အဲက်ဆို (အဆိုတော်အဖွဲ့)

ဝီကီပီးဒီးယား မှ
(Exo (အဆိုတော်အဖွဲ့) မှ ပြန်ညွှန်းထားသည်)
EXO
ဖိုင်:EXO monster 160618 suwon.png
EXO in June 2016
From left to right, standing: Baekhyun, Chen, Lay, Sehun, Chanyeol, D.O., Kai
From left to right, kneeling: Suho, Xiumin
ကိုယ်ရေး အချက်အလက်များ
မူလတိုင်းပြည်Seoul, South Korea
ဂီတဟန်
တက်ကြွသည့်နှစ်များ2012–present
တေးသံသွင်း ကုမ္ပဏီ
ပူးတွဲ ပါဝင်မှု
ဝက်ဘ်ဆိုက်exo.smtown.com
လက်ရှိအဖွဲ့ဝင်များ
အဖွဲ့ဝင်ဟောင်းများ

Exo ( ကိုရီးယား: 엑소)သည် ဆိုးလ်တွင်အခြေစိုက်သော တောင်ကိုရီးယားတရုတ် ယောက်ျားလေး အဆိုတော်အဖွဲ့ဖြစ်သည်။ အဖွဲ့ဝင် (၉) ဦးပါဝင်ပြီး Xiumin, Suho(ဆူဟို), Lay(လေး), ဘက်‌ဟျောန်း, Chen(ချန်), Chanyeol, D.O., Kai နှင့် Sehun တို့ဖြစ်သည်။ ၂၀၁၁ ခုနှစ်တွင် SM Entertainment မှစတင်တည်ထောင်ခဲ့ပြီး ၂၀၁၂ ခုနှစ်တွင် ပွဲထုတ်ခဲ့သည်။ ကိုရီးယား၊ မန်ဒရင်းနှင့်ဂျပန်ဘာသာတို့ဖြင့် ဖျော်ဖြေတင်ဆက်သောသူတို့၏ဂီတသည် အဓိကအားဖြင့် ပေါ့ပ် ၊ ဟစ်ဟော့ပ် , R&B နှင့်အတူ House music နှင့် trap(EDM) ကဲ့သို့သော အီလက်ထရောနစ်ဂီတ အမျိုးအစားများပါဝင်သည်။ ၂၀၁၄ ခုနှစ်မှ ၂၀၁၈ ခုနှစ်အထိ Korea Power Celebrity စာရင်းတွင်ထိပ်ဆုံး ၅ ဦး တွင်ပါဝင်သောအဖွဲ့သည်မီဒီယာအမျိုးမျိုးမှ ' Kings of K-pop ' နှင့် 'Biggest boyband in the world' ဟုသတ်မှတ်ခဲ့သည်။

EXO သည် EXO-K (Suho, Baekhyun, Chanyeol, DO, Kai နှင့် Sehun) နှင့် EXO-M (Xiumin, Lay, Chen နှင့်ယခင်အဖွဲ့ဝင်များဖြစ်သော Kris, Luhan နှင့် Tao ) အဖွဲ့နှစ်ဖွဲ့ခွဲခြားထားသည်။ Kris, Luhan နှင့် Tao တို့သည် ၂၀၁၄ နှင့် ၂၀၁၅ တွင် တစ်ဦးချင်းစီ အဖွဲ့မှ ထွက်ခွာခဲ့သည်။ EXO-K နှင့် EXO-M တို့သည် ၂၀၁၄ တွင်၎င်းတို့၏တတိယမြောက် EP Overdose ကိုထုတ်ဝေခဲ့သည့်အချိန်အထိ ကိုရီးယားနှင့်မန်ဒရင်းဘာသာစကားများဖြင့် အသီးသီး ဖျော်ဖြေတင်ဆက် ခဲ့ကြသည်။ ၂၀၁၄ ခုနှစ်မှစ၍ Exo သည် အခြားဘာသာစကားများဖြင့် ဖျော်ဖြေတင်ဆက်မှုများရှိနေသေးသော်လည်း အဖွဲ့တစ်ဖွဲ့တည်းအနေဖြင့် ဆက်လက်လှုပ်ရှားခဲ့သည်။ အသင်းဝင်များဖြစ်သည့် Chen၊ Baekhyun နှင့် Xiumin တို့သည် ၂၀၁၆ ခုနှစ်တွင် အဖွဲ့ခွဲ Exo-CBX အဖြစ်ပွဲထွက်ခဲ့ပြီး အခြားအဖွဲ့ဝင်များဖြစ်သော Sehun နှင့် Chanyeol တို့သည် ၂၀၁၉ ခုနှစ်တွင် အဖွဲ့ခွဲ Exo-SC အဖြစ်ပွဲထွက်ခဲ့သည်။ အခြားသော တေးဂီတ၊ ရုပ်ရှင်နှင့် ရုပ်မြင်သံကြားအစီအစဉ်များတွင် အဖွဲ့ဝင်တစ်ဦးချင်းစီသည် တစ်ကိုယ်တော်လှုပ်ရှားမှုများရှိကြသည်။

