Memrise

ဝီကီပီးဒီးယား မှ
မြန်မာဘာသာဖြင့် သင့်လျော်သော အမည်မရှိသေးသောကြောင့် ဤဆောင်းပါးခေါင်းစဉ်ကို အခြားဘာသာစကား / စာဖြင့် ရေးသားထားခြင်း ဖြစ်သည်။
Memrise
ဝဘ်ဆိုဒ် အမျိုးအစား
Privately held company
ဖတ်ရှုရရှိနိုင်မှုEnglish, Korean, Spanish, Japanese, French, German, Russian, Chinese, Vietnamese, Portuguese, Swedish, Norwegian, Danish, Arabic, Dutch, Indonesian, Italian, Polish, Turkish.
တည်ထောင်2005
ဝန်ဆောင်မှု ဧရိယာWorldwide
တည်ထောင်သူများGreg Detre
Ed Cooke
Ben Whately[၁]
စီအီးအိုEd Cooke
ဝဘ်ဆိုဒ်memrise.com
မှတ်ပုံတင်ခြင်းYes
လွှင့်တင်ခြင်းSeptember 2010
လက်ရှိ အခြေအနေActive
ဖိုင်:Memrise iOS app chat.png
Chatbot on the Memrise app for iPhone.

Memrise သည် ဗြိတိသျှဘာသာစကား ပလက်ဖောင်းတစ်ခု ဖြစ်သည်။ ၎င်းသည် ဖလက်ကတ်များကို spaced repetition နည်းလမ်းကို အသုံးပြုပြီး သင်ယူမှုစွမ်းရည်ကို မြှင့်တင်ပေးသည်။ ၎င်းကို အင်္ဂလန်နိုင်ငံ၊ လန်ဒန်တွင် အခြေစိုက်ထားသည်။ Memrise သည် အခြားဘာသာစကားများကိုလည်း ထောက်ပံ့ပေးထားသည်။ Memrise အပ်တွင် ဘာသာစကား ၁၆ မျိုးအတွက် သင်တန်းများစွာ ရှိသည်။ ထို့ကြောင့် ဝဘ်ဆိုက်တွင်လည်း ဘာသာစကားများစွာအတွက် သင်ယူနိုင်သည်။ ၂၀၁၈ ခုနှစ်တွင် ဤအပ်ကို မှတ်ပုံတင်အသုံးပြုသူသည် ၃၅ သန်း ရှိခဲ့သည်။ Memrise သည် ၂၀၁၆ ခုနှစ် နောက်ပိုင်းကတည်းက အကျိုးအမြတ်ရယူခဲ့ကာ တစ်လလျှင် ငွေကြေး ဒေါ်လာ ၄ သန်း ရရှိသည်။[၂][၃]

သမိုင်းကြောင်း[ပြင်ဆင်ရန်]

Memrise ကို တည်ထောင်သူမှာ မှတ်သားဉာဏ်တွင် ဂရန်းမာစတာဆုရရှိသည့် Ed Cooke နှင့် မှတ်ဉာဏ်နှင့် မေ့လျော့မှုသိပ္ပံပညာရပ်အထူးပြု ပရင့်တန်တက္ကသိုလ်၏ အာရုံကြောသိပ္ပံပညာရှင် Greg Detre တို့က တီထွင်ခဲ့သည်။ ဝဘ်ဆိုက်ကို ၂၀၀၉ ခုနှစ် တိုက်ဂါးလောင့် ပရင့်တန်စွန့်ဦးတီထွင်ကလပ်ဆု မရရှိမီက ကိုယ်ပိုင်အစမ်းအနေဖြင့် လွှင့်တင်ခဲ့သည်။[၄]

၂၀၁၂ ခုနှစ် အောက်တိုဘာလ ၁ ရက်နေ့တွင် အစမ်းဗားရှင်းအား စမ်းသပ်နိုင်ရန်အတွက် အသုံးပြုသူ အယောက် ၁၀၀ ကို ဝင်ရောက်ခွင့်ပြုခဲ့သည်။ ထိုအစမ်းဗားရှင်းဝဘ်ဆိုက်ကို Memrise 1.0 ဟု ခေါ်သည်။ ၂၀၁၃ ခုနှစ် မေလတွင် App Store (iOS)[၅] နှင့် Google Play တို့တွင် မိုဘိုင်းအပ်ကို ဒေါင်းလုပ်ပြုလုပ်ကာ အသုံးပြုနိုင်ခဲ့သည်။[၆]

