Groupe Canal+

ဝီကီပီးဒီးယား မှ
မြန်မာဘာသာဖြင့် သင့်လျော်သော အမည်မရှိသေးသောကြောင့် ဤဆောင်းပါးခေါင်းစဉ်ကို အခြားဘာသာစကား / စာဖြင့် ရေးသားထားခြင်း ဖြစ်သည်။
Groupe CANAL+
မိခင်ကုမ္ပဏီVivendi
ကုမ္ပဏီခွဲSTUDIO CANAL

Mycanal app THEMA

Studio+

Groupe Canal+ သည် ကမ္ဘာတစ်လွှားရှိ CANAL+ ၏ ရုပ်သံနှင့် ရုပ်ရှင် ထုတ်လုပ်မှုများကိုကြီးကြပ်‌‌ေသာအဖွဲ့ဖြစ်ပြီး ၁၉၈၄ ခုနှစ်တွင်စတင်တည်ထောင်သည်။Groupe Canal+ ရိုက်ကူးသောရုပ်ရှင်ပေါင်း၅၀၀၀ကျော်ကိုVivendi မှပိုင်ဆိုင်သည်။Groupe Canal+ ကို Canal+ Group ဟုလူသိများသည်။Groupe Canal+ သည် Vivendi၏လက်အောက်ခံကုမ္ပဏီတစ်ခုဖြစ်သော်လည်း Vivendiမှ ရှယ်ယာတချို့ကို တခြားကုမ္ပဏီများထံရောင်းချထားသော်လည်း CANAL PLUS ဟူသောအမည်ကိုသာဆက်လက်သုံးစွဲနေသည်။Groupe Canal+သည် ပါရီမြို့၊ပြင်သစ်တွင် အခြေစိုက်သည်။

လက်အောက်ခံကုမ္ပဏီများ[ပြင်ဆင်ရန်]

THEMA[ပြင်ဆင်ရန်]

THEMAသည် ပြင်သစ်အခပေးရုပ်သံကွန်ရက်ဖြစ်ပြီး ပြင်သစ်၊ကနေဒါ၊ရုရှား၊မီယာမီ၊စင်ကာပူစသည့်နိုင်ငံများတွင် အခြေစိုက်သော အခပေးရုပ်သံဈေးကွက်ဖြန့်သူ ဖြစ်သည်။

နိုင်ငံတကာသို့ထုတ်လွှင့်မှု[ပြင်ဆင်ရန်]

နိုင်ငံတကာသို့ထုတ်လွှင့်မှုကို ၁၉၉၀အလွန်တွင်စတင်ခဲ့သည်။

CANAL+ Spain-CANAL+ Spain ကို ၁၉၉၀ပြည့်နှစ်တွင် စတင်မိတ်ဆက်ပြီး#0 ဟုလူသိများကာ sogecable မှ ပူးပေါင်းပိုင်ဆိုင်ပြီး အန်တာလော့ အခပေးရုပ်သံကွန်ရက် ဖြစ်ပြီး ပြင်သစ်၊ပိုလန်ဘာသာစကားနှစ်မျိုးဖြင့်ထုတ်လွှင့်သည်။ ၂၀၁၅ တွင် စပိန်၏ အကြီးဆုံး ဆက်‌သွယ်ရေးကုမ္ပဏီ Telefónica မှ #0ရုပ်သံကွန်ရက်ကို ပိတ်သိမ်းပြီး Sogecable ၏ရှယ်ယာများကို ဝယ်ယူခဲ့သည်။ ယခု အခါCanal+ Spain ကိုMovistar+ဟု သိရှိကြသည်။

CANAL+Flanders -ဤလုပ်ငန်းကို CANAL+သည် Flimnetထံမှ ဝယ်ယူခဲ့သည်။ မကြာမီ ဘယ်ဂျီယံရုပ်မြင်သံကြား Telenetကိုရောင်းချခဲ့ပြီး Play more အဖြစ်ဆက်လက်ရပ်တည်နေသည်။

