ဂျီမေးလ်

ဝီကီပီးဒီးယား မှ
(Gmail မှ ပြန်ညွှန်းထားသည်)
Gmail
ဝဘ်ဆိုဒ် အမျိုးအစား
ဝဘ်မေးလ်
ဖတ်ရှုရရှိနိုင်မှုဘာသာစကား ၇၂ မျိုး[၁]
ပိုင်ဆိုင်သူဂူဂယ်
ဖန်တီးသူPaul Buchheit
ဝဘ်ဆိုဒ်mail.google.com
Alexa အဆင့် ၈၉ (ဧပြီ ၂၀၁၅)
စီးပွားရေးYes
မှတ်ပုံတင်ခြင်းလိုအပ်
အသုံးပြုသူသန်း ၉၀၀ (မေ ၂၀၁၅)[၂]
လွှင့်တင်ခြင်းဧပြီ ၁၊ ၂၀၀၄
လက်ရှိ အခြေအနေသက်ဝင်နေဆဲ

Google Mail ( Gmail ) သည် Google Search Engine ကုမ္ပဏီမှပေးသော အခမဲ့ ဆားဗစ်တစ်ခုဖြစ်သည်။ Google ၏ အခမဲ့ Web-Based e-mail ဝန်ဆောင်မှု တစ်ခုဖြစ်သော Gmail ကို ၂၀၀၄ ခုနှစ် မှာ တရားဝင် ထုတ်လွတ်ခဲ့သည်။ ၂၀၀၄ မတ်လတွင်ကမ္ဘာကျော် New York Times သတင်းစာမှနေ၍ ဧပြီလ ၁ ရက်နေ့တွင် Gmail ကို စတင်လွှင့်ထုတ်မည် ဖြစ်ကြောင်း ကြေညာခဲ့သည်။ သိုလှောင်မှုပမာဏ 1 GB အထိပေးမည်ဟု တရားဝင်ဖွင့်ဟခဲ့ရာ မယုံကြည်သူများက ကုမ္ပဏီငယ်တစ်ခု၏ April Fool တစ်ခုမျှသာ ဖြစ်ကြောင်း လက်ခံခဲ့သော်လည်း Spam နည်းပါးခြင်းနှင့် အလွန်အဆင့်အတန်းမြင့်မားသော Ajax နည်းပညာသုံးထားသည့် Gmail ကို Invite မှ တစ်ဆင့် စတင်လက်ခံခဲ့ရပြီးနောက် Gmail သည် ကမ္ဘာ၌ သက်ဝင်လှုပ်ရှားလာခဲ့တော့သည်။

၂၀၀၅ ခုနှစ်[ပြင်ဆင်ရန်]

