မာတိကာသို့ ခုန်သွားရန်

Microsoft WebMatrix

ဝီကီပီးဒီးယား မှ
Microsoft WebMatrix
ဖိုင်:Microsoft WebMatrix icon.png
ဖိုင်:Microsoft WebMatrix screenshot.png
Microsoft WebMatrix 3.0
ဆော့ဖ်ဝဲလ်ရေးသူ(များ)Microsoft
နောက်ဆုံးထုတ်
3.0 (v7.1.1932.0) / ၁၂ အောက်တိုဘာ ၂၀၁၃; ၁၂ နှစ် အကြာက (၂၀၁၃-၁၀-12)
မွမ်းမံမှု အခြေနေDiscontinued[]
ကွန်ပျူတာ
စက်လည်ပတ်ရေး စနစ်
Windows 7 SP1 and later[]
ပလက်ဖောင်းIA-32; .NET Framework
ဆိုဒ်17.1 MB[]
ရရှိနိုင်သော ဘာသာစကားEnglish, Austrian, Belgian, Chinese, French, German, Hungarian, Japanese, Korean, Netherlands, Polish, Russian, Spanish, Turkish[]
ဆော့ဖ်ဝဲလ် အမျိုးအစားHTML editor and website builder
လိုင်စင်Freeware[]
ဝက်ဘ်ဆိုဒ်microsoft.com/web/webmatrix/

Microsoft WebMatrix သည် cloud-connected website builder နှင့် HTML editor တစ်ခု ဖြစ်သည်။ မိုက်ခရိုဆော့ဝင်းဒိုးအတွက် ထုတ်လုတ်ထားခြင်းဖြစ်ပြီး ယခုအချိန်တွင် ဆက်လက်လုပ်ဆောင်ခြင်း မရှိတော့ပေ။ Web development အတွက် အသုံးဝင်သည့် ဆော့ဝဲဖြစ်ပြီး ဝဘ်တီထွင်ဖန်တီးသူများကို ဝဘ်ဆိုက်များဖန်တီးရာတွင် built in templates များဖြင့် ရေးသားနိုင်အောင် အထောက်အပံ့ပေးထားသည်။ ၎င်းသည် ASP.NET, PHP, Node.js and HTML5 များကိုလည်း ထောက်ပံ့မှုအပြည့်အဝ ပေးထားသည်။ မိုက်ခရိုဆော့သည် ဝဘ်တီထွင်ဖန်တီးသူများကို coding, customization, publishing စသည်တို့ကို WebMatrix တွင် တစ်နေရာတည်း၌ လုပ်ဆောင်နိုင်အောင် ဆောင်ရွက်ထားသည်။

သမိုင်းကြောင်း

[ပြင်ဆင်ရန်]

WebMatrix သည် 2003 ခုနှစ်တွင် ထွက်ရှိခဲ့ပြီး နောက်ပိုင်းတွင် ဆက်လက်လုပ်ဆောင်တော့ခြင်း မရှိသည့် ASP.NET Web Matrix ကို ဆက်ခံဆင်းသက်လာသည့် ဆော့ဝဲဖြစ်သည်။

၂၀၁၁ ခုနှစ်တွင် WebMatrix ကို ထုတ်ဝေခဲ့သည်။ PHP နှင့် ASP.NET ဝဘ်စာမျက်နှာများကို ဖန်တီးရန် ထုတ်လုပ်ခဲ့ခြင်း ဖြစ်သည်။ ဤဆော့ဝဲတွင် ဝဘ်ဖန်တီးသူများကို ရိုးရှင်းပြီး သုံးရလွယ်ကူသည့် User interface ဖြင့် အထောက်အပံ့ပေးထားသည်။

၂၀၁၁ ခုနှစ်မှ ၂၀၁၂ ခုနှစ်အထိ WebMatrix 2 Beta နှင့် RC ကို ထုတ်ဝေခဲ့ပြီး Node.js ကိုလည်း အထောက်အပံ့ပေးထားသည်။ ထို့အပြင် website templates များကိုလည်း အထောက်အပံ့ပေးထားသည်။ ၂၀၁၂ ခုနှစ်၊ စက်တင်ဘာလတွင် WebMatrix 2 ကို တရားဝင်ထုတ်ဝေခဲ့သည်။ ၂၀၁၃ ခုနှစ်၊ မေလ ၁ ရက်နေ့တွင် WebMatrix 3 ကို ထုတ်ဝေခဲ့သည်။ WebMatrix 2 and WebMatrix 3 သည် ဝင်းဒိုး 7 နှင့် နောက်ပိုင်းထွက်သည့် ဝင်းဒိုးဗားရှင်းတွင်သာ အသုံးပြုနိုင်သည်။[]

၂၀၁၆ ခုနှစ်တွင် မိုက်ခရိုဆော့သည် WebMatrix ကို ရပ်တန့်ကြောင်း ကြေညာခဲ့ပြီး ၂၀၁၇ ခုနှစ်၊ နိုဝင်ဘာလ ၁ ရက်နေ့တွင် ပုံမှန်ပေးနေကျ အထောက်အပံ့များကို ရပ်တန့်ခဲ့သည်။ []

ကိုးကား

[ပြင်ဆင်ရန်]
  1. 1 2 WebMatrix product support ends on November 1st, 2017 Microsoft (28 October 2016)။
  2. 1 2 WebMatrix 3 Release Notes Microsoft /web Microsoft (6 March 2013)။ 15 March 2014 တွင် ပြန်စစ်ပြီး။
  3. 1 2 3 https://www.asp.net/web-pages/overview/exploring-webmatrix Web Matrix 3 Microsoft/web Microsoft 10 February 2016 တွင် ပြန်စစ်ပြီး။