Post-punk revival

ဝီကီပီးဒီးယား မှ

Post-punk revival (new wave revival, garage rock revival or new rock revolution) သည် alternative rock ၏ မျိုးခွဲတစ်မျိုးဖြစ်ပြီး ၁၉၆၀ garage rock နှင့် post punk နှင့် ၁၉၈၀ new wave တို့မှ ပေါက်ဖွားလာသည်ဟု သိရသည်။ the Strokes, Interpol, The White Stripes, The Nive နှင့် The Vine အစရှိသော တီးဝိုင်းများသည် ၂၀၀၀ခုနှစ် အစောပိုင်းတွင် mainstream သို့ ထိုးဖောက်ဝင် ရောက်ခဲ့သည်ဟု ဆိုသည်။ တီးဝိုင်းအချို့သည် ၂၀၁၀တွင် record နှင့် tour များပြုလုပ်ခဲ့သော်လည်း ဆယ်စုနှစ်အကုန်တွင် တီးဝိုင်းအများစု ပြိုကွဲခဲ့သည်။

အဓိပ္ပာယ်နှင့် စရိုက်လက္ခဏာများ[ပြင်ဆင်ရန်]

၂၀၀၀ခုနှစ် အစောပိုင်းတွင် တီးဝိုင်း၏အသစ်များသည် stripped down ပုံစံများတီးခတ်ကြပြီး mainstream တွင် ပေါ်ထွက်လာသည်။ သူတို့သည် garage rock, new wave (သို့) post-punk revival ဟူ၍ ကွဲပြားကြသည်။ blues မှ လွှမ်းမိုးလာခဲ့သော်လည်း new wave မှ grunge ပြောင်းလဲလာကြသည်။ distorted guitar sound များ လူကြိုက်များလာခဲ့သည်။ သူတို့သည် လှုပ်ရှားတက်ကြွသော ဖျော်ဖြေမှုများနှင့် ပရိသတ်ကို နီးစပ်စေခဲ့သည်။ nu metal, hip hop နှင့် post-britpop အုပ်စုဟူ၍ MTV များတင်ဆက်လာသည်။ ကမ္ဘာတစ်ဝန်းမှ တီးဝိုင်းများပေါ်ထွက်လာခဲ့ပြီး အမျိုးများစွာလွှမ်းမိုးကိုးကားလာကြပြီး ဝတ်ဆင်ပုံများ ကွဲပြားလာကြသည်။

သမိုင်းကြောင်း[ပြင်ဆင်ရန်]

