MSConfig

ဝီကီပီးဒီးယား မှ
မြန်မာဘာသာဖြင့် သင့်လျော်သော အမည်မရှိသေးသောကြောင့် ဤဆောင်းပါးခေါင်းစဉ်ကို အခြားဘာသာစကား / စာဖြင့် ရေးသားထားခြင်း ဖြစ်သည်။
MSConfig
မိုက်ခရိုဆော့ဖ် ဝင်းဒိုး၏ အစိတ်အပိုင်းတစ်ခု
Screenshot of MSConfig in Windows 10
Details
အခြားအမည်များSystem Configuration
Microsoft System Configuration Utility
အမျိုးအစားSystem utility
Included withWindows 98
Windows ME
Windows XP
Windows Vista
Windows 7
Windows 8
Windows 10
All versions of Windows Server
အခြားအတွက်လည်း ရနိုင်သည်များမှာWindows 95
Windows 2000

MSConfig (ဝင်းဒိုးစ် ဗစ်စတာ၊ ဝင်းဒိုးစ် 7 ၊ ဝင်းဒိုးစ် 8 နှင့် ဝင်းဒိုးစ် 10 တို့တွင် System Configuration ဟုခေါ်သည်။ Operating System အဟောင်းများတွင် Microsoft System Configuration Utility ဟုတရားဝင်ခေါ်ဆိုကြသည်။ MSConfig သည် မိုက်ခရိုဆော့ဖ် ဝင်းဒိုးစ် စတင်တက်ရန် အဆင့်တွင် ပြဿနာဖြစ်ပေါ်ပါက ပြုလုပ်ရသည့် system utility တစ်ခုဖြစ်သည်။ ၎င်းသည် software များကို အသုံးပြု၍မရအောင်ဖြစ်လုပ်ခြင်း၊ အသုံးပြုခွင့် ပြန်လည်ပေးခြင်းတို့ကို လုပ်ဆောင်နိုင်သည်။ စက်စတင်တက်ချိန်တွင် လုပ်ဆောင်သည့် device driver များ ဝင်းဒိုးစ် လုပ်ဆောင်ချက်များကိုကိုလည်း မလုပ်အောင် (သို့မဟုတ်) ပြန်လည်လုပ်ဆောင်၍ရအောင် ပြုလုပ်နိုင်သည်။ စက်စတင်တက်ရာတွင် အသုံးပြုသည့် boot parameter များကိုလည်း ပြောင်းလဲနိုင်သည်။