မာတိကာသို့ ခုန်သွားရန်

Microsoft Classroom

ဝီကီပီးဒီးယား မှ
Microsoft Classroom
ဆော့ဖ်ဝဲလ်ရေးသူ(များ)Microsoft
ပထမဆုံး ဖြန့်ချိခြင်းဧပြီ ၁၄၊ ၂၀၁၆; ၁၀ နှစ် အကြာက (၂၀၁၆-၀၄-14)
ဆော့ဖ်ဝဲလ် အမျိုးအစားEducational software
လိုင်စင်Software as service
ဝက်ဘ်ဆိုဒ်education.microsoft.com

Microsoft Classroom သည် မိုက်ခရိုဆော့မှ ထုတ်လုပ်ထားသည့် စာရွက်မဲ့နည်းဖြင့် ကျောင်းသားများ ဆက်သွယ်နိုင်ရေးနှင့် သင်ကြားရေးလုပ်ငန်းများကို ကျောင်းများတွင် လွယ်ကူစွာလုပ်ဆောင်နိုင်မည့် သင်ကြားရေးပလက်ဖောင်းတစ်ခု ဖြစ်သည်။[၁][၂] ၎င်းကို ၂၀၁၆ ခုနှစ်၊ ဧပြီလတွင် Office 365 Education အသုံးပြုသူများအတွက် စတင်မိတ်ဆက်ခဲ့သည်။[၃]

၂၀၁၇ ခုနှစ်၊ မေလ ၁၈ ရက်နေ့တွင် မိုက်ခရိုဆော့သည် Microsoft Classroom ကို ရပ်နားတော့မည်ဟု ကြေညာခဲ့ပြီး ၂၀၁၈ ခုနှစ်၊ ဇန်နဝါရီလ ၃၁ ရက်နေ့တွင် လုံးဝရပ်နားခဲ့သည်။ Microsoft Classroom ၏ လုပ်ဆောင်ချက်အချို့သည် Office 365 Education ရှိ Microsoft Teams ဆော့ဝဲတွင် ပါဝင်လာခဲ့သည်။[၄]

ပြင်ပလင့်များ

[ပြင်ဆင်ရန်]

ကိုးကား

[ပြင်ဆင်ရန်]
  1. ↑ Microsoft Classroom, a new Office 365 service for teachers and students။ MSPoweruser (April 14, 2016)။ April 27, 2017 တွင် ပြန်စစ်ပြီး။
  2. ↑ Office 365 Education is Being Updated with Microsoft Classroom, Other New Features။ Thurrott.com (April 14, 2016)။ April 27, 2017 တွင် ပြန်စစ်ပြီး။
  3. ↑ Microsoft is sharpening its tools for the classroom။ The Seattle Times (April 14, 2016)။ April 27, 2017 တွင် ပြန်စစ်ပြီး။
  4. ↑ Microsoft Classroom Preview features are moving to Microsoft Teams in Office 365 for Education။ Microsoft။