. Bort၊ Julie (March 9, 2015)။ 5 Apple Watch apps that will help you do your jobBusiness Insider။ October 13, 2018 တွင် ပြန်စစ်ပြီး။
  31. Birnbaum၊ Ian။ "You Can Now Receive Slack Messages Inside a Super Nintendo Game"၊ Vice Media၊ October 22, 2018။ 
  32. Fan၊ Bertrand။ "Slack on a SNES"၊ October 18, 2018။