NASA X-43
![]() | ဤဆောင်းပါးသည် သဒ္ဒါ၊ သတ်ပုံ၊ ရေးဟန် စသည်တို့အတွက် ဝီကီစံညွှန်းနှင့်အညီ အရေးအသား တည်းဖြတ်ပေးရန် လိုအပ်နေသည်။ |
နာဆာရဲ့ အောင်မြင်မူ

NASA X-43 ဟာ နာဆာမှ ထုတ်လုပ်ထားတဲ့ မောင်းသူမဲ့လေယာဉ်ဖြစ်ပြီး ကမ္ဘာ့အမြန်ဆုံး လေယာဉ်အဖြစ်ယနေ့ချိန်ထိ စံချိန်တင်ထားပါတယ်။
တစ်နာရီကို မိုင် ၇၀၀၀ အထိ အမြန်ဆုံးမောင်းနိုင်ပါတယ်။[၁] သုတေသနပြုလုပ်ရန်ရည်ရွယ်ချက်နဲ့ ထုတ်လုပ်ထားပြီး သုံးစီးထုတ်လုပ်နိုင်ခဲ့တယ်စိုပေမယ့် တစ်စီးကပျက်စီးသွားပါပြီ။ တစ်စီးချင်းစီရဲ့ ပျမ်းမျှတန်ဖိုးက အမေရိကန်ဒေါ်လာ သန်း ၂၃၀ ကျော် ရှိပါတယ်။ သူ့မှာပါဝင်တဲ့ အင်ဂျင်နဲ့ အစိတ်အပိုင်းများကိုတော့ အခြားကုမ္ပဏီတစ်ခုကနေ ဝယ်ယူ တပ်ဆင်ထားခြင်း ဖြစ်ပါတယ်။ ရည်ရွယ်ချက်ကတော့ နာဆာအနေနဲ့ အာကာသဆိုင်ရာ လုပ်ငန်းများမှာ အသုံးပြုစေဖို့ ဖြစ်ပါတယ်။ တစ်နာရီ မိုင် ၇၀၀၀ ပြေးတဲ့ လေယာဉ်ကို ပင်လယ်သမုဒ္ဒရာအထက် လေပြင်မှာပဲ စမ်းသပ်ပါတယ်။
Scramjet အင်ဂျင် အမျိုးအစားကို အသုံးပြုထားတာကြောင့် Scramjet လေယာဉ်လို့လည်း ခေါ်ပါတယ်။ Scramjet ဟာ အင်ဂျင်တွင်း ဆီလောင်ကျွမ်းပေါက်ကွဲမှုအားကို Supersonic Air Flow မှာ ဖြစ်စေတာကြောင့် သာမန်လေယာဉ်အင်ဂျင်များနဲ့မတူပဲ မြန်ဆန်ခြင်းဖြစ်ပါတယ်။၂၀၀၄ ခုနှစ် နိုဝင်ဘာလက အမြန်ဆုံး X-43 ကို ထုတ်လုပ်နိုင်ခဲ့ပြီး အခြားသော X စီးရီး လေယာဉ်များလည်း ရှိနေပါသေးတယ်။ ဟိုင်ပါဆောနစ် ပရောဂျက်ဖြစ်ပြီး ရည်ရွယ်ချက်က အသံထက်မြန်တဲ့ လေယာဉ်ကို ထုတ်လုပ်ဖို့ ဖြစ်ပါတယ်။
ကိုးကား
[ပြင်ဆင်ရန်]- ↑ Thompson, Elvia, Keith Henry and Leslie Williams. "Faster Than a Speeding Bullet: Guinness Recognizes NASA Scramjet." 30 July 2021 ၌ မော်ကွန်းပြန်ကြည့်စက်တွင် မော်ကွန်းတင်ပြီး . NASA. Retrieved: August 1, 2011.