၂၀၂၀ ခုနှစ်၊ ဇန်နဝါရီလတွင် အပ်သည် ရင်းနှီးမြှုပ်နှံသူ ၇ ဦးထံမှ ဒေါ်လာ ၂၁.၈ သန်း ရရှိခဲ့သည်။ Memrise ကို ရင်းနှီးမြှုပ်နှံသူ ၁၂ ဦး ရှိပြီး ၎င်းတို့မှာ Korelya Capital, Balderton Capital, Avalon Ventures, Octopus Ventures, Future Fifty နှင့် အခြားသူများ စသည်တို့ ဖြစ်သည်။[၇][၃]

Spaced repitition[ပြင်ဆင်ရန်]

ဆုများ[ပြင်ဆင်ရန်]

၂၀၁၀ ခုနှစ်၊ ဇူလိုင်လတွင် Memrise သည် လန်ဒန် မီနီစိကမ့်ပြိုင်ပွဲတွင် အနိုင်ရရှိသည့်တစ်ခု ဖြစ်ခဲ့သည်။ ၂၀၂၀ ခုနှစ်၊ နိုဝင်ဘာလတွင် ဝဘ်ဆိုက်ကို 2010 TechCrunch Europas Start-up of the Year ၏ ဆန်ကာတင်စာရင်းထဲမှတစ်ခုအဖြစ် သတ်မှတ်ခဲ့သည်။ ၂၀၁၁ ခုနှစ်၊ မတ်လတွင်  Techstars Boston startups တွင် ရွေးချယ်ခြင်း ခံခဲ့ရသည်။ ဂူဂဲပလေးဆု၏ ဒုတိယအကြိမ် အကောင်းဆုံးအပ်ဆုကို ၂၀၁၇ ခုနှစ်၊ မေလတွင် ရရှိခဲ့သည်။[၈][၉][၁၀]

ဝေဖန်မှု[ပြင်ဆင်ရန်]

၂၀၁၉ ခုနှစ်၊ ဖေဖော်ဝါရီလနောက်ပိုင်းစတင်ခဲ့သည့် Memrise သည် ဝေဖန်ခံရမှုများစွာနှင့် ရင်ဆိုင်ခဲ့ရသည်။[၁၁]

ပြင်ပလင့်များ[ပြင်ဆင်ရန်]

ကိုးကား[ပြင်ဆင်ရန်]

  1. Memrise။ 8 November 2020 တွင် မူရင်းအား မော်ကွန်းတင်ပြီး။ 14 August 2021 တွင် ပြန်စစ်ပြီး။
  2. Flashcards Get Smarter So You Can, Too။ 24 June 2019 တွင် ပြန်စစ်ပြီး။
  3. ၃.၀ ၃.၁ Memrise (in en)။ 8 November 2020 တွင် မူရင်းအား မော်ကွန်းတင်ပြီး။ 14 August 2021 တွင် ပြန်စစ်ပြီး။
  4. TigerLaunch 2009။ 23 December 2011 တွင် မူရင်းအား မော်ကွန်းတင်ပြီး။ 14 August 2021 တွင် ပြန်စစ်ပြီး။
  5. Learn Languages with Memrise (in en-us)။ 2020-01-12 တွင် ပြန်စစ်ပြီး။
  6. Learn Languages with Memrise - Spanish, French - Apps on Google Play (in en)။ 2020-01-12 တွင် ပြန်စစ်ပြီး။
  7. Memrise raises $15.5M as its AI-based language-learning app passes 35M users (in en-US)။ 12 January 2020 တွင် မူရင်းအား မော်ကွန်းတင်ပြီး။ 2020-01-12 တွင် ပြန်စစ်ပြီး။
  8. The Europas – The FinalistsTechCrunch။ AOL။ 20 January 2015 တွင် ပြန်စစ်ပြီး။
  9. Mini Seedcamps 2010။ 9 June 2011 တွင် မူရင်းအား မော်ကွန်းတင်ပြီး။ 14 August 2021 တွင် ပြန်စစ်ပြီး။
  10. Purnima Kochikar (May 19, 2017)။ The winners of the 2017 Google Play Awards are ...Play | Google Blog
  11. Important Update: Upcoming changes to Memrise community-created courses (in en) (2019-02-19)။ 12 November 2020 တွင် မူရင်းအား မော်ကွန်းတင်ပြီး။ 2019-02-24 တွင် ပြန်စစ်ပြီး။