Rockabilly

ဝီကီပီးဒီးယား မှ
မြန်မာဘာသာဖြင့် သင့်လျော်သော အမည်မရှိသေးသောကြောင့် ဤဆောင်းပါးခေါင်းစဉ်ကို အခြားဘာသာစကား / စာဖြင့် ရေးသားထားခြင်း ဖြစ်သည်။

Rockabilly သည် rock n' roll ဂီတ၏ အစောဆုံးပုံစံများမှ တစ်ခုဖြစ်သည်။ ၁၉၅၀ အမေရိကန် ပြည်ထောင်စုတွင် တွေ့နိုင်သည်။ အထူးသဖြင့် တောင်ပိုင်းတွင် ဖြစ်သည်။ အမျိုးအစားသည် country နှင့် rhytm and blue စသော အနောက်ပိုင်းဂီတပုံစံများ ရောနှောသကဲ့သို့ classic rock and roll တို့ ရောစပ်နေသည်။ rockabilly ဟူသော ဝေါဟာရကို rock နှင့် hillbilly ပေါက်ဖွားလာခဲ့ပြီး ပြင်းထန်စွာ ထောက်ကူပေးသည်။ အခြား Rockabilly အပေါ်တွင် လွှမ်းမိုးသော အမျိုးအစားများမှ western swing, boogie woogie, jump blues နှင့် electric blues တို့ပါဝင်သည်။ Rockabilly ၏ ထူးခြားချက်မှာ ပြင်းထန်သော rhythms၊ vocal twangs နှင့် tape echo များပါဝင်သည်။ အဆင့်ဆင့်ဖြစ်သော ကွဲပြားသော တူရိယာများနှင့် အဆိုစည်းဝါးများ ပါဝင်သည်။ အစပိုင်းတွင် Johnny Cash, Bill Haley, Budd Holly, Elvis Presley, Carl Perkins, Bob Luman နှင့် Jerry Lee Lewis စသော အနုပညာရှင်များကြောင့် ကျော်ကြားလာခဲ့ပြီး ၁၉၆၀တွင် ပုံစံ၏ အောင်မြင်မှု ကျဆင်းလာခဲ့သည်။ ၁၉၇၀ နောက်ပိုင်းနှင့် ၁၉၈၀ အစောပိုင်းတွင် rockabilly သည် Stray Cats ကြောင့် ပြန်လည်ရှင်သန်လာခဲ့သည်။ အမျိုးအစားသည် ၂၁ ရာစုတိုင်အောင် ကြံ့ကြံ့ခိုင်တည်မြဲလာခဲ့သည်။ rockabilly မှ နေ၍ မျိုးခွဲပုံစံအမျိုးမျိုးပေါက်ဖွားလာခဲ့ပြီး punk rock ကဲ့သို့ အခြားအမျိုးအစားများ လွှမ်းမိုးလာခဲ့သည်။

မူရင်းအစ[ပြင်ဆင်ရန်]

၁၉၂၀မှ အစာပိုင်း country မှတ်တမ်းများမှ blues နှင့် country ဂီတ၏ဆက်စပ်မှု နီးစပ်သည်။ Wreck of the Old 97 ဟူ၍ ပထမဆုံးအကြိမ် တစ်နိုင်ငံလုံးရိုက်ခတ်ပြီး ကျော်ကြားလာခဲ့သည်။ Jimmie Rodgers သည် Blue Yodeler ဟု ပထမဆုံး country ကြယ်ပွင့်အဖြစ်သိကြသည်။ သူ၏ခေတ်ပြိုင်များဖြစ်သော Blind Lemon Jeffersonနှင့် Bossie Smith တို့၏မှတ်တမ်းကဲ့သို့ တီးခတ်ပုံနှင့် အသံများထူးခြားသော်လည်း သူ၏သီချင်းအများစုသည် chord progressions ကို အခြေခံထားသည်။ Rockabilly နှင့်ပတ်သက်၍ Elvis Presley ကို နားထောင်မှုများသည် ၅၀ မော်တော်ကား ယဉ်ကျေးမှုနှင့် နီးစပ်သည်။

