Microsoft Paint

ဝီကီပီးဒီးယား မှ
မြန်မာဘာသာဖြင့် သင့်လျော်သော အမည်မရှိသေးသောကြောင့် ဤဆောင်းပါးခေါင်းစဉ်ကို အခြားဘာသာစကား / စာဖြင့် ရေးသားထားခြင်း ဖြစ်သည်။
Microsoft Paint
ဖိုင်:Paint Windows 7 icon.png
ဖိုင်:Microsoft Paint screenshot.png
Paint on Windows 10 Creators Update
ဆော့ဖ်ဝဲလ်ရေးသူ(များ)Microsoft
ဆော့ဖ်ဝဲလ် အမျိုးအစားRaster graphics editor
ဝက်ဘ်ဆိုဒ်https://www.microsoft.com/el-gr/windows/paint microsoft.com/windows/paint, https://www.microsoft.com/el-gr/windows/paint

Microsoft Paint (ယခင်က Paintbursh) သည် ရိုးရှင်းလွယ်ကူသည့် ရုပ်ပုံများကို တည်းဖြတ်သည့် ဆော့ဝဲတစ်ခု ဖြစ်သည်။ ဤဆော့ဝဲသည် မိုက်ခရိုဆော့ဝင်းဒိုး၏ ဗားရှင်းအားလုံးတွင် ပါဝင်သည်။ Windows bitmap (BMP),JPEG, GIF, PNG, and single-page TIFF စသည့် ဖောမတ်ရှိသည့် ဖိုင်များကို ဖွင့်ခြင်း၊ သိမ်းခြင်းများ ပြုလုပ်နိုင်သည်။ ဤပရိုဂရမ်သည် ကာလာအရောင် သို့မဟုတ် အဖြူအမည်း အရောင်နှစ်ခုဖြင့် လုပ်ဆောင်နိုင်သည်။ သို့သော် grayscale mode မပါဝင်သေးပေ။ ဤဆော့ဝဲသည် ယခင်ဝင်းဒိုးဗားရှင်းများတွင် အသုံးပြမှုများသည့် ဆော့ဝဲဖြစ်လာသည်။ ယခုအချိန်တိုင်အောင်ပင် ရုပ်ပုံများကို ရိုးရှင်းစွာတည်းဖြတ်ရန်အတွက် အသုံးပြုလျက် ရှိသေးသည်။

၂၀၁၇ ခုနှစ်၊ ဇူလိုင်လတွင် မိုက်ခရိုဆော့သည် Paint ကို ဝင်းဒိုးတွင် ထည့်သွင်းခဲ့သည်။ ထို Paint ဆော့ဝဲသည် မိုက်ဆရိုဆော့စတိုးတွင် အခမဲ့ရယူအသုံးပြုနိုင်သည်။ Paint သည် ဝင်းဒိုး ၁၀ တွင် ဆက်လက်ပါဝင်ခဲ့သည်။

သမိုင်းကြောင်း[ပြင်ဆင်ရန်]

၁၉၈၅ ခုနှစ်၊ နိုဝင်ဘာလတွင် Paint ၏ ပထမဆုံးဗားရှင်းကို ဝင်းဒိုး၏ ပထမဆုံးဗားရှင်း ဝင်းဒိုး ၁.၀ တွင် ထည့်သွင်းခဲ့သည်။ ၎င်းသည် Zsoft Corporation ၏ လိုင်စင်ဗားရှင်းဖြင့် ထုတ်ဝေခဲ့ခြင်း ဖြစ်သည်။ ဤဗားရှင်းသည် နောက်ပိုင်းတွင် ဝင်းဒိုး ၃.၀ တွင် ပါဝင်လာခဲ့ပြီး အသွင်အပြင်များ အသစ်ပြင်ဆင်ခြင်း၊ အရောင်ထောက်ပံ့မှု၊ BMP နှင့် PCX ဖိုင်ပုံစံများကို ထောက်ပံ့နိုင်ရန် အဆင့်မြှင့်တင်မှုများ ပြုလုပ်ခဲ့သည်။

မိုက်ခရိုဆော့သည် ဝင်းဒိုး 95 နှင့် ဝင်းဒိုး NT 4.0 တွင် အဆင့်မြှင့်တင်ထားသည့် ဗားရှင်းကို ထည့်သွင်းခဲ့ပြီး ၎င်းသည် သိမ်းဆည်းခြင်းနှင့် အလုပ်လုပ်ဆောင်ခြင်းများကို ကြိုက်နှစ်သက်ရာအရောင်ဖြင့် လုပ်ဆောင်နိုင်လာခဲ့သည်။ ဤလုပ်ဆောင်ချက်သည် 16-bits per pixel (bpp) သို့မဟုတ် ထိုနှင့်အထက်ရှိသည့် ရုပ်ပုံများတွင်သာ မှန်ကန်စွာလုပ်ဆောင်နိုင်သဖြင့် Paint ၏ နောက်ပိုင်းထွက်ရှိသည့် ဗားရှင်းများတွင် ဤလုပ်ဆောင်ချက်ကို ထောက်ပံ့မှုမပေးတော့ပေ။ Windows 98, Windows 2000 နှင့် Windows ME တို့တွင် Paint သည် ရုပ်ပုံများအား JPEG, GIF, PNG စသည့် ဖိုင်ပုံစံများဖြင့် သိမ်းဆည်းလာနိုင်သည်။ ဤထောက်ပံ့ပေးမှုသည်လညး် မိုက်ခရိုဆော့ Office နှင့် Microsoft PhotoDraw တို့တွင်လည်း ပါဝင်လာခဲ့သည်။

In Windows XP နှင့် နောက်ပိုင်းဝင်းဒိုးများတွင် Paint သည်GDI+ ကို အသုံးပြုထားသည်။ ထို့ကြောင့် ရုပ်ပုံများကို BMP , JPEG, GIF , TIFF and PNG စသည့်ဖိုင်ပုံစံများဖြင့် သိမ်းဆည်းနိုင်သည်။ ထိုသို့ သိမ်းဆည်းနိုင်ရန်အတွက်လည်း မည်သည့် Graphic Filters မျှ မလိုအပ်ပေ။ သို့သော်လည်း alpha channeltransparencyis ကိုမူ ထောက်ပံ့မှု မပေးတော့ပေ။ Scanner သို့မဟုတ် ဒီဂျစ်တယ်ကင်မရာမှတစ်ဆင့် ရုပ်ပုံများကို Paint အတွင်းသို့ ထည့်သွင်းရန်အတွက်ကိုမူ ထောက်ပံ့ပေးထားသည်။

Windows Vista တွင် the toolbar icons and default color palette တို့ကို ပြောင်းလဲခဲ့သည်။ Windows Vista တွင် ပါဝင်သည့် Paint သည် နောက်ပြန်ပြန်ပြင်သည့် လုပ်ဆောင်ချက်ဖြစ်သည့် Undo ကို ဆယ်ကြိမ်အထိ လုပ်ဆောင်နိုင်စွမ်း ရှိသည်။ ယခင်ဗားရှင်းများတွင် သုံးကြိမ်သာ လုပ်ဆောင်နိုင်သည်။ ၎င်းတွင် imgae magnification နှင့် Crop function များ ပါဝင်သည်။ ဤယခု ဗားရှင်းသည် ပုံသေအားဖြင့် JPEG ဖိုင်ပုံစံဖြင့် သိမ်းဆည်းသည်။

ကိုးကား[ပြင်ဆင်ရန်]