S.H.E

ဝီကီပီးဒီးယား မှ
မြန်မာဘာသာဖြင့် သင့်လျော်သော အမည်မရှိသေးသောကြောင့် ဤဆောင်းပါးခေါင်းစဉ်ကို အခြားဘာသာစကား / စာဖြင့် ရေးသားထားခြင်း ဖြစ်သည်။
S.H.E
ဟီဘီ၊ အဲလာနှင့် စလင်းနာ (ဝဲမှယာ) တို့ ဟောင်ကောင်တွင် သီဆိုနေစဉ်
အချက်အလက်များ
မူလဌာနေ ထိုင်ဝမ်
အခြား အမည်(များ)女朋友 (မိန်းကလေး သူငယ်ချင်း)
အလုပ်အကိုင်တေးဆို၊ သရုပ်ဆောင်
ဂီတဟန်တရုတ်ခေတ်ပေါ်တေး
တေးသံသွင်း ကုမ္ပဏီHIM International Music
EMI (PRC, Singapore)
WOW Music (HK; 2007–present)
Avex Asia (HK; 2001–2007)
တက်ကြွ ခုနှစ်များ၂၀၀၁–လက်ရှိ
လွှမ်းမိုးခဲ့i.n.g,[၁] G-boys, Michelle*Vickie[၂]
ဝက်ဘ်ဆိုဒ်www.him.com.tw
အဖွဲ့ဝင်များ
စလင်းနာ၊ ဟီဘီ၊ အဲလာ

S.H.E သည် ထိုင်ဝမ် မိန်းကလေး ဂီတအဖွဲ့တစ်ဖွဲ့ဖြစ်ပြီး စလင်းနာ (任家萱)၊ ဟီဘီ (田馥甄) နှင့် အဲလာ (陳嘉樺) တို့ ပါဝင်သည်။ အဖွဲ့အမည်မှာ ၎င်းတို့သုံးဦး၏ အင်္ဂလိပ်အမည် Selina, Hebe, Ella တို့ကို အစွဲပြုကာ မှည့်ထားခြင်း ဖြစ်သည်။ ပထမဦးဆုံး တေးစီးရီးကို ထုတ်ဝေခဲ့သည့် ၂၀၀၁ ခုနှစ်မှစ ယနေ့အထိ အယ်ဘမ်ပေါင်း ၁၂ ချပ်ကို ဖြန့်ချိခဲ့ပြီးဖြစ်ပြီး အခွေပေါင်း ၁၅ သန်းကျော် ရောင်းရပြီးဖြစ်သည်။

S.H.E သည် တီဗီဇာတ်လမ်းတွဲ ၇ ခုတွင် ပါဝင် သရုပ်ဆောင်ခဲ့သလို တီဗီဇာတ်လမ်းတွဲ ဇာတ်ဝင်တေး ၁၀ ပုဒ်ကို သီဆိုခဲ့သည်။ ရုပ်သံအစီအစဉ် ၂ ခုတွင်လည်း အစီအစဉ်မှူးအဖြစ် တာဝန်ယူခဲ့သည်။ ကိုကာကိုလာ အစရှိသည့် ကုန်ပစ္စည်း အမျိုးအစား ၃၀ ကျော်အတွက်လည်း ကြော်ငြာများ ရိုက်ကူးခဲ့သည်။[၃][၄] သူတို့၏ အောင်မြင်မှုကြောင့်လည်း ထိုင်ဝမ်ရှိ အခြားတေးသံသွင်း ကုမ္ပဏီများက ၎င်းတို့အား အတုယူကာ မိန်းကလေး ဂီတအဖွဲ့များကို စင်တင်လာကြသည်။

၂၀၀၀ ပြည့်နှစ်တွင် စလင်းနာ၊ ဟီဘီနှင့် အဲလာတို့သည် သီချင်းဆိုပြိုင်ပွဲ တစ်ရပ်တွင် ပါဝင်ယှဉ်ပြိုင်ခဲ့ရာ ပထမရသည့် စလင်းနာသည် တေးစီးရီးထုတ်ရန် စာချုပ်တစ်စောင်ကို ဆုအဖြစ် ရရှိခဲ့သည်။ စလင်းနာနှင့်အတူ ပြိုင်ပွဲ နောက်ဆုံးအဆင့်အထိ ဝင်ရောက်နိုင်ခဲ့သည့် ဟီဘီ၊ အဲလာတို့နှင့် ပေါင်းကာ S.H.E အဖွဲ့ကို ထူထောင်လိုက်သည်။ S.H.E ၏ တေးစီးရီးများတွင် ကိုယ်ပိုင်သီချင်းများအပြင် ပြန်ဆိုတေးများလည်း ပါဝင်လေ့ရှိသည်။

S.H.E အဖွဲ့အနေဖြင့် ဖြန့်ချိခဲ့သော တေးစီးရီးအယ်လ်ဘမ်များမှာ

  • Girl's Dorm (၂၀၀၁)
  • Youth Society (၂၀၀၂)
  • Genesis (၂၀၀၂)
  • Super Star (၂၀၀၃)
  • Magical Journey (၂၀၀၄)
  • Encore (၂၀၀၄)
  • Once Upon a Time (၂၀၀၅)
  • Play (၂၀၀၇)
  • FM S.H.E (၂၀၀၈)
  • SHERO (၂၀၁၀) တို့ဖြစ်ကြသည်။

ကိုးကား[ပြင်ဆင်ရန်]

  1. (တရုတ်) The girls of i.n.g are very active; set their sights on becoming like S.H.E. August 22, 2006. Retrieved February 28, 2007.
  2. (တရုတ်) Internet war: S.H.E and Sweety fans attack Michelle*Vickie. July 9, 2004. Retrieved March 23, 2007. Archived ဖေဖော်ဝါရီ ၉, ၂၀၀၇ at the Wayback Machine
  3. (တရုတ်) Han, Lei, Shi Xisheng and Kan Wenting. World of Warcraft promotion turns into a fans' meeting. June 16, 2005. Retrieved January 30, 2007.
  4. (တရုတ်) Sina.com. S.H.E to star in World of Warcraft, Coca-Cola Commercial June 20, 2005. Retrieved January 30, 2007.