၂၀၀၅ခုနှစ် ဇွန်တွင် ဟက်ကာများ အလွယ်တကူဖြင့် ထိုးဖောက်ဝင်ရောက်နိုင်သော လုံခြုံရေးဟာကွက်တစ်ခုကို Slash dot တွင် ဖော်ပြခဲ့ရာ အဆိုပါပြဿနာကို အလွယ်တကူဖြင့် ပြန်လည်ပြင်ဆင်ပြီးချိန်တွင် Google ကိုယ်တိုင်သည် သူတို့၏ Service ကို လူများစွာ စိတ်ဝင်စားကြောင်း ယုံကြည်သွားခဲ့သည်။ ၂၀၀၅ ခုနှစ် ဧပြီတွင်သိုလှောင်မှုပမာဏကို 2 GB အထိ မြှင့်တင်ပေးခဲ့ပြီး စာပို့သောနေရာတွင် Plain Text အဆင့်မှ HTML အဆင့်သို့ တိုးမြှင့်ပေးခြင်း၊ Font ပြောင်းလဲနိုင်ခြင်းအပါအဝင် Feature အသစ်များကို ထပ်မံပေါင်းထည့်ခဲ့သည်။ ၂၀၀၅ ခုနှစ်မေလတွင် ပြင်သစ်၊ ဂျာမန်၊ အီတလီ၊ ဂျပန်၊ ကိုရီးယား အစရှိသော ဘာသာစကားများကိုပါ Gmail တွင် ပေါင်းစပ် ထည့်သွင်း အသုံးပြုနိုင်စေရန် ပြုလုပ်နိုင်ခဲ့သည်။ ၂၀၀၅ ခုနှစ် ဇွန်တွင် တစ်ကမ္ဘာလုံးတွင် Gmail Account 1.2 သန်းခန့်ရှိလာခဲ့ကြောင်းကို ကမ္ဘာကျော် Popular Science မဂ္ဂဇင်းကြီးမှ Gmail ၏ ထုတ်လုပ်မှုမန်နေဂျာကို စစ်တမ်းကောက်ယူပြီး ဖော်ပြပေးခဲ့သည်။ လကုန်ပိုင်းတွင် ဖင်လန်၊ ပိုလန်နှင့် ဆွီဒင်ဘာသာစကားများကို ထပ်မံထည့်သွင်းခဲ့သည်။ ၂၀၀၅ ဇူလိုင်လတွင်Gmail အသုံးပြုနေစဉ်တွင် Inbox အတွင်းမှနေ၍ Google Search Engine ကို အသုံးပြုနိုင်သည့် Service ကို ထည့်သွင်းခဲ့ပြီး Gmail ၏ သိုလှောင်မှုပမာဏမှာ ၂ GB အကျော်ထိ ရောက်ရှိခဲ့ပြီး တစ်နေ့တွင် ၁၄ MB နှုန်း သိုလှောင်မှုပမဏာကို တဖြည်းဖြည်းချင်း တိုးမြှင့်ပေးသည့်စနစ်ကို စတင်သုံးစွဲခဲ့သည်။ ၂၀၀၅ခုနှစ် ဩဂုတ်လတွင် အချို့သော အသုံးပြုသူ များကို လူသစ်များ ဖိတ်ခေါ်ခွင့် ၁၀၀ အထိပေးအပ်ခဲ့သည်။ ယုံကြည်စိတ်ချရသော Developer များနှင့် ပရိုဂရမ်မာများကို လူသစ်များဖိတ်ခေါ်ခွင့် ၁၀၀၀ အထိ ရရှိခဲ့သည်။ ဂရိ၊ ဟန်ဂေရီ၊ အင်ဒိုးနီးရှား၊ ဗီယက်နမ် စသော ဘာသာစကား ၁၂ မျိုးအထိ ထပ်မံပေါင်းထည့်ခဲ့သည်။ ဩဂုတ်လ ၂၄ ရက်နေ့တွင် Mobile ဖုန်းများတွင် Text Message ပေးပို့နိုင်ရန်အတွက် Gmail မှတစ်ဆင့် အသုံးပြုနိုင်ရန် စတင်ပြုလုပ်ပေးခဲ့သည်။ အမေရိကန်တွင် Invitation ကုတ်ဖြင့် Gmail Mobile များကို Tex Message များ ပေးပို့နိုင်သည်။ ထိုကဲ့သို့ပေးပို့ခြင်းတွင် Web ပေါ်တွင်သုံးသော Gmail ကဲ့သို့ Spam များကို ရှင်းလင်းသေသပ်စေသည်။ https စနစ်ကို ဂရုတစိုက်သုံးစွဲသည့်အတွက် လုံခြုံရေးပြည့်ဝပြီး လူကြိုက်များလာခဲ့သည်။ အချို့သော ISP Mail များအတွက် စိတ်တိုင်းကျ Customize လုပ်ခွင့်ကို ပေးအပ်ခဲ့သည်။ အဲဒီလိုနဲ့ နိုင်ငံအသီးသီးမှာ အောင်မြင်မှု အသီးသီးနဲ့ Google ရဲ့ Gmail Service ဟာ United Kingdom နဲ့ Germany နိုင်ငံတို့မှာ ၂၀၀၅ ခုနှစ် အရောက်၊ “Gmail” ဆိုသော နာမည်နှင့် ပတ်သက်ပြီး ပိုင်ဆိုင်မှု အငြင်းပွားခြင်း ပြဿနာဖြစ်ပွားခဲ့ပါတယ်။ အဲဒီ အတွက် Google အနေနဲ့ ၎င်း နှစ်နိုင်ငံရှိ သူ့ရဲ့ စားသုံးသူတွေ အတွက် “Gmail” တစ်ဖြစ်လဲ “Googlemail” ကို ၂၀၀၅ ခုနှစ်၊ အောက်တိုဘာ ၁၉ ရက် နေ့မှာ UK နိုင်ငံ မှာ စတင် ပြောင်းလဲ သုံးစွဲခဲ့ပါတယ်။ ၂၀၀၅ ခုနှစ် စက်တင်ဘာလတွင်ချက်၊ ဟင်ဒီ၊ ထိုင်း၊ တူရကီ စသော ဘာသာစကား ၉ မျိုး ထပ်မံပေါင်းထည့်ခဲ့သည်။ ထိနှစ်ထဲရှိ အောက်တိုဘာလတွင် အင်္ဂလန်တွင် ရှိသော gmail.com ကုမ္ပဏီတစ်ခုနှင့် နာမည်ကိစ္စ စကားပြောဆိုခဲ့ရပြီး Username@gmail.com နေရာတွင် Username@google.com အဖြစ် အချို့နေရာများတွင် ပြောင်းလဲပစ်ရန် သဘောတူညီခဲ့ရသည်။ ၂၀၀၅ ခုနှစ် ဒီဇင်ဘာတွင်ဆက်သွယ်နိုင်သောအုပ်စုများ (Contact Group)၊ သူငယ်ချင်းများ၊ ဝန်ထမ်းများ (Co-Wokers) စသော Feature အသစ်များကို ထပ်မံပေါင်းထည့်၍ သုံးစွဲသူတစ်ဦးအနေဖြင့် gmail ကို စိတ်တိုင်းကျ ထိန်းသိမ်းကွပ်ကဲ နိုင်စေရန် ပြုလုပ်ပေးခဲ့သည်။ ဒီဇင်ဘာ ၁၆ တွင် Gmail Mobile အသစ်တစ်ခုထပ်မံထုတ်လွှင့်ခဲ့သည်။ အဆိုပါ http://m.gmail.com သည် Gmail Mobile များအတွက် အထူးဝက်ဆိုက်ဖြစ်ပြီး Source Forge အဖွဲ့အစည်းမှနေ၍ Gmail Mobile 1.0 ကို Open Source အနေဖြင့် ရေးသားပေးခဲ့သည်။

