MYSTERY ZILLION

ဝီကီပီးဒီးယား မှ
မြန်မာဘာသာဖြင့် သင့်လျော်သော အမည်မရှိသေးသောကြောင့် ဤဆောင်းပါးခေါင်းစဉ်ကို အခြားဘာသာစကား / စာဖြင့် ရေးသားထားခြင်း ဖြစ်သည်။
MYSTERY ZILLION
MZ Logo


Screenshoot
တည်ထောင်သည့်ရက် 1 April , 2007
အမျိုးအစား နည်းပညာဆိုင်ရာ
အသုံးပြုသည့် font Unicode
Website MZ Site


MYSTERY ZILLION သည် Computer နည်းပညာဆိုင်ရာ website တစ်ခုဖြစ်ပြီး အဓိကအားဖြင့် forum ကိုအသုံးပြုထားသည်။ MYSTERY ZILLION ကို အတိုကောက်အားဖြင့် MZ ဟု ခေါ်ဆိုကြသည်။ မြန်မာ ဘာသာဖြင့် ဆွေးနွေးနိုင်ပြီး Unicode Font ကိုအသုံးပြုထားသည်။ အဓိကအားဖြင့် computer ဆိုင်ရာ ပြဿနာများ မေးမြန်းထားခြင်းကို တွေ့ရသည်။

ရည်ရွယ်ချက်[ပြင်ဆင်ရန်]

မြန်မာနိုင်ငံတွင် Computer နည်းပညာနှင့် ပတ်သက်ပြီး online တွင် ဆွေးနွေးပြောဆိုရန် နေရာနည်းပါးခြင်း ၊ မြန်မာနိုင်ငံ computer နည်းပညာ တိုးတက်ရေး ၊ လူတိုင်း computer အခြေခံ လွယ်လင့်တကူ တတ်မြောက်ရေးနှင့် computer ဆိုင်ရာ ပြဿနာများ၊ အခက်အခဲများကို ဆွေးနွေးရန်အတွက် စတင်ခဲ့ခြင်းဖြစ်သည်။

သမိုင်း[ပြင်ဆင်ရန်]

၂၀၀၇ ခုနှစ် အစောပိုင်းတွင် မြန်မာနိုင်ငံတွင် forum များ တိုးတက်များပြားလာလေသည်။ forum များတိုးတက်လာသည်နှင့် အမျှ လူငယ်များသည် forum ပေါ်တွင် ဆွေးနွေးပြောဆိုခြင်းကို ပြုလုပ်လာကြသည်။ ထိုအချိန်တွင် saturngod[လင့်ခ်သေ] သည် Planet , Padonma တွင် နည်းပညာပိုင်းဆိုင်ရာ ဆွေးနွေးပြောဆို မေးမြန်းနေမြဲဖြစ်သည်။ forum များပေါ်ချိန်ကတွင် သူသည် forum လုပ်နည်းကို စိတ်ဝင်စားကာ Phpbb ဖြင့် စမ်းသပ်ပြီး MYSTERY ZILLION အမည်ဖြင့် free hosting တွင် တင်၍ စမ်းသပ်နေချိန်ဖြစ်သည်။ ထိုစမ်းသပ်ချိန်တွင် မည်သူ့ကိုမှလည်း မပြသလို မည်သူမှလည်း မသိခဲ့ပေ။ forum ဆိုတာဘာလဲဆိုတာ လေ့လာနေချိန်ဖြစ်သည်။ တနေ့တွင် padonma တွင် မြန်မာမိသားစု forum အတွက် မြန်မာစာ သုံးချင်၍ ကူညီပေးပါရန် post တင်ထားသဖြင့် ကူညီရင်း forum အကြောင်း ကောင်းမွန်စွာသိလာသည်။ မြန်မာမိသားစု admin ကိုရဲနောင် ၏ သင်ကြားပေးမှုကြောင့် vbulletin forum ကို အသုံးပြုတတ်လာသည်။ မြန်မာမိသားစု forum တွင် မြန်မာစာ ထည့်ပြီးနောက် ကိုရဲနောင် အကူအညီဖြင့် MYSTERY ZILLION ကိုတည်ထောင်ခဲ့သည်။ MYSTERYZILLION.com ကို forum မရှိမီ hosting မရှိမီ ကတည်းက က ဝယ်ပေးထားခဲ့သော်လည်း မသုံးဖြစ်ခဲ့ပေ။ domain ဝယ်ပြီး ၃ လ ခန်၌အကြာတွင် ကိုရဲနောင်၏ ကူညီမှုဖြင့် MZ ကို စတင်ခဲ့သည်။ စတင်ကာစတွင် awardspace.com တွင် hosting လုပ်ကာ စခဲ့ပါတယ်။ နောက်ပိုင်း hosting အဆင်မပြေသောကြောင့် hostmonster webhosting ကိုပြောင်းခဲ့ပါတယ်။

အစောပိုင်းကာလ[ပြင်ဆင်ရန်]

awardspace.com တွင် စတင်ကာစတွင် လူသိနည်းပါးခြင်း၊ နည်းပညာသီးသန့်ဖြစ်ခြင်းတို့ကြောင့် ဝင်ရောက်ကြည့်ရှု့သူ အလွန်နည်းပါးလှသည်။ သို့သော် site ၏ admin များ moderator များ လျင်မြန်စွာဖြေကြားပေးမှုတို့ကြောင့် ဝင်ရောက်လာသည့် ဦးရေမှာ တဖြည်းဖြည်းတိုးတက်လာခဲ့သည်။ သို့သော် awardspace ၏ hosting သည် Database ကို Limit သတ်မှတ်ထားသောကြောင့် မေလ ၂၀၀၇ တွင် hosting ပြောင်းရွှေ့ရန် ဆုံးဖြတ်ချက်ချခဲ့သည်။ ကို CM ၏ အကူအညီဖြင့် hostmonster ကို ပြောင်းရွေ့ခဲ့သည်။

hosting ပြောင်းရွှေ့ခြင်း အခက်အခဲများ[ပြင်ဆင်ရန်]

Hosting ပြောင်းရွေ့ခဲ့သော်လည်း data များကို ပြန်လည်ရရှိရန် အပြင်းအထန်ကြိုးစားခဲ့ရသည်။ data backup ပြုလုပ်ခြင်း၊ data restore လုပ်ခြင်းတို့အတွက် ကြိုးစားခဲ့သော်လည်း database version မတူခြင်း data backup လုပ်ရသည်မှာ မလွယ်ကူခြင်းတို့ကြောင့် data အားလုံး ပြန်လည်မရရှိခဲ့ပေ။ ထို့ပြင် ဝင်ရောက်ထားသည့် member များလည်း ပျောက်ကုန်သည်။ ထို့အတွက်ကြောင့် နောက်တစ်ကြိမ် လူဝင်ရောက်မှု နည်းပါးသွားသေးပြန်သည်။ သို့သော်လည်း တဖြည်းဖြည်းနှင့် ပုံမှန် အခြေအနေရောက်လာအောင် အားလုံး ဝိုင်းဝန်းကြိုးစားမှုကြောင့် ယခင် member များ တစတစ ပြန်လည်ရောက်ရှိလာသည်များရှိသော်လည်း၊ အချို့မှာ ပြန်လည် မရောက်ရှိလာကြတော့ပေ။