မာတိကာသို့ ခုန်သွားရန်

အန် (အက္ခရာ)

ဝီကီပီးဒီးယား မှ
(N မှ ပြန်ညွှန်းထားသည်)
N
N
အခြေခံ လက်တင်အက္ခရာ
AaBbCcDd  
EeFfGgHh
IiJjKkLlMmNn
OoPpQqRrSsTt
UuVvWwXxYyZz

N(/ˈɛn/; named en) သည် အခြေခံ လက်တင်အက္ခရာတွင် ၁၄ ခုမြောက်သော အက္ခရာတစ်ခုဖြစ်သည်။[]

ပုံစံများ၏ သမိုင်းကြောင်း

[ပြင်ဆင်ရန်]

အင်္ဂလိပ်အသံထွက် J ကဲ့သို့သော အသံတစ်ခုအတွက် ရပ်တည်ရန် အီဂျစ်စာလုံးတွင် မြွေကို djet ဟုအသံထွက်သည့် အီဂျစ် အရုပ်စာသင်္ကေတသည် မြွေပုံသဏ္ဌာန်အား အသုံးပြုခဲ့ကြသည်။ အီဂျစ်တွင် အလုပ်လုပ်သော စီမီတစ်လူမျိုးများသည် ၎င်းတို့၏ ပထမဆုံးသော အက္ခရာကို တီထွင်ခဲ့ရာတွင် ၎င်းအရုပ်စာသင်္ကေတကို အတုယူပြီး N ကိုဖော်ပြရာတွင် ထို မြွေပုံတူကိုပင် ကိုယ်စားပြုအသုံးပြုခဲ့ကြပြီး အသံထွက်မှာလည်း ထိုအသံပင် ဖြစ်လာခဲ့သည်ဟုလည်း ပညာရှင်အချို့က ယူဆကြသည်။ မည်သို့ပင်ဖြစ်စေ ဖိုနီးရှန်း၊ ဟီဘရူး၊ အာရမ်မစ်နှင့် အာရေဗျ စာများ၏ အက္ခရာများအမည်မှာ /nun/ ဖြစ်ပြီး အဓိပ္ပာယ်မှာ "ငါး"ဖြစ်သည်ကို ထိုဘာသာအချို့တွင် တွေ့ရသည်။ ဂရိ၊ ဩရိုစကမ်၊ လက်တင်နှင့် ခေတ်သစ်ဘာသာစကားများတွင် အက္ခရာ၏ အသံတန်ဖိုးမှာ /n/အဖြစ် ရှိသည်။

အီဂျစ်အရုပ်စာသင်္ကေတ
J
Proto-Semitic
N
Phoenician
N
ဂရိ
Nu
ဩပ်ရုစကမ်
N
D

လက်တင်အက္ခရာအသုံးပြုသော ဘာသာစကားအားလုံးနီးပါတွင် နာသိက သွားရင်ဗျည်း သို့ သွားရင်းဗျည်းသံ ဖြစ်သည်။ N နှင့် အသုံးများဆုံးသော တစ်သံထွက်အောင်တွဲထားသော အက္ခရာ(DIGRAPH)မှာ < ng >ဖြစ်သည်။ ၎င်းသည် နာသိကသွားရင်ဗျည်းအဖြစ် အမျိုးမျိုးသောဘာသာစကားများတွင် ကိုယ်စားပြုခြင်းခံရပြီး အင်္ဂလိပ်ဘာသာတွင် နောက်ဆုံးစာလုံးအဖြစ်ထားရှိခဲ့သည်ကိုတွေ့ရသည်။