၁၉၈၀နှင့် ၁၉၉၀နှင့် ၂၀၀၀နှစ်များ ကွဲပြားသောနိုင်ငံများစွာတွင် alternative နှင့် indie ဂီတအဖြစ်အပျက်မှ အပိုင်းအနေဖြင့် revive garage rock နှင့် punk ၏ အစိတ်အပိုင်းအများဖြင့် ကြိုးစားလာကြသည်။ The Detroit rock ဖြစ်ရပ်တွင် the Von Bondies, Electric Six, the Dirthombs နှင့် the Detroit Cobras တီးဝိုင်းများပါဝင်ပြီး New York တွင် Radio 4, Liars, Yeah Yeah Yeahs နှင့် the Rapture တီးဝိုင်းတို့လည်း ပါဝင်သည်။ United Kingdom Billy Childish နှင့် The Buff Medways, Sweden မှ the(international) Noise Conspiracy နှင့် Japan မှ The 5.6.7.8 တို့လည်း ပါဝင်ခဲ့ပြီး underground တွင် အောင်မြင်ခဲ့သည်။ new wave သည် စီးပွားရေးအရ punk လွှမ်းမိုးအောင်မြင်အောင် ကြီးစားခဲ့သည့် တီးဝိုင်းများကြောင့် punk rock၏ နောက်ဆက်တွဲဟူလည်း ယူဆနိုင်သည်။ အဓိက ဖျော်ဖြေတင်ဆက်မှုတွင် Talking Heads, Devo, The Cars, The Go-Gos, The Pretends Elvis Costelloနှင့် Blondie နှင့် the Knack တို့ပါဝင်ခဲ့သည်။ post-punk ကို punk အုပ်စုများတီထွင်ခဲ့သည်။ Allmusic မဂ္ဂဇင်းတွင် post-punk ၏သမိုင်းကြောင်းသည် ၁၉၈၀ အလယ်မှ ဆက်လက်တည်ရှိနေခဲ့ပြီး Big Flame, World Domination Enterprises နှင့် Minimal Compact တီးဝိုင်းများသည် အမျိုးအစားကို တိုးချဲ့ခဲ့သည်။ ၁၉၉၀အလယ်သတိပြုဖွယ်ကောင်းသော တီးဝိုင်းများမှာ Six Finger Satellite, Brainix နှင့် Elastica တို့ပါဝင်သည်။ ရာစုသစ်တွင် post-punk နောက်တစ်ကြိမ်ပြန်လည် ဖော်ပြခြင်းခံရသည်။ ဝေဖန်သူတော်တော်များများသည် original post-punk တီးဝိုင်းသစ်များ မျှဝေခဲ့သည်။ ဂီတဝေဖန်ရေးသမား Dimon Reynolds က post-punk လွှမ်းမိုးခဲ့သည့် The Rapture နှင့် Feranz Ferdinand တီးဝိုင်းတို့သည် သတိပြုကောင်းလှသည်။ အထူးသဖြင့် Wire နှင့် Gang of Four တီးဝိုင်းတို့လည်း ပါဝင်သည်။ အခြားထပ်တူကျလှုပ်ရှားမှုမှာ Wave of garage rock revivalism ဖြစ်ပြီး ၂၀၀၃တွင် NME မဂ္ဂဇင်းက new garage rock revolution သို့ new rock revolution ဟု ဖော်ပြခဲ့သည်။ ဂီတဝေဖန်ရေးသမား Jim DeRogatix က the Stokes, the White Stripes နှင့် the Hives တို့သည် Nuggests –era garage rock ကို အရင်းခံထားသည်ဟု ဆိုသည်။ တီးဝိုင်းလေးခုကြောင့် စီးပွားရေးအရဖြတ်ကျော် New York မှ the Strokes ၎င်း၏ album “Is This It (၂၀၀၁), Detroit မှ White Stripes ငုင်း abum “White Blood Cells (၂၀၀၁) Sweden မှ the Hives ၎င်း album “You New Favourite Band (၂၀၀၁), Australia the Vines သူတို့၏ album (Highly Evolved (၂၀၀၂) the Strokes နှင့် White Stripes သည် UK တွင် UK တွင် စီးပွားရေးအောင်မြင်မှုရရှိခဲ့သည်။ Rolling Stone magazine သည် ၂၀၀၂ စက်တင်ဘာတွင် “Rock is Back” ဟူ၍ကြေညာခဲ့သည်။ နိုင်ငံတကာ အသိအမှတ်ပြုခံရသည့် တီးဝိုင်းများမှာ Black Rebel Motorcycle Club, The Killers, Kings of Leon, The Catheters, Mooney Suzukiနှင့် the Go တို့ဖြစ်ပြီး UKမှ Franz Ferdinand, Bloc Party, Maximo Park, Editors, The Libertines, The Fratellis, Razorlightနှင့် Kaiser Chiefs တို့လည်းပါဝင်သည်။ Arctic Monkeys သည် သူတို့၏ အရေးပါသော ဖျော်ဖြေမှုကြောင့် internet social networking မှတစ်ဆင့် စီးပွားရေးအရ အောင်မြင်မှုရရှိခဲ့သည်။ သူတို့၏ “Whatever People Say I Am, That’s What I’m Not” album သည် British Chart တွင် အရောင်းရဆုံး album ဖြစ်လာခဲ့သည်။

ကျဆင်းမှု[ပြင်ဆင်ရန်]

၂၀၀၇ ခုနှစ်တွင် လှုပ်ရှားမှုသည် ကျဆင်းလာခဲ့သည်။ indie rock တီးဝိုင်း Arcade Fire နှင့် Death Cab for Cutie တို့ကြောင့် ဂီတပို၍ ရှုပ်ထွေးလာခဲ့သည်။ ဆယ်စုနှစ် အကုန်တွင် လှုပ်ရှားမှုတွင် ပါဝင်သော တီးဝိုင်းများပြိုကွဲကုန်သည်။ Chart များတွင်လည်း ထိတွေ့မှု နည်းပါးလာခဲ့သည်။ Arctic Monkeys နှင့် the Stroke အပါအဝင်တီးဝိုင်းများသည် ၂၀၁၂ တွင် Recording နှင့် tour များပြုလုပ်လာခဲ့သည်။