Neo-psychedelia

ဝီကီပီးဒီးယား မှ
Jump to navigation Jump to search
This article is titled in another language/script, because there is no suitable name in Myanmar language yet.

Neo - Psychdeia သည် ၁၉၆၀၏ psychedelia ဂီတမှ လွှမ်းမိုးအတုယူထားသည့် ဂီတဖြစ်သည်။ ဤဂီတသည် ၁၉၇၀နောက်ပိုင်းနှင့် ၁၉၈၀အစောပိုင်းတွင် British post-punk တီးဝိုင်းကြားထဲတွင် စတင်၍အသုံးပြုလာကြသည်။ Paisley Undergroundနှင့် madchesterဖြစ်ရပ်တွင် ပါဝင်ခဲ့သော တီးဝိုင်းများဖြင့်စတင်ခဲ့သည်။ ထောင်စုနှစ်ထဲတွင် mainstream အနုပညာရှင်နှင့် တီးဝိုင်းများ အခါအားလျော် စိတ်ဝင်စားခဲ့ကြသည်။

ဝိသေလက္ခဏာများ[ပြင်ဆင်ရန်]

Neo-Psychedelicသည် ၁၉၆၀ ခုနှစ်များ psychedelicဂီတမှ အစိတ်အပိုင်းမျိုးစုံများ ယူသုံးထားသည်။ psychedelic popတီးဝိုင်းများဖြစ်သော The Beatlesနှင့် Pink Floydတို့ကို အတုယူထားသည်။အခြားjangly guitar၏ folk rockတီးဝိုင်းများဖြစ်သော Byrdsနှင့် distorted free form jams တီးဝိုင်းနှင့် Sonic စမ်းသပ်လေ့လာချက်အဖြစ် ၁၉၆၀၏ acid rock ပုံစံများကို မွှေးစားထားသည်။neo-psychedeliaသည် ဆေးဝါးများအသုံးပြုခြင်းအပေါ် အာရုံစိုက်ထားသည်။

သမိုင်းကြောင်း (၁၉၇၀ - ၈၀)[ပြင်ဆင်ရန်]

psychedelia rock သည် ၁၉၆၀အဆုံးတွင် ကျဆင်းလာသကဲ့သို့ တီးဝိုင်းများသည်လည်း ဂီတပုံစံသစ်သို့ပြိုကွဲခဲ့သည်။ heavy metal ဂီတနှင့် progressive rock တို့ပါဝင်ခဲ့သည်။ ၁၉၈၀နှင့် ၁၉၉၀တွင် အခါအားလျော်စွာ mainstreamဖျော်ဖြေတင်ဆက်မှုများဖြစ်လာခဲ့ပြီး neo-psychediaသို့ လှုပ်ခတ်လာခဲ့သည်။ ၁၉၈၀အလယ်မှ အမေရိကန် singer-song writer ၏လုပ်ရပ်လည်းပါဝင်ခဲ့သည်။၁၉၉၀မှ Lenny Kravitz၏ လုပ်ရပ်များလည်း ပါဝင်ခဲ့သည်။ ဤဂီတသည် alternativeနှင့် indie-rockတီးဝိုင်းများအပေါ် လွှမ်းမိုးခဲ့သည်။ The Cure(English rock band)The Teardrop Explodes(English poat-punk/ neo-psychedelic ), Echo & the Bunymen(English rock တီးဝိုင်း), The Soft Boys(rock တီးဝိုင်း ), The Glove(1983 musical collaoboration and recording project), နှင့်Siouxsie and the Banshee(English rock band)တို့သည်လည်း full-on modern psychedeliaတွင် ပါဝင်ခဲ့သည်။