၁၉၃၀နှင့် ၁၉၄၀ အတောအတွင်းတွင် သီချင်းပုံစံသစ်များပေါ်ထွက်လာခဲ့သည်။ Bob Wills နှင့် Texas Playboys တို့သည် Western Swing သို့ ဦးဆောင်ခဲ့သည်။ Jazz လွမ်းမိုးမှုနှင့် steel guitar များကို country သီဆိုပုံနှင့် ပေါင်းစပ်ထားသည်။ Wills ၏ ဂီတသည် ထုထည်ကြီးမားစွာ ကျော်ကြားလာခဲ့သည်။ ၁၉၄၀ အလယ်မှ ၁၉၅၀ အစောပိုင်းသို့ Will ၏မှတ်တမ်းများတွင် two beat jazz ရမ်သမ် jazz choruses နှင့် ဂီတပုံစံများသည် အစောပိုင်း rockabilly မှတ်တမ်းကို ရှေးကျစေခဲ့သည်။ Will က "ဤဂီတအမျိုးအစားကို ကျွန်တော်တို့၁၉၂၀ ကတည်းက တီးခတ်ခဲ့ပါတယ်။ ဒါဟာ rhythm ကို အခြေခံထားပြီး ထူးခြားမှုများရှိသည် သင်ဟာ Africa ကဲ့သို့ drum ပုံစံများနောက်သို့ လိုက်သော်လည်း rhytm ဟာ အရေးကြီးပါတယ်" ဟုဆိုသည်။ Meade Lux Lewis နှင့် Pete Johnson ကဲ့သို့ blues အနုပညာရှင်များပြီးနောက် Moon Mullican, Delmore Brother, Tennessee Ernie Ford, Speedy West, Jimmy Bryant နှင့် Maddox Brothers and Rose စသော အနုပညာရှင်များသည် ၁၉၃၈ တွင် boogie ကို စတင်ခဲ့ပြီး Hillbilly Boogie ဟု အသိများပြီး hillbilly အဆိုနှင့် boogie bass line တီးခတ်ပုံများပါဝင်သည်။

The Maddox Brothers and Rose သည် bass ရိုက်ခတ်မှုနှင့်အတူ rockabilly အစွန်းသို့ ဦးဆောင်နေသည်။ World War 2 တီးဝိုင်းသည် Fred Maddox ၏ဘေ့စ်ပုံစံနှင့်အတူ honky-tonk ပုံစံသို့ပြောင်းလဲခဲ့သည်။ သူတို့သည် hillbilly ဂီတကို တီးခတ်ခဲ့သည်။ ငယ်ရွယ်သော လူဖြူအနုပညာရှင်များသည် Maddoxes ကဲ့သို့ စတိတ်စင်တွင် ပြုမူလာကြသည်။ country, swing နှင့် boogie လွှမ်းမိုးမှုနှင့်အတူ jump blues နှင့် အနုပညာရှင်များဖြစ်သော Wynonie Harris နှင့် Roy Brown နှင့် electric blues အနုပညာရှင်များဖြစ်သော Howlin Wolf, Junior Parker နှင့် Arthur Cruclup တို့သည် Rockabilly အပေါ်လွှမ်းမိုးလာခဲ့သည်။

Zeb Turner ၏ ၁၉၅၃မှတ်တမ်းများ Jersey Rok သည် ဂီတပုံစံများရောနှောထားပြီး စာသားများသည်ဂီတနှင့် ကခုန်ခြင်းများအကြောင်းကို ရေးသားထားပြီး ၁၉၅၀ နှစ်ဝက်၏ ဂီတအမျိုးအစားများ ရောနှောထားသော ဥပမာတစ်ခုဖြစ်သည်။

Bill Monroe သည် country ဂီတ၏ သီးခြားပုံစံဖြစ်သော Bluegrass ၏ဖခင်ဟု အသိများသည်။ သူ၏သီချင်းအများစုသည် blues ပုံစံများဖြင့် တည်ဆောက်ထားသည်။ bluegrass သည် ၁၉၅၀အစောပိုင်း country ဂီတ၏ ပဓာနကျသော ဂီတပုံစံဖြစ်သည်။ rockabilly ၏ဖွံ့ဖြိုးတိုးတက်မှုကို လွှမ်းမိုးခဲ့သည်။