၂၀၀၆ ခုနှစ်[ပြင်ဆင်ရန်]

၂၀၀၆ ခုနှစ် ဇန်နဝါရီတွင် Menu bar တွင် Delete button ကို ပေါင်းထည့်ပေးခဲ့သည်။ အဆိုပါ Bottom သည် Gmail စစထွက်ချင်းတွင် မပါဝင်ခဲ့၍ သုံးစွဲသူတိုင်းက ဝေဖန်ခဲ့ကြသည်။ ဖေဖော်ဝါရီလတွင် သုံးစွဲသူတိုင်း၏ Chatting စကားပြေဆိုမှုများကို မှတ်သားထားနိုင်ရန် Chat History ကို ပေါင်းထည့်ပေးခဲ့သည်။ ၂၀၀၆ မတ်လတွင်Gmail for your domain ကို မိတ်ဆက်ပေးခဲ့သည်။ အဆိုပါ Gmail သည် တစ်နှစ်လျှင် ၂၅ ဒေါ်လာဖြင့် ဝယ်ယူသုံးစွဲရပြီး အဖွဲ့အစည်းများအတွက် အလွန်ကောင်းမွန်သော ဝန်ဆောင်မှုတစ်ခု ဖြစ်ခဲ့သည်။ဧပရီ လ၌Google Calendar Service ကို Gmail မှ တစ်ဆင့် ထုတ်လွှင့်ကြေညာခဲ့သည်။ ထိုနှစ်၏ နိုဝင်ဘာတွင် Java Application များဖြင့် အသုံးချနိုင်သော Gmail ကို Mobile ဖုန်းများပေါ်တွင် အလုပ်လုပ်နိုင်စေရန် အထူးသဖြင့် ဓာတ်ပုံများ၊ Document များ၊ Attachment များကို ရရှိစေရန် ဆောင်ရွက်နိုင်ခဲ့သည်။

၂၀၀၇ခုနှစ်[ပြင်ဆင်ရန်]