အလွန်အောင်မြင်သော single“ Growl ” နှင့်အတူဖြန့်ချိခဲ့သည့် EXO ၏ပထမဆုံးအယ်လ်ဘမ် XOXO (၂၀၁၃) သည် အချပ်ရေ တစ်သန်းကျော်ရောင်းချခဲ့ရပြီး စီးပွားရေးအရလည်း အလွန်အောင်မြင်ခဲ့သည်။ ထိုကဲ့သို့အောင်မြင်မှုသည် နှစ်ပေါင်း ၁၂နှစ်အတွင်း EXO သည် ပထမဆုံးသော ကိုရီးယားအနုပညာရှင်အဖွဲ့ဖြစ်သည်။ နောက်ပိုင်းထွက်ရှိသော အယ်လ်ဘမ်များသည်လည်း ရောင်းအားကောင်းခဲ့ပြီး ၎င်းတို့၏ကိုရီးယားစတူဒီယိုအယ်လ်ဘမ်များသည် အချပ်ရေတစ်သန်းကျော်ကျော်ရောင်းခဲ့ကြရသည်။ EXO ၏ဆဌမအယ်လ်ဘမ်ဖြစ်သည့် Don't Mess Up My Tempo (၂၀၁၈) သည် music charts များအရအအောင်မြင်ဆုံးဖြစ်ခဲ့ပြီး US <i id="mwOA">Billboard</i> 200 တွင် နံပါတ် ၂၃ အထိ ရောက်ရှိခဲ့သလို တောင်ကိုရီးယား၌ရောင်းအားအကောင်းအဆုံးအဖြစ် အချပ်ရေ ၁.၉ သန်းကျော်ရောင်းချခဲ့သည်။

EXO သည် ၎င်းတို့၏အနုပညာသက်တမ်းတစ်လျှောက်လုံးတွင် Mnet Asian Music Awardsတွင် ၅နှစ်ဆက်တိုက် Album of the Yearဆု၊ Melon Music Awards တွင် ၂နှစ်ဆက်တိုက် Artist of the yearဆု အပါအဝင် မြောက်မြားစွာသောဆုများကိုရရှိခဲ့ပြီး ဖျော်ဖြေပွဲပေါင်း ၁၀၀ကျော်ပြုလုပ်ခဲ့သည်။ ဂီတအပြင် Nature Republic နှင့် Samsung ကဲ့သို့သောကုန်အမှတ်တံဆိပ်များနှင့် စာချုပ်များချုပ်ဆိုထားမှုများရှိသလို SM Entertainment နှင့် UNICEF တို့မှ ၂၀၁၅ ခုနှစ်တွင်စတင်ခဲ့သော Smile For U ကဲ့သို့သော ပရဟိတလုပ်ငန်းများတွင် ပါဝင်ခဲ့ကြသည်။။

နောက်ခံ[ပြင်ဆင်ရန်]

၂၀၁၁ တွင် SM Entertainment ၏ အမှုဆောင်အရာရှိချုပ် လီ Soo-man က တောင်ကိုရီးယားနှင့် တရုတ်တွင် ဂီတလှုပ်ရှားမှုများကိုမြှင့်တင်ရန် ကိုရီးယားနှင့်မန်ဒရင်းနှစ်မျိုးလုံးတွင် (အဖွဲ့ငယ်၂ခုအဖြစ် ခွဲခြားပြီး) တေးဂီတကိုဖျော်ဖြေမှုများကို ပြုလုပ်မည့် Boy Band အသစ်ကိုပွဲထုတ်ရန်စီစဉ်ခဲ့သည်။ [၁] [၂] ၂၀၁၁ ခုနှစ်ဒီဇင်ဘာလတွင်အဖွဲ့ဝင်အပြောင်းအလဲများစွာပြုလုပ်ပြီးနောက် (exoplanet ဟူသောစကားလုံးဆင်းသက်လာသော စကားလုံး) Exo ဟုအမည်ပေးခဲ့သည်။ [၃] SM Entertainment မှအဖွဲ့သစ်တခု ပွဲဦးထွက်သတင်းသည် တောင်ကိုရီးယားနှင့်နိုင်ငံတကာမှမီဒီယာများ၏အာရုံကိုဆွဲဆောင်နိုင်ခဲ့သည်။ [၄] ထို့အပြင် Exo သည်ပြိုင်ဘက် YG Entertainment မှ မိန်းကလေးအဖွဲ့အသစ်နှင့်လည်းယှဉ်ပြိုင်လိမ့်မည်ဟုဆိုကြသည်။ [၅]