Honky Tonk ပုံစံသည် အချစ်ကို ဆုံးရှုံးမှု၊ သားမယားဖောက်ပြန်မှု၊ အထီးကျန်မှု၊ အရက်စွဲခြင်းနှင့် သနားဂရုဏာသက်ခြင်းများနှင့်အတူ အလုပ်သမားလူတန်းစားဘဝကို တိမ်းညွတ်ထားသည်။ Delmore Brothers, the Maddox Brothers and Rose, Merle Travis, Hank Williams, Hank Snow နှင့် Tennessee Ernie Ford တို့၏ မှတ်တမ်းတင်သီချင်းများ လူသိများသည်။

ပေါင်းစပ်ဖျော်ဖြေသူများနှင့် သတင်း[ပြင်ဆင်ရန်]

Rockabilly ပုံစံထဲတွင် ထောင်ချီသော ဂီတသမားသီချင်းများ မှတ်တမ်းတင်ထားသည်။ online database အရ Aနှင့် စသောဂီတသမားများ ၂၆၂ ယောက်ခန့်ရှိသည်။ record company အများစုသည် rockabilly မှတ်တမ်းများဖြန့်ချိခဲ့သည်။ အဓိကသီချင်းစာရင်းတွင် အောင်မြင်ခဲ့ပြီး အနာဂတ် rock ဂီတသမားများသို့ လွှမ်းမိုးခဲ့သည်။ Wanda Jackson ကဲ့သို့ သီးခြားအမျိုးသမီးဖျော်ဖြေသူများသည် rockabilly ဂီတကို မှတ်တမ်းတင်ခဲ့သည်။ Gene Summers သည် Rockabilly Hall of Fame တွင် ပါဝင်ခဲ့ပြီး ၁၉၅၈-၅၉တွင် သူ၏ Jan/Jane 45 ကိုဖြန့်ချိခဲ့သည်။ သူသည် rockabilly ဂီတကို မှတ်တမ်းတင်ခဲ့ပြီး ၁၉၆၄ တွင် Alabama Shake ကိုဖြန့်ချိခဲ့သည်။ ၂၀၀၅ခုနှစ် တွင် Summer ၏အကျော်ကြားဆုံး school of Rock n' Roll မှတ်တမ်းကို ဖြန့်ချိခဲ့ပြီး Record Collector မဂ္ဂဇင်းတွင် "100 Greatest Rock n' Roll Records" တွင် တစ်ခုအပါအဝင်ဖြစ်လာခဲ့သည်။

Tommy Sleepy LaBeef သည် rockabilly တေးသွားများကို ၁၉၅၇ မှ ၁၉၆၃ တိုင်အောင် label အများစုတွင် မှတ်တမ်းတင်ခဲ့သည်။ Rockabilly တီထွင်သူ Maddox Brothers and Rose သည် ဆယ်စုနှစ်နှစ်ခုတိုင်အောင် ဖျော်ဖြေတင်ဆက်ခဲ့သည်။ ထိုအနုပညာရှင်များသည် အကြီးအကျယ်ဆုံးရိုက်ခတ်ခဲ့ပြီး ဆယ်စုနှစ်နောက်ပိုင်းများတိုင်အောင် လွှမ်းမိုးမှုများ ကျဆင်းမည်မဟုတ်ပေ။ ၁၉၅၈ ၏နွေရာသီတွင် "Summertime Blues" နှင့်အတူ သီချင်းစာရင်းတွင် ထိပ်ဆုံးတွင် ရပ်တည်နိုင်ခဲ့သည်။ Cochran ၏လုပ်ငန်းသက်တမ်းတွင် ၁၉၅၇အစောပိုင်းတွင် Sitting in the Balcony၊ ၁၉၅၈အောက်တိုဘာတွင် C'mon Everybody နှင့် ၁၉၅၉ ဇူလိုင်တွင် Somethin' Else ကိုဖြန့်ချိခဲ့သည်။ ၁၉၆၀ ဧပြီတွင် Genre Vincent နှင့် UKတွင် ခရီးစဉ်လည်ပတ်ခဲ့သည်။ သူတို့တက္ကစီသည် မတော်တဆဖြစ်ပြီး Eddie (၂၁) အရွယ်တွင် သေဆုံးခဲ့သည်။