၂၀၀၇ခုနှစ် ဇန်နဝါရီလတွင် Docs & Spread Sheets ကို Gmail မှ တစ်ဆင့် ထုတ်လွှင့်ခဲ့ပြီး အများပြည်သူ register ပြုလုပ်၍ သုံးစွဲနိုင်ရန် Gmail ကို Invite ဖြုတ်ပေးခဲ့သည်။ ဖေဖော်ဝါရီIMAP Access ကို ပြုလုပ်နိုင်စေရန် စတင်ကြော်ငြာခဲ့ပြီး Gmail Lab ကို မိတ်ဆက်ခဲ့သည်။

၂၀၀၈ ခုနှစ်[ပြင်ဆင်ရန်]

နိုဝင်ဘာတွင် Themes များ ပေါင်းထည့်ခဲ့သည်။ ဒီဇင်ဘာတွင် To do list ကို ပေါင်းထည့်ခဲ့သည်။ သုံးစွဲသူအနေဖြင့် Task များပေါ်တွင် ပေါင်းထည့်ခြင်း၊ ဖျက်ပစ်ခြင်းများကို ပြုလုပ်နိုင်သည်။

၂၀၀၉ ခုနှစ်[ပြင်ဆင်ရန်]

ဇန်နဝါရီလ ၂၀၀၉ခုနှစ်တွင် Google Gear ကို စတင်မိတ်ဆက်ခဲ့သည်။ နောင်တွင် အဆိုပါ Google Gear သည် Gmail ကို Off line Mode ဖြင့် သုံးစွဲစေနိုင်ခဲ့သည်။ ဖေဖော်ဝါရီလတွင်Undo Bottom ကို ပေါင်းထည့်ခဲ့သည်။ သုံးစွဲသူပေါင်း သန်း ၁၀ဝ ခန့်အထိ ရှိလာခဲ့ပြီး Gmail သည် မကြာခဏ service Down သွားလေ့ရှိသည်။ ဇူလိုင်၌ Gmail တွင် တစ်ဖက်အသုံးပြုသူ၏ မျက်နှာကိုပါ မြင်တွေ့စေနိုင်သော Video Chat ကိုပါ ပေါင်းထည့်ပေးခဲ့သည်။ စက်တင်ဘာလတွင် ယခုအချိန်တွင် သုံးစွဲသူအများအပြား၏ request လုပ်မှုကြောင့် Gmail သည် မကြာခဏ ပြတ်တောက်မှုများ ဖြစ်ပွားလျက် ရှိသည်။

၂၀၁၀ ခုနှစ်[ပြင်ဆင်ရန်]

ဘလော့ဂ်ကဲ့သို့သော် ကွန်မန့်ပေးနိုင်၍ ဓာတ်ပုံ၊ ဗီဒီယိုများတင်နိုင်သည့် Buzz ဟူသည့် Feature အသစ်ဖြင့် မိတ်ဆက်ပေးခဲ့သည်။ Gmail ထဲတွင် ဖုန်းဝန်ဆောင်မှု အသစ်ထပ်မံ ထည့်သွင်းခဲ့သေးသည်။ ယခင်က ဖုန်းခေါ်ဆိုနိုင်သော်လည်း Gtalk တွင် @gtalk2viop ဆိုသော address ကိုတဆင်ခံပြီး ဖုန်းနာပါတ်ရိုက်ထည့်မှ ခေါ်ဆိုနိုင်ခဲ့သည်။ ယခု feature အသစ်တွင် Phone feature အပြည့်ပါဝင်လာသောကြောင့် ခေါ်ဆိုမှု ပိုမိုအဆင်ပြေလာသည်။ Country code ကိုလည်း တပါတည်း တွဲထည့်ပေးထားသည်။ ၎င်း feature အသစ်တွင် Call History, ဖုန်းခေါ်ဆိုမှုနှုန်းထားနှင့် online မှ ငွေအလွယ်တကူခြေနိုင်သော feature များထည့်ပေးထားသည်။[၃]

ကိုးကား[ပြင်ဆင်ရန်]

  1. Change your language settings - Gmail Help။ Support.google.com (2015)။ 5 April 2015 တွင် ပြန်စစ်ပြီး။
  2. Gmail on Google+ Retrieved 28 May 2015
  3. http://www.myanmaritpro.com/profiles/blogs/google-feature[လင့်ခ်သေ]