Logic value

ဝီကီပီးဒီးယား မှ
မြန်မာဘာသာဖြင့် သင့်လျော်သော အမည်မရှိသေးသောကြောင့် ဤဆောင်းပါးခေါင်းစဉ်ကို အခြားဘာသာစကား / စာဖြင့် ရေးသားထားခြင်း ဖြစ်သည်။

ကွန်ပျူတာသုံး Boolean logic ဆိုသည်မှာ အရစ္စတိုတယ်ယုတ္တိဗေဒ ပေါ်တွင် အခြေခံသည်။ အရစ္စတိုတယ်ယုတ္တိဗေဒ တွင် ဖြစ်ရပ်တစ်ခုကို ရှမြင်ရာတွင် မှန်လျင်မှန်၊ မမှန်လျင် သေချာပေါက်မှားရမည် ဟုရှမြင်သည်။ ထို ယုတ္တိဗေဒကို ကို ဒီဂျစ်တယ် နည်းဖြင့် ကိုယ်စားပြုပါက မှန်ခြင်းကို ၁၊ မှားခြင်းကို ၀ ဟုကိုယ်စားပြုသည်။ ဒစ်ဂျစ်တယ် ကွန်ပျူတာ များတွင် တွက်ချက်မှူများ လုပ်ရာ၌ ၁ နှင့် ၀ ကိုအခြေခံပြီးလုပ်ဆောင်သည်။ ကွန်ပျူတာ အတွက် လိုအပ်သော အချက်အလက်(data)၊ အမိန့်ပေးစေခိုင်းချက်(instruction) စသည့်တို့ အားလုံးကို ၁ နှင့် ၀ ဖြင့်ဖွဲ့စည်းထားသော digital signal များအဖြစ်ပြောင်းလဲလုပ်ဆောင်သည်။ ထို ၁ နှင့် ၀ ကို logic values ဟုခေါ်သည်။ ဒစ်ဂျစ်တယ် အချက်ပြလှိုင်း အမြင်ဖြင့်ဆိုလျင် 1 နှင့် 0 ၊ အင်နာလော့ အချက်ပြလှိုင်း အမြင်ဖြင့်ဆိုလျင် +5V နှင့် Ground ၊ အရစ္စတိုတယ်ယုတ္တိဗေဒ အမြင်ဖြင့်ဆိုလျင် True နှင့် False စသည်ဖြင့် logic value များကို အမျိုးမျိုး သတ်မှတ်နိုင်သည်။