အာခင်ဗျည်းအဖြစ် အသုံးပြုသည်ကို အီတာလျံနှင့် ပြင်သစ်ဘာသာများတွင် တွေ့ရသည်။ ပေါ်တူဂီဘာသာစာလုံးပေါင်းတွင် ၎င်းအသံသည် <nh>(အချို့ စပိန်ဘာသာနှင့် အခြားဘာသာစကားအချို့တွင် အထူးအက္ခရာပုံစံ (Ñ)အဖြစ်သုံးသည်ကို တွေ့ရသည်)ဖြစ်သည်။ m သည် n အရှေ့ကျလျှင် n သံပျောက်ပြီး hymn ကဲ့သို့သော အသံထွက်သည်ကို အင်္ဂလိပ်ဘာသာတွင် တွေ့ရသည်။(damnation ကဲ့သို့သော စာလုံးပေါင်းများတွင် အသံထွက်သည်ကို တွေ့ရသည်။) နိုင်ငံတကာ ဖိုနီးတစ်အက္ခရာတွင် အက္ခရာသေး [n] သည် နာသိကသွားရင်းဗျည်းအသံကိုယ်စားပြုသည်။ သေးငယ်သော အက္ခရာကြီး[ɴ] သည် နာသိက လျှာခင်ဗျည်းသံကိုယ်စားပြုသည်။ အင်္ဂလိပ်ဘာသာတွင် N သည် ၆ ခုမြောက် အသုံးများဆုံးသော အက္ခရာတစ်ခုဖြစ်ပြီး ဒုတိယအများဆုံးအသုံးပြုသော ဗျည်းအက္ခရာသံ တစ်ခုဖြစ်သည်။

သင်္ချာ

[ပြင်ဆင်ရန်]

သင်္ချာဘာသာတွင် အက္ခရာစောင်းပုံ n သည် ကိန်းရှင်ပမာဏကိုပြသော သင်္ကေတအဖြစ် အသုံးပြုပြီး အထူးသဖြင့် ကိန်းပြည်(integer) ကို ကိုယ်စားပြုသည့် အက္ခရာတစ်ခုဖြစ်သည်။

သည် သဘာဝကိန်းများ၏ အစုကို ရည်ညွှန်းရာတွင် မကြာဏ အသုံးပြုကြသည်။

တွက်ချက်ခြင်းအတွက် ကုဒ်များ

[ပြင်ဆင်ရန်]
NATO ဖိုနက်တစ် မော့စ် သင်္ကေတ
November
အသံဖိုင် "အန် (အက္ခရာ) morse code.ogg" ကို မတွေ့ရှိပါ

ဖိုင်:Sign language .svg ⠝
ရေကြောင်းသုံးသင်္ကေတအလံ အလံနှစ်ခုသုံး အချက်ပြသင်္ကေတ ဆွံ့အနားမကြားလက်သင်္ကေတ (AMA သို့မဟုတ် ASL) Braille dots-1345
မျက်မမြင်သင်္ကေတ (UEB)

ယူနီကုဒ်အမှတ် U+004E သည် အက္ခရာကြီး N ကို ကိုယ်စားပြုပြီး U+006Eသည် အက္ခရာသေး n အတွက် ကုဒ်အမှတ်ဖြစ်သည်။ ASCII ကုဒ်များတွင် N အကြီးအတွက်မှာ ၇၈ ဖြစ်ပြီး n အသေးအတွက်မှာ ၁၁၀ဖြစ်သည်။ သို့မဟုတ် ဘိုင်နရီ 01001110 နှင့် 01101110 တို့အဖြစ် အသီးသီရှိကြသည်။ EBCDIC ကုဒ်အမှတ်တွင် ၂၁၃ မှာ အက္ခရာအကြီးအတွက် ဖြစ်ပြီး ၁၄၉ မှာ အသေးအတွက်ဖြစ်သည်။ HTML နှင့် XML တို့အတွက် numeric character references များမှာ "N" နှင့် "n" တို့ဖြစ်ကြပြီး အကြီးနှင့် အသေးကို ကိုယ်စားပြုထားသည်။

ကိုးကား

[ပြင်ဆင်ရန်]
  1. "N" Oxford English Dictionary, 2nd edition (1989); Merriam-Webster's Third New International Dictionary of the English Language, Unabridged (1993); "en," op. cit.