လန်ဒန်နှင့် ဟော်လန်တွင်The legendary Pink Dotsတွင် popနှင့် exotic psychedelicတို့လွှမ်းမိုးလာခဲ့သည်။ အမေရိကန် ပြည်ထောင်စုတွင် ၁၉၈၀အစောပိုင်းတွင် ထိုတီးဝိုင်းများမှာ Paisley Undergroundလှုပ်ရှားမှုထဲတွင် ဆက်သွယ်ခဲ့ပြီးLos Angelesမှ The Dream Syndicate, The Banglesနှင့် Rain Paradeတို့၏ ဖျော်ဖြေတင်ဆက်မှုကဲ့သို့ ဖြစ်သည်။ US အရှေ့ဘက် ကမ်းခြေမှ new wave ၁၉၈၀၏တီးဝိုင်းများဖြစ်သော Bostonမှ Lyres, The Fuzztones, The Chesterfield kingsနှင့် New Yorkမှ Viperတို့ပါဝင်သည်။ New Wave တီးဝိုင်းXTC သည် ၁၉၈၅တွင် pseudonym The Dukes of stratosphear ၏ အောက်တွင် recordနှစ်ခု ထုတ်ဝေခဲ့သည်။ ၁၉၈၇ full-length albumလည်းပါဝင်သည်။Teardrop Explodeပြိုကွဲ ပြီးနောက် Julian Copeသည် သူ၏သက်မွေးလုပ်ငန်းတွင် esoteric psychedelic လမ်းကြောင်းကို ရှေ့ဆက်ခဲ့သည်။ house music, northern soulနှင့် funkတို့လွှမ်းမိုးခဲ့ပြီး အတိတ်မှ neo-psychedeliaလျော့နည်းလာခဲ့သည်။ Scallydelia ဟုမှည့်ခေါ်ခဲ့ပြီး ၁၉၈၀နောက်ပိုင်း Madchesterဖြစ်ရပ်မှ alternative rock တီးဝိုင်းများကြားထဲတွင် ဖွံဖြိုးခဲ့သည်။ The Stone Roses, Inspiral Carpetsနှင့် The Farm တို့ပါဝင်ခဲ့သည်။အခြားalternative rockဖျော်ဖြေတင်ဆက်မှုတွင် Bevis Frond, Spacemen3တို့ပါဝင်ခဲ့ပြီး ကွဲပြားသော ဖျော်ဖြေတင်ဆက်မှုဖြစ်သော Mercury Revနှင့် The flaming Lipsတို့ ပါဝင်ခဲ့သည်။ ၁၉၈၀နောက်ပိုင်းတွင် Shoegazing ပေါက်ဖွားလာခဲ့ပြီး ၁၉၆၀s psychedeliaမှ ပေါက်ဖွားလာခြင်းဖြစ်သည်။ loud walls of soundနှင့်အတူ ပုဂ္ဂုလိက ကိရိယာနှင့် Vocalများမကြာခဏဝေခွဲမရပါဘူး။ သူတို့သည် noise popနှင့် dream popတီးဝိုင်းများကဲ့သို့ My bloody Valentine နောက်သို့လိုက်ခဲ့သည်။ အစောပိုင်း shoegaze ဖျော်ဖြေတင်ဆက်မှုဟုယူဆရပါသည်။ The Jesusနှင့် Mary Chainနှင့် Cocteau Twins တို့လည်းပါဝင်သည်။ အဓိကဖျော်ဖြေတင်ဆက်မှုတွင် Ride, Lush, Chapterhouseနှင့် The Boo Radleys တို့သည် UKတွင် အလေးထားရသည့် ဖျောဖြေတင်ဆက်မှုဖြစ်သော်လည်း USသို့ကျော်ဖြတ်ရန် မလွယ်ကူနိုင်ခဲ့ချေ။

၁၉၉၀[ပြင်ဆင်ရန်]

၁၉၉၀တွင် Elephand 6မှစုဝေးထားသော ဖျော်ဖြေတင်ဆက်မှုတွင် The Apples in Stereo, The Olivia Tremor Control, Neutral Milk Hotel, Elf Powerနှင့် Montreal တို့ပါဝင်ပြီး eclectic psychedelia rockနှင့် folkတို့ပါဝင်သည်။ အခြား alternative ဖျော်ဖြေတင်ဆက်မှုများသည် ၁၉၉၀မှ psychedia ကို အမီလိုက်ခဲ့ပြီး The Brian Jonestown Massacre, Porno for Pyros, Super Furry Animalsနှင့် Dandy Warholsတို့ပါဝင်သည်။ အစောပိုင်း၁၉၉၀s တွင် stoner rockပေါ်ထွက်လာခဲ့သည်။ psychedelia rock, blues-rockနှင့် doom metalတို့၏ အစိတ်အပိုင်းများနှင့် ပေါင်းစပ်ထားသည်။ ထုံးစံအတိုင်း slow to mid tempoကို အသုံးပြုထားခြင်းနှင့် bass-heavy sound ထဲတွင် low-tuned guitarများဖြင့် ထူးခြားသည်။ melodic vocal နှင့်အတူ retro productionနှင့် ထုတ်လုပ်ခဲ့သည်။ ကယ်လီဖိုးနီးယားတီးဝိုင်းဖြစ်သည့် Kyussနှင့် Sleepတို့နှင့် တီထွင်ခဲ့ခြင်းဖြစ်သည်။ UKတွင် Madchesterဖြစ်ရပ်သည် ၁၉၉၀အစောပိုင်း Britpopတီးဝိုင်းဖြစ်သည့် Blurအပေါ် လွှမ်းမိုးခဲ့သည်။ The Verve တီးဝိုင်းသည်လည်း ၁၉၆၀တွင် psychedeliaနှင့် shoegazing တို့ပါဝင်ခဲ့သည်။Oasisတီးဝိုင်းသည်လည်း ၁၉၆၀psychedelic pop and rock ရေးဆွဲခဲ့သည်။ အထူးသဖြင့် album Standing on the Shoulder of Giant (2000)ဖြစ်သည်။ ချက်ချင်းဆိုသလို post-britpop ခေတ်က Kula Shakerက ၁၉၆၀နောက်ပိုင်း guitar- heavy sound psychedeliaနှင့် ပေါင်းစပ်ထားသည်။ ထောင်စုနှစ်သစ်တွင် neo-psychedeliaသည် တီးဝိုင်းများဖြင့် ရှေ့ဆက်ပြီး၆၀s၏ soundများကို အတုယူခဲ့သည်။ Tame Impala, Pond, Crystal Antlers နှင့် The Essex Green အစရှိသကဲ့သို့ဖြစ်သည်။ Animal Collective (experimental music band)သည် experimental ကို ၁၉၆၀နှင့် မျက်မှောက် အမျိုးအစားများနှင့်ပေါင်းစပ်ခဲ့သည်။