Higher National Diploma

ဝီကီပီးဒီးယား မှ
မြန်မာဘာသာဖြင့် သင့်လျော်သော အမည်မရှိသေးသောကြောင့် ဤဆောင်းပါးခေါင်းစဉ်ကို အခြားဘာသာစကား / စာဖြင့် ရေးသားထားခြင်း ဖြစ်သည်။

HND သည် အင်္ဂလန်နိုင်ငံ ရှိ အဆင့်မြင့်ပညာရေး၏ qualification တစ်ခုဖြစ်သည်။ ထို qualification သည် ဗြိတိန် နှင့် ဆက်စပ်နိုင်ငံများ၏ ပညာရေးနှင့်ညီမျှပါသည်။ ထို qualification ဖြင့် နိုင်ငံတကာရှိ အဆင့်မြင့်တက္ကသိုလ်များတွင် ဆက်လက် ပညာဆည်းပူးနိုင်မည်ဖြစ်ပြီး ထိုတက္ကသိုလ်များရှိ သုံးနှစ်ပညာရေးစနစ်၏ ဒုတိယနှစ်နှင့် ညီမျှပါသည်။

Edexcel ၏ အဆိုအရ HND သည် "၎င်းသည် အလုပ်ရလွယ်သော qualification (vocational qualification) တစ်ခုဖြစ်ပြီး အချိန်ပြည့် တက်ရသော်လည်း အချိန်ပိုင်းလည်းတက်နိုင်သည်။ ထို့အပြင် ၎င်း qualification သည် သုံးနှစ်ပညာရေး၏ ဒုတိယနှင့်ညီမျှပြီး အဆင့်မြင့်ပညာရေး၏ ဒီပလိုမာများနှင့်လည်း ညီမျှသည်"အင်္ဂလန်ဝေး နှင့် အိုင်ယာလန်သမ္မတနိုင်ငံ နိုင်ငံတို့တွင် HND သည် BETC(business & technology education council) qualification တစ်ခုအဖြစ် Edexcel မှာ မှပေးအပ်သည်။ စကော့တလန် နိုင်ငံတွင် HND ကို SQA မှ ပေးအပ်သည်။ HND သည် အဆင့်မြင့် ဒီပလိုမာတစ်ခုအဖြစ် တက္ကသိုလ်များ၏ ဒုတိယနှစ်နှင့်တူညီပါသည်။

တချို့သော အပိုင်းများတွင် သိပ္ပံဘွဲ့နီးပါ အဆင့်ရှိသည်။ HND ဒီပလိုမာ အတွက် နှစ်နှစ်အချိန်ပြည့် တက်ရန်လိုအပ်ပြီး ပထမတစ်နှစ် တက်ရောက်ပြီးပါက Higher National Certificate ရရှိမည် ဖြစ်သည်။ အချိန်ပိုင်း တက်မည်ဆိုပါက အချိန်အတော်ကြာ ပေးရမည်ဖြစ်သည်။

စကော့တလန်နိုင်ငံတွင် HND သည် Level 8 အဖြစ် Scottish Credit and Qualifications Framework မှသတ်မှတ်ပြီး အင်္ဂလန်၊ ဝေးလ် နှင့် မြောက်အိုင်ယာလန် နိုင်ငံတို့တွင် Level 5 အဖြစ် National Qualifications Framework သတ်မှတ်သည်။ ထို့ကြောင့် HND ရရှိပြီးသူများသည် အခြားသော အဆင့်မြင့် အသက်မွေးဝမ်းကြောင်းဆိုင်ရာ အရည်အချင်းအသိအမှတ်ပြု သင်တန်းများနှင့် ဘွဲ့ရရန် ဆက်လက်တက်ရောက်နိုင်မည်ဖြစ်သည်။

SQA HND တွင် တစ်ဘာသာချင်းစီ အောင်ခြင်း ကျခြင်းသည် နှစ်တစ်နှစ်၏ အဆင့်သည် A, B သို့မဟုတ် C စသဖြင့် သတ်မှတ်သည်။ BETC HND သည် Pass, Merit, Distinction, Distinction the highest grade နှင့် pass the lowest grade စသည်ဖြင့် ဖော်ပြသည်။

နိုင်ငံတကာ တက္ကသိုလ်အများစုသည် HND အောင်မြင်ထားသော ကျောင်းသားများကို သူတို့တက္ကသိုလ်၏ နောက်ဆုံးနှစ် (တတိယနှစ်) - အထူးသဖြင့် စီးပွားရေးဆိုင်ရာ မေဂျာများနှင့် ကွန်ပျူတာသိပ္ပံ တက်ရောက်ရန် လက်ခံလေ့ရှိသည်။ သို့ရာတွင် များသောအားဖြင့် HND တွင် သင်ကြားခဲ့သော ဘာသာရပ်များပေါ်တွင်လည်း မူတည်သည်။ ၎င်းနည်းအားဖြင့် ကျောင်းသား များသည် HND အပြင် သူတက်ရောက်သော တက္ကသိုလ်မှ ဘွဲ့ရမည်ဖြစ်သည်။ စကော့တလန်၏ ပညာရေးစနစ်သည် လေးနှစ်ဖြစ်သည့်အတွက် နောက်ထပ်တစ်နှစ် ပိုတက်ရန်တော့ လိုလိမ့်မည်။