Neotraditional country

ဝီကီပီးဒီးယား မှ
မြန်မာဘာသာဖြင့် သင့်လျော်သော အမည်မရှိသေးသောကြောင့် ဤဆောင်းပါးခေါင်းစဉ်ကို အခြားဘာသာစကား / စာဖြင့် ရေးသားထားခြင်း ဖြစ်သည်။

Neotraditional country ကို "new traditional" country ဟုလည်းသိကြပြီး country ဂီတပုံစံတစ်မျိုးဖြစ်သည်။ traditional country vocal ပုံစံကို အသားပေးထားသည်။ neotraditional country အနုပညာရှင်များသည် ၁၉၄၀၊ ၁၉၅၀၊ ၁၉၆၀ country ဂီတဖြစ်ရပ်မှ ဖက်ရှင်အတိုင်းဝတ်ဆင်ကြသည်။ တချို့ neotraditional အနုပညာရှင်များသည် alternative country ရွေ့လျားမှုနှင့် ဆက်နွယ်နေသည်။

သမိုင်းကြောင်း[ပြင်ဆင်ရန်]

Neotraditional country သည် ၁၉၈၀အလယ်တွင် ကျော်ကြားလာခဲ့သည်။ "outlaw movement" ၊ "back-to-its-roots" လှုပ်ရှားမှုပြီးနောက် အရောင်ပြေမှိန်လာခဲ့သည်။ neotraditionalism သည် mainstream country ဂီတ၏သိမ်မွေ့ယဉ်ကျေးခြင်းကို နားလည်သဘောပေါက်သည့်အနေဖြင့် တုံ့ပြန်ခြင်းဖြစ်သည်။ new country ၏ ရှေ့ပြေးနိမိတ်လည်းဖြစ်သည်။ Ronnie Milsap နှင့် Anne Murray စသော pop အနုပညာရှင်များတို့၏ လွှမ်းမိုးမှုနှင့်အတူ Neotraditionalism မွေးဖွားလာခဲ့သည်။

၁၉၈၀အစောပိုင်းတွင် Ricky Skaggs သည် Bill Moroe နှင့် Ralph Stanley တို့ထံမှ အံဩဖွယ်ကောင်းသော အရာများကို ယူဆောင်ခဲ့သည်။ Skaggs ၏ပုံစံသည် country ၏ bluegrass ပေါ်တွင် ကြီးမားစွာရေးဆွဲထားသည်။

အခြား neotraditional country အနုပညာရှင် skagg ၏ သူငယ်ချင်းတီးဝိုင်းအဖွဲ့သားဟောင်း Keith Whitley သည် countrypolitan တေးသီချင်းများတွင် အာရုံစိုက်ထားသည်။ သူ၏ Don’t Close Your Eyes ၏ အောင်မြင်မှုပြီးနောက် အရက်အလွန်အကျွံသောက်သုံးမှုကြောင့် ၃၄နှစ်တွင် ကွယ်လွန်သွားခဲ့သည်။ သူသေဆုံးသွားသော်လည်း Whitley ၏သီချင်းများသည် country အနုပညာရှင်များကြားထဲတွင် လွမ်းမိုးမှုကျန်ရှိသည်။ ထိုအချိန်အတွင်းတွင် Emmyla၊ Harris, John Anderson နှင့် Gail Davies ကဲ့သို့ Ray Price, Webb Pierce, Carl Smith, The Louvin Brothers နှင့် Johnny & Jack တို့၏သီချင်းများ ရိုက်ခတ်ခဲ့သည်။ နောက်ပိုင်းတွင် Randy Travis, Geogrge Strait, Patty Loveless နှင့် The Judds တို့သည် classic country material များကို အသုံးပြုခဲ့သည်။ အဆိုပညာသည် country ဂီတထဲသို့ ရိုးရာဓလေ့ပုံစံကို ယူဆောင်လာခဲ့သည်။

Neotraditionalism သည် အတော်အသင့် ကျယ်ဝန်းလာပြီး ၁၉၉၁တွင် အသားပေးလာကြသည်။ mainstream သို့ counry ဂီတ၏ပုံစံသစ်တစ်မျိုးဖြင့် ကျော်ကြားလာခဲ့ပြီး Garth Brook ကကြီးမားစွာ ဦးဆောင်လာခဲ့သည်။ အပြောင်းအလဲဖြစ်သော်လည်း ဖျော်ဖြေတင်ဆက်မှုများသည် ၁၉၈၀တိုင်အောင် ကျော်ကြားလာခဲ့သည်။ Alan Jackson သည် neotraditional သီချင်းနှင့် mainstream တွင် pop-oriented နှင့်ပြိုင်ဘက်ဖြစ်လာခဲ့သည်။ Strait နှင့် Jackson တို့ ၂၀၀၀အစောပိုင်းတွင် ကျော်ကြားလာခဲ့သည်။ Murder on Music Row သီချင်းသည် neotraditionalists နှင့် pop-country ဂီတသမားများကြားထဲတွင် အက်ကြောင်းများဖြစ်လာခဲ့သည်။ Nashville တည်ဆောက်မှုတွင် စာသားများတွင် အထစ်ထစ်ဖြစ်စေခဲ့သည်။

Country pop နှင့် country rock တို့နှင့်အတူ neotraditional country သည် country ဂီတထဲမှ သွေးကြောတစ်ခုအဖြစ်ကျန်ရစ်ပြီး ၂၀၁၀ အလယ်တိုင်အောင် mainstream တွင် ကျော်ကြားမှုကို ထိန်းသိမ်းနိုင်ခဲ့သည်။