Rockabilly ဂီတသည် ၁၉၅၆နှင့် ၁၉၅၉အတောအတွင်းတွင် အမေရိကန်တွင် ကျော်ကြားလာခဲ့သည်။ ၁၉၆၀ပြီးနောက် ရေဒီယိုက လွှင့်တင်မှု ကျဆင်းလာခဲ့သည်။ ကျဆင်းမှုမှတ်တမ်းများတွင် Buddy Holly သည် ၁၉၅၉တွင် လေယဉ်ပျက်ကျသေဆုံးခဲ့ပြီး ၁၉၅၈တွင် Elvis Presley ကို စစ်တပ်သို့ ခေါ်ယူခဲ့သည်။ သူတို့၏ပုံစံများသည် အင်္ဂလန်တွင် ကြာရှည်ကျော်ကြားလာခဲ့သည်။

Rockabilly ဂီတကိုပြန်လည်ပြုစုပျိုးထောင်ခဲ့ပြီး ဆယ်ကျော်သက်များဆီသို့ ပြန်လည်ယူဆောင်ခဲ့သည်။ တော်လှန်ခြင်း၊ လိင်ဆက်ဆံခြင်းနှင့်လွတ်လပ်မှုတို့ပါဝင်ပြီး လူဖြူဂီတသမားတို့ ဖျော်ဖြေတင်ဆက်ခဲ့သော ပထမဆုံး rock n' roll ပုံစံဖြစ်သည်။ ယဉ်ကျေးမှုပြောင်းလဲမှုသည် ယနေ့ခေတ်တွင် ပြန်လည်ရိုက်ခတ်ခဲ့သည်။ Rockabilly သည် စံအဖြစ်ကျန်ရစ်ခဲ့ပြီး အသက်မွေးဝမ်းကျောင်း ယုံကြည်မှုသည် သာမန်မဟုတ်ပေ။

Rockabilly ဝေါဟာရအသုံးပြုခြင်း[ပြင်ဆင်ရန်]

Experience Music Project, Barbara Pittman ၏ အင်တာဗျူးတွင် ဖော်ပြထားသည်မှာ "ဒါဟာအသစ်ဖြစ်ပြီး အရမ်းလွယ်ကူပါတယ်။ chord သုံးခုသာ ပြောင်းသွားပါတယ်" ဟုဆိုသည်။ Rockabilly သည် တစ်ချိန်တည်းတွင် တောင်ပိုင်းrockerများသို့ ခုန်လွားခဲ့သည်။ နှစ်ပေါင်းများစွာ ကြာလာသည့်အခါ ဂုဏ်သိက္ခာ အနည်းငယ်ရှိလာပြီးတော့ hillbillies ဟုခေါ်ကြသည်။

Rockabilly ဟူသောအသုံးအနှုန်းကို စတင်အသုံးပြုခဲ့သည်များထဲမှ ၁၉၅၆ ဇွန် ၂၃တွင် billboard မှ Ruckus Tyler's ၏ Rock Town Rock တွင်အသုံးပြုခဲ့သည်။ ရက်သတ္တပတ်သုံးပတ် အစောပိုင်းတွင် "rockabilly" ကို Gene Vincent ၏ Be-Bop-A-Lula တွင် အသုံးပြုခဲ့သည်။

Rockabilly ဟုသော ဝေါဟာရကို ၁၉၅၆ နိုဝင်ဘာတွင် "Rock a Billy Gal" ဟူသောသီချင်းတွင် မှတ်တမ်းတင်ခဲ့သည်။ Johnny နှင့် Dorsey Burnette တို့သည် ၁၉၅၆ ဇူလိုင် ၄ တွင် "Rock Billy Boogie" တွင် မှတ်တမ်းတင်ခဲ့သည်။ သီချင်းသည် Johnny ၏သား Rockyနှင့် Dorsey ၏သား Billy တို့၏ မွေးနေ့ကို ရည်ညွန်းသည်။ သူတို့သည် ၁၉၅၃ တွင် တစ်ချိန်တည်းတွင် မွေးဖွားခဲ့သည်။ သီချင်းသည် ၁၉၅၆ တွင် New York City တွင် Gene Vincent တွင် ဖျော်ဖြေရာမှ တေးစုများမှ အပိုင်းတစ်ခုဖြစ်သည်။ Rocky Burnette သည် rockabilly အနုပညာရှင်များမှ တစ်ဦးအပါအဝင်ဖြစ် လာခဲ့သည်။ Rocky Burnette သည် rockabilly ဟူ၍ ဆင်းသက်လာသည်ဟု သူ၏ website တွင်ဖော်ပြထားသည်။ Rockabilly Boogie ဟုအမည်တွင်သည့်နောက်ပိုင်းနှစ်များတွင် အနုပညာရှင်ရာနှင့် ချီ၍ ပြန်ဆိုခဲ့ကြသည်။