သမိုင်း[ပြင်ဆင်ရန်]

2006-2012: ဖွဲ့စည်းခြင်းနှင့်အစောပိုင်းနှစ်များ[ပြင်ဆင်ရန်]

Exo-K ၏ခေါင်းဆောင် Suho သည် ၂၀၀၆ ခုနှစ်တွင် ကုမ္ပဏီ၏လူရွေးချယ်မှုကို အောင်မြင်ပြီးနောက် SM Entertainment သို့ပထမဆုံးဝင်ရောက်ခဲ့သည့် အဖွဲ့ဝင်ဖြစ်သည်။ နောက်နှစ်တွင် Kai(ခိုက်) သည်ဖခင်၏အားပေးမှုဖြင့် SM လူငယ်အကောင်းဆုံးပြိုင်ပွဲတွင် အနိုင်ရကာစာချုပ်ချုပ်ဆိုနိုင်ခဲ့သည်။ [၆] စမတ်မော်ဒယ်ပြိုင်ပွဲတွင် ဒုတိယနေရာရခဲ့သော Chanyeol ၊ ၂နှစ်အတွင်း လူရွေးပွဲလေးဆင့်ဖြတ်သန်းခဲ့ရသော Sehun [၇] တို့သည် 2008 ခုနှစ်တွင် သင်တန်းသားများ ဖြစ်လာခဲ့ကြသည်။ ၂၀၁၀ တွင် Exo-K ၏ D.O. သည် လူရွေးပွဲတွင် သီချင်းသီဆိုခဲ့ပြီးနောက် စာချုပ်ကိုကမ်းလှမ်းခံခဲ့ရသည်။ [၈] Exo-K ၏ နောက်ဆုံးသင်တန်းသားမှာ Baekhyun ဖြစ်ပြီး ၂၀၁၁ တွင် လူရွေးပွဲမှတဆင့် SM Entertainment သို့ရောက်ရှိခဲ့ပြီး ပွဲဦးထွက်မတိုင်ခင် တစ်နှစ်ခန့်အကြာလေ့ကျင့်ခဲ့သည်။ Exo-M တွင် Kris သည် ၂၀၀၈ ခုနှစ်တွင် ကနေဒါ၌ကျင်းပသောကမ္ဘာလုံးဆိုင်ရာ SM Entertainment လူရွေးချယ်ရေး အစီအစဉ်တွင် ပါဝင်ခဲ့သည်။ ထိုနှစ်၌ပင် Lay သည်တရုတ်နိုင်ငံ Changsha တွင်ကျင်းပခဲ့သော လူရွေးပွဲတင်ပါဝင်ခဲ့ပြီး တောင်ကိုရီးယားသို့ပြောင်းရွှေ့ခဲ့သည်။ Xiumin သည်သူ၏သူငယ်ချင်းနှင့်အတူလူရွေးပွဲသို့ တက်ရောက်ခဲ့ပြီးဒုတိယနေရာရရှိခဲ့သည်။ [၉] ၂၀၁၀ ခုနှစ်တွင် Luhan ကိုဆိုးလ်ရှိ SM Entertainment ကိုယ်စားလှယ်မှ ရှာဖွေတွေ့ရှိ ခဲ့ပြီး လူရွေးပွဲအောင်မြင်ခဲ့သလို Tao သည်လည်း စွမ်းရည်ပြပွဲတွင် SMမှတွေ့ရှိခဲ့သည်။ Exo-M တွင်ပါဝင်ခဲ့သည့်နောက်ဆုံးအဖွဲ့ဝင်မှာ ၂၀၁၁ ခုနှစ်တွင် Casting System တွင်ပါဝင်ခဲ့သည့် Chen ဖြစ်သည်။ Exoအဖွဲ့၏ထမဆုံး ရုပ်မြင်သံကြားဖျော်ဖြေမှုမှာ ဒီဇင်ဘာလ 29, 2011 ရက်တွင် ကျင်းပသော SBS Gayo Daejeon ပွဲဖြစ်သည်။[၁၀]