CANAL+Belgium-ဤကုမ္ပဏီကိုယခုအခါ BeTv ဟုလူသိများသည်။

Platforma CANAL+သည် ပိုလန်အခပေးရုပ်သံကွန်ရက်ဖြစ်ပြီးCANAL+မှ၁၀၀%ပိုင်ဆိုင်သည်။

Movie Networkသည် ဩစတြေးလျ အခပေးရုပ်သံကွန်ရက်ဖြစ်ပြီး ၁၉၉၅တွင်စတင်မိတ်ဆက်သည်။ ဤကွန်ရက်တွင်CANAL+ ၊HBO (Time WARNER၏လက်အောက်ခံကုမ္ပဏီ)၊ THE Walt Disney Company ၊MGM/UA နှင့်Village Roadshow တို့ပူးပေါင်းပိုင်ဆိုင်သည်။ နောက်ပိုင်းတွင် ဤကွန်ရက်မှ CANAL+နုတ်ထွက်ခဲ့သည်။

CANAL+ Brazilသည်၁၉၈၉ တွင်အမေရိကန်မီဒီယာ ESPNနှင့်ပူးတွဲပိုင်ဆိုင်ပြီး ၁၉၉၁တွင် Brazil Cable ရုပ်သံကွန်ရက်အဖြစ်ပြောင်းလဲ မိတ်ဆက်သည်။

Premiere သည် ဂျာမန်အခပေးရုပ်သံဖြစ်ပြီး ၁၉၉၀တွင်စတင်မိတ်ဆက်သည်။ နောက်ပိုင်းတွင် CANAL+၏ရှယ်ယာများကို Sky UKထံရောင်းချခဲ့သည်။ ယခုအခါ Sky Deutschland ဟုလူသိများသည်။

CANAL+Afriqueသည်၁၉၉၀တွင်စတင်သော အာဖရိက အခပေးရုပ်သံကွန်ရက်ဖြစ်ကာ အာဖရိက တိုက်တွင်းရှိ နိုင်ငံပေါင်း ၂၅‌ နိုင်ငံကျော်သို့ ထုတ်လွှင့်သည်။

CANAL+Myanmar-၂၀၀၆ခုနှစ်တွင် မြန်မာ့ပထမဆုံး အခပေးရုပ်သံကွန်ရက် 5 network ပိုင်ဆိုင်သောForever Group မှထံမှ၂၀၁၇ ခုနှစ် တွင် ဝယ်ယူပြီး 4tvနှင့်5network တို့ကို ၂၀၁၈တွင်ဖျက်သိမ်းကာ CANAL+ဟုပြောင်းလဲခဲ့သည်။ ယခုအခါတွင် Canal+Myanmar FGဟုလူသိများသည်။

K+(vietnam)သည် ၂၀၀၉ခုနှစ်၊မေလတွင် ဗီယက်နမ် ပြန်ကြားရေးဝန်ကြီးဌာန VTVမှ ပိုင်ဆိုင်သော VSTVအခပေးရုပ်သံကွန်ရက်ကိုဝယ်ယူခဲ့ပြီး VSTVကိုဖျက်သိမ်းကာK+ ဟုပြောင်းလဲခဲ့သည်။

ကိုးကား[ပြင်ဆင်ရန်]

1. https://web.archive.org/web/20110526001629/http://www.canalplus-overseas.com/en/the-group/

2. http://www.canalplusgroup.com/

3. https://deadline.com/2011/09/studiocanal-raises-204m-slate-financing-177584/

4. http://merlin.obs.coe.int/iris/2012/8/article25.en.html Archived 4 March 2016 at the Wayback Machine.

5. https://www.broadbandtvnews.com/2014/10/29/canal-buys-thema/

ပြင်ပလင့်ခ်[ပြင်ဆင်ရန်]