မှတ်တမ်းတင်သော နည်းပညာများ[ပြင်ဆင်ရန်]

slapback, slapback echo, flutter echo, tape delay echo, echo နှင့် reverb တို့သည် rockabilly မှတ်တမ်းများတွင် ပါဝင်သော ကဏ္ဍမှ အသုံးအနှုန်းများဖြစ်သည်။ ထူးခြားသော ပြန်လည်ပဲ့တင်သော recording များမှာ New York မှ Decca's Studio တွင် ဖန်တီးခဲ့သော Billy Haley ၏ His Comets ၏ Rock Around The Clock ဖြစ်သည်။ အခြား Rockabilly ဂီတသမားများမှာ Buddy Holly နှင့် The Rock and Roll Trio တို့ဖြစ်သည်။ Memphisမှ Sam Phillips သည် ကွဲပြားသောနည်းပညာများကို Memphis Recording Studio တွင် acoustic ဖန်တီးရန် အသုံးပြုခဲ့သည်။ ပဲတင်သံများကို ၁၉၃၀မှ Wilf Carter Victor မှတ်တမ်းနှင့် ၁၉၄၅ Eddy Arnold ၏ Cattle Call တွင် အသုံးပြုခဲ့သည်။ မှတ်တမ်းများသည် live သံနှုန်းအတိုင်း ကိုယ်စားပြုထားသည်။ Elvis Presley သည် Phillips Sun Records မှနေ၍ RCA သို့ပြောင်း၍ Heartbreak Hotel တွင် မှတ်တမ်းတင်ခဲ့သည်။ Country သီချင်းများမှ rockabilly ပုံစံသည် စာသား၊ chord progression နှင့်စီစဉ်မှုများသည် ရိုးရှင်းသည်။ ရိုက်ခတ်၍ တီးခတ်ပုံများမှ အသံများလက်ခံရရှိသည်။ တီးလုံးများကို ထပ်ခြမ်းခွဲထားသည်။ အရှိန်များသည်မြင့်မား၍ စာသားများသည် ပြင်းထန်သည်။ လင်္ကာပိုဒ်တစ်ပိုဒ်မှ တစ်ပိုဒ်သို့ တေးသွားများ ပြောင်းလဲသည်။

Beatle နှင့် British Invasion အပေါ်လွှမ်းမိုးမှု[ပြင်ဆင်ရန်]

UK မှ rockabilly ဝါသနာရှင်များထဲတွင် Teddy Boys ပါဝင်သည်။ ၁၉၅၀၏ အခြားအုပ်စုမှာ Ton-Up boy ဖြစ်ပြီး သူတို့သည် ဗြိတိန်မော်တော်ဆိုင်ကယ်များကို စီးနင်း၍ ၁၉၆၀ တွင် rocker ဟူ၍ အသိများလာသည်။ ထို rocker များသည် T-shirts, jeans နှင့် leather jackets များဝတ်ဆင်ကြ၍ pompa dour ဆံပင်များကို ထားရှိကြသည်။ ထို rockerများသည် ၁၉၅၀ rock and roll အနုပညာရှင်များဖြစ်သော Gene Vincent နှင့် တချို့ဗြိတိန် rockabilly ဝါသနာရှင်များတည်ထောင်ထားသော တီးဝိုင်းများကို ချစ်ခင်ကြသည်။

အမှတ်အရဆုံးတီးဝိုင်းမှာ The Beatles ဖြစ်သည်။ John Lennon သည် Paul Mc Cartney နှင့် တွေ့ဆုံခဲ့ပြီး သူသည် Mc Cartney ကို အထင်ကြီးသည်။ တီးဝိုင်းသည် ပို၍ ကျွမ်းကျင်လာပြီး Hamburg တွင်စတင်ဖျော်ဖြေခဲ့သည်။ Beatle ဟူသောအမည်ကို ယူဆောင်လာခဲ့သည်။ သူတို့သည် အနက်ရောင် leatherများကို ဝတ်ဆင်လာကြသည်။ သူတို့သည် Holly ၏ တေးသွားသီချင်းရေးပုံများနှင့် Vincentနှင့် Carl Perkin အသံများကို ပေါင်းစပ်ခဲ့သည်။ Beatle သည် ကမ္ဘာကြယ်ပွင့်ဖြစ်လာခဲ့ပြီး သူတို့သည် ကွဲပြားသော Car Perkin သီချင်းသုံးပုဒ်ကို ဖြန့်ချိခဲ့သည်။ Beatle ၏ပုံမှန်ဦးဆောင်အဆိုရှင်များမှာ "Honey Don't" (Ringo သီဆိုခဲ့သည်)နှင့် Everybody's Trying to be my baby (George သီဆိုခဲ့သည်) ၊ Matchbox (Ringo သီဆိုခဲ့သည်)