Exo-K နှင့် Exo-M တို့သည် ၂၀၁၂ ဧပြီ ၈ တွင် "Mama" သီချင်းဖြင့် ပွဲဦးထွက်ခဲ့ပြီး နောက်ရက် ဧပြီ ၉ တွင် EPအယ်လ်ဘမ် Mamaထွက်ရှိခဲ့သည်။ [၁၁] Exo-K အဖွဲ့သည် ဂီတအစီအစဉ်The Music Trendတွင်ပါဝင်ဖျော်ဖြေသကဲ့သလို့ ထိုနေ့တွင်ပင် Exo-Mသည်လည်း Shenzhen၌ကျင်းပသော Top Chinese Music Awards တွင်ပါဝင်ဖျော်ဖြေပြီး အယ်ဘမ်ကို အသီးသီးအရောင်းမြှင့်တင်ခဲ့ကြသည်။[၁၂]ကိုရီးယားဗားရှင်း အယ်လ်ဘမ်သည် တောင်ကိုရီးယား၏ Gaon Album Chart တွင် နံပါတ် (၁) [၁၃]နှင့် Billboard World Albums Chartတွင် နံပါတ် (၈) ရယူနိုင်ခဲ့သလို[၁၄] မန်ဒရင်းဗားရှင်းအယ်လ်ဘမ်မှာလည်း တရုတ် Sina Album Chart တွင် နံပါတ် (၂) နှင့် အခြား music streaming platform များတွင် နံပါတ် (၁) ရယူနိုင်ခဲ့သည်။ ပွဲဦးထွက်မတိုင်ခင် Exo သည် "What Is Love" နှင့် "History" သီချင်းများကို ထုတ်လွှင့်ခဲ့ပြီး ၎င်းတို့သည်လည်း Gaon Digital Chartတွင် နံပါတ် ၈၈ နှင့် ၆၈ အသီးသီးဖြင့် ရပ်တည်နိုင်ခဲ့သလို Sina Music Chart တွင်လည်း နံပါတ် ၆ ဖြင့် ရပ်တည်နိုင်ခဲ့သည်။ [၁၅] Exo သည် Best New Asian Group ဆုကို 2012 Mnet Asian Music Awards ၌လည်းကောင်း Newcomer Award ဆုကို Golden Disc Awards ၌လည်းကောင်းရရှိခဲ့သည်။

References[ပြင်ဆင်ရန်]

  1. Cho၊ Woo-young။ "SM 신예 2팀 드디어 출격..샤이니 이후 4년만 '기대'"၊ EDaily၊ November 22, 2011။ 
  2. Seabrook၊ John။ "Factory Girls"၊ The New Yorker၊ October 1, 2012။ 
  3. Cuevas၊ Keb။ "Beginner's guide: Why EXO is out of this world"၊ Rappler၊ April 22, 2018။ 
  4. "SM, 남성 아이돌 그룹 내놓나...기업분석 보고서 화제"၊ DC News၊ January 28, 2011။ 3 November 2020 တွင် ပြန်စစ်ပြီး။ Archived from the original on 4 December 2013။ 
  5. Kwon၊ Suk-bin။ "SM 보이그룹 vs YG 걸그룹, 내년 新아이돌 자존심 성대결"၊ Newsen၊ November 14, 2011။ 
  6. You must specify title = and url = when using {{cite web}}. (in ko) (June 5, 2012)။
  7. Template error: argument title is required. 
  8. Template error: argument title is required. 
  9. You must specify title = and url = when using {{cite web}}. (March 16, 2018)။
  10. Template error: argument title is required. 
  11. "The First Mini Album Title Song 'MAMA' of Exo-K and Exo-M will be Released Worldwide on the 8th at 00:00!" (သတင်းထုတ်ပြန်ချက်)။ SM Entertainment။ April 7, 2012April 11, 2012 တွင် ပြန်စစ်ပြီး
  12. "Exo-K and Exo-M will Make Their Debut on April 8th both in Korea and China!" (သတင်းထုတ်ပြန်ချက်)။ SM Entertainment။ April 3, 2012April 26, 2012 တွင် ပြန်စစ်ပြီး
  13. Template error: argument title is required. 
  14. "World Music: Top World Albums Chart"၊ Billboard 
  15. မော်ကွန်းတင်ပြီးမိတ္တူ (in zh-hans)။ Sina.com (March 12, 2012)။ 3 March 2016 တွင် မူရင်းအား မော်ကွန်းတင်ပြီး။ April 11, 2012 တွင် ပြန်စစ်ပြီး။