PlayerUnknown's Battlegrounds

ဝီကီပီးဒီးယား မှ
မြန်မာဘာသာဖြင့် သင့်လျော်သော အမည်မရှိသေးသောကြောင့် ဤဆောင်းပါးခေါင်းစဉ်ကို အခြားဘာသာစကား / စာဖြင့် ရေးသားထားခြင်း ဖြစ်သည်။
PlayerUnknown's Battlegrounds
ဖန်တီးသူ PUBG Studios
ထုတ်ဝေသူ
ဒါရိုက်တာ
  • Brendan Greene
  • Tae-seok Jang
ပရိုဂျူဆာ Chang-han Kim
ဒီဇိုင်းနာ Brendan Greene
ဂိမ်းအနုပညာရှင် Tae-seok Jang
တေးရေး Tom Salta
ဂိမ်းအင်ဂျင် Unreal Engine 4
ပလက်ဖောင်း
ဖြန့်ချီသည့်နေ့စွဲ
ဂိမ်းအမျိုးအစား Battle royale
Mode(s) Multiplayer

PlayerUnknown's Battlegrounds (PUBG) သည် အင်တာနက်ပေါ်တွင် ဆော့ကစားနိုင်သည့် ဂိမ်းအမျိုးအစားဖြစ်ပြီး ကိုရီးယား ဗီဒီယိုဂိမ်းကုမ္ပဏီတစ်ခုဖြစ်သော Krafton ၏ ကုမ္မ္ပဏီခွဲ PUBG Studios မှစတင်ရေးဆွဲဖြန့်ချိခဲ့သော ဂိမ်းအမျိုးအစားဖြစ်သည်။ စစ်မြေပြင်တွင် ကမ္ဘာအရပ်ရပ်ရှိ ဂိမ်းကစားသူများနှင့်အတူ ကစားနိုင်သော ဂိမ်းတစ်မျိုးဖြစ်သည်။ ထိုဂိမ်းကို ၂၀၀၀ ခုနှစ်က ထွက်ရှိခဲ့သော ဂျပန်ရုပ်ရှင် Battle Royale ကို အခြေပြုကာ ရေးဆွဲခဲ့သည်။ ထိုဂိမ်းတွင် ကျွန်းတစ်ကျွန်းပေါ်သို့ ပါဝင်ကစားသူ အယောက် ၁၀၀ ကို လေယာဉ်ပျံဖြင့်ချပေးကာ နောက်ဆုံး ပွဲပြီးအချိန်ထိ အသက်ရှင်ကျန်နိုင်အောင်ဆော့ကစားရသော ဂိမ်းအမျိုးအစားတစ်ခုဖြစ်သည်။ တစ်ယောက်တည်းသော်လည်းကောင်း၊ အဖွဲ့လိုက် ၂ယောက်တွဲသော်လည်းကောင်း အများဆုံး ၄ယောက်တွဲသော်လည်းကောင်း တိုက်ခိုက်ကာ အနိုင်ယူရသော ဂိမ်းအမျိုးအစားတစ်ခု ဖြစ်သည်။ လက်နက်များကို လိုက်လံကောက်ယူပြီး မိမိမအဖွဲ့အနိုင်ရရှိအောင် အတူတူ ပူးပေါင်းဆောင်ရွက်ကာကစားရသော ဂိမ်းအမျိုးအစားတစ်ခုဖြစ်သည်။ PUBG ဟု အတိုကောက်ခေါ်ဝေါ်ကြသည်။ PUBG ကို မတ်လ ၂၀၁၇ တွင် Beta version (ဂိမ်းကိုစမ်းသပ်ဆဲ ယာယီဂိမ်း) အနေဖြင့် မိုက်ခရိုဆော့ဖ် ဝင်းဒိုးစ်အတွက် steam တွင် စတင်မိတ်ဆက်ခဲ့သည်။ Full version (အပြစ်အနာအဆာကင်းမဲ့ပြီး ဆော့နိုင်သောဂိမ်း)ကို ဒီဇင်ဘာ ၂၀၁၇ တွင် ဖြန့်ချိပေးခဲ့သည်။ ဒီဇင်ဘာ ၂၀၁၇ တွင် Xbox အတွက်လည်း beta version ကိုထုတ်ပေးခဲ့ပြီး Official version ကို စက်တင်ဘာ ၂၀၁၈ တွင်ထုတ်လုပ်ပေးခဲ့သည်။ ထိုနှစ် စက်တင်ဘာတွင် ယင်းဂိမ်း၏ အခမဲ့ကစားနိုင်သော mobile version ကို android နှင့် iOS အတွက်ပါ ထုတ်လုပ်ပေးခဲ့သည်။

ဂိမ်း၏ idea ကို စတင် စဉ်းစားခဲ့သူမှာ Brendan Greene ဖြစ်သည်။ ယခုလက်ရှိတွင် PUBG ကို ကွန်ပျူတာ၊ မိုဘိုင်းဖုန်း၊ Xbox နှင့် playstation 4 တို့တွင် ဆော့ကစားနိုင်သည်။

PUBG Lite[ပြင်ဆင်ရန်]

စွမ်းဆောင်ရည်နိမ့်သော ကွန်ပျူတာများတွင်ပါ ဆော့ကစားနိုင်ရန် ရည်ရွယ်ပြီး PUBG Lite ကို ထုတ်လုပ်ပေးခဲ့သည်။ ထိုင်းနိုင်ငံတွင် စတင်ပြီး စမ်းသပ်ထုတ်လုပ်ခဲ့တဲ့ PUBG Lite ကို ယခု မြန်မာနိုင်ငံအပါအဝင် နိုင်ငံတော်တော်များများတွင် ကစားနိုင်နေပြီဖြစ်သည်။