Laissez-faire

ဝီကီပီးဒီးယား မှ
မြန်မာဘာသာဖြင့် သင့်လျော်သော အမည်မရှိသေးသောကြောင့် ဤဆောင်းပါးခေါင်းစဉ်ကို အခြားဘာသာစကား / စာဖြင့် ရေးသားထားခြင်း ဖြစ်သည်။

"Laissez-faire, laissez-passer" ဟူသော စကားလုံးမှာ မူလက ပြင်သစ် လယ်ယာမြေဝါဒီ physiocrats များ၏ အသုံးအနှုန်းဖြစ်သည်။ ၎င်းတို့က လယ်ယာမြေစိုက်ပျိုးရေးသည် တိုင်းပြည်ဥစ္စာဓနကို ဖြစ်စေသည်။ လက်ဝါးကြီးအုပ်ဈေးကွက် မဖြစ်ပေါ်ရန် ကာကွယ်ခြင်းမှတပါး အစိုးရများသည် စီးပွားရေးကို လွတ်လပ်စွာ ထားရမည်ဟု ဆိုခဲ့သည်။ ၎င်းတို့၏ စီးပွားရေးလွတ်လပ်မှုကို ကျမ်းရိုးတို့က အပြည့်အဝထောက်ခံခဲ့သည်။ ကျမ်းရိုးဂိုဏ်းကို အစပျိုးခဲ့သော Adam Smith က "ပုဂ္ဂလိကပြည်သူတို့အား ၎င်းတို့ပိုင် အရင်းအနှီးကို မည်သို့အသုံးချရမည်ဟုဆိုသော နိုင်ငံရေးပုဂ္ဂိုလ်များသည် မလိုအပ်သည်ကို အပင်ပန်းခံနေခြင်းဖြစ်ပြီး မည်သူ့တွင်မျှ လုပ်ပိုင်ခွင့် မရှိသည်ကို လုပ်ပိုင်ခွင့်ရှိသယောင် လုပ်နိုင်စွမ်းရှိသယောင် ကြောက်မက်ဖွယ် အန္တရာယ်ပြုနေကြခြင်းဖြစ်သည်" ဟု Wealth of Nations, Book IV, Chapter 2 တွင် ဆိုထားသည်။

ရည်ညွှန်း[ပြင်ဆင်ရန်]

  • စီးပွားရေးပညာ အဘိဓာန် - ဦးကြည်မြင့်။ နှာ - ၂၁၄-၂၁၅