တီးဝိုင်းပြိုကွဲပြီးနောက် အဖွဲ့ဝင်များသည် rockabilly ကို စိတ်ဝင်စားလာကြသည်။ ၁၉၇၉တွင် Lennon သည် Rock n' Roll album ကို မှတ်တမ်းတင်ခဲ့သည်။ မျက်နှာဖုံးဓာတ်ပုံတွင် Gene Vincent leather ကို ဝတ်ဆင်ထားသည်။ ထိုအချိန်အတွင်းတွင် Ringo Star သည် Johnny Burnette ၏ You're Sixteen ကို သီဆိုခဲ့သည်။ ၁၉၈၀တွင် Mc Cartney သည် Carl Perkins နှင့်မှတ်တမ်းခဲ့သည်။ George Harrison သည် Traveling Wilburys ထဲတွင် Roy Orbison နှင့်ပေါင်းစပ်ခဲ့သည်။ ၁၉၉၉တွင် Mc Cartney သည် Rockabilly ပြန်ဆိုတေးများဖြစ်သော Run Devil Run ကို ဖြန့်ချိခဲ့သည်။

The Beatles သာမက British Invasion အနုပညာရှင်များသည် rockabilly လွှမ်းမိုးခဲ့သည်။ Rolling Stones သည် Buddy Holly ၏ Not Fade Away ကိုမှတ်တမ်းတင်ခဲ့သည်။ rockabilly ပုံစံသီချင်းများဖြစ်သော Rip This Joint နှင့် Eddie Cochran ၏ Summertime Blues နှင့် Johnny Kidd နှင့် The Pirate ၏ Shakin All Over on (live at Leeds album) စသောသီချင်းများကို ပြန်ဆိုခဲ့သည်။ ဂီတာသူရဲကောင်းများဖြစ်သော Jeff Beck နှင့် Jimmy Page တို့ rockabilly ဂီတသမားများလွှမ်းမိုးခြင်းခံခဲ့ရသည်။ Beck သည် သူ၏ album ကို ဂီတာသမား Cliff Gallap-Crazy Leg နှင့် Page၏ တီးဝိုင်း Led Zeppelin တို့ဆီသို့ လက်ဆောင်ပေးခဲ့သည်။ ၁၉၅၀တွင် Elvis Presley ၏နောက်ခံတီးဝိုင်းတွင် အလုပ်လုပ်ခဲ့သည်။ မည်သို့ပင်ဆိုစေ နှစ်များစွာကြာပြီးနောက် Led Zeppelin ၏ Page နှင့် Robert Plant တို့သည် ၁၉၅၀ ၏ ဂီတကို မှတ်တမ်းတင်ခဲ့ပြီး The Honeydrippers : Volume One ဟုခေါ်သည်။

Rockabilly Hall of Fame[ပြင်ဆင်ရန်]

မူရင်း Rockabilly Hall of Fame ကို ၁၉၉၇ မတ်လ၂၁ရက်တွင် Bob Timmers ကစတင်တည်ထောင်ခဲ့ပြီး အစောပိုင်း rock and roll သမိုင်းကြောင်းနှင့် မူရင်းအနုပညာရှင်များနှင့်ဆက်နွယ်သော အချက်အလက်များနှင့် အမေရိကန် အမေရိကန်ဂီတအမျိုးအစားတီထွင်သူထဲတွင် ပါဝင်သော ပုဂ္ဂိုလ်ရေးအချက်အလက်များကို တင်ပြရန် တည်ဆောက်ခဲ့ခြင်းဖြစ်သည်။ Nashville ရုံးချုပ်တည်ရှိသည်။

၂၀၀၀တွင် International Rockabilly Hall of Fame Museum ကို Jackson ကစတင်တည်ထောင်ခဲ့သည်။