ဆူဟို

ဝီကီပီးဒီးယား မှ
Suho
Suho in September, 2017.
ဇာတိ အမည်김준면
မွေးဖွားKim Jun-myeon
(1991-05-22) မေ ၂၂၊ ၁၉၉၁ (အသက် ၃၂)
Seoul, South Korea
အလုပ်အကိုင်
  • Singer
  • actor
  • model
  • songwriter
တက်ကြွလှုပ်ရှားနှစ်များ2012–present
ဂီတခရီးလမ်း
ဂီတဟန်K-pop
တေးသံသွင်း ကုမ္ပဏီ
ပူးတွဲ ပါဝင်မှု
ဆူဟို
အက္ခရာဖလှယ်ခြင်းများ
ဟန်ဂုလ်준면
ဟန်ဂျာ
RRအက္ခရာဖလှယ်ခြင်း:Gim Jun-myeon
MRအက္ခရာဖလှယ်ခြင်း:Kim Chunmyŏn

Kim Jun-myeon ( (1991-05-22)မေ ၂၂၊ ၁၉၉၁ တွင်မွေးဖွားသည်။ )အနုပညာနာမည် Suho (ကိုရီးယားဘာသာတွင် "ကာကွယ်​စောင့်ရှောက်သူ"ဟုအဓိပ္ပာယ်ရ) ဟု လူသိများသူ၊ သည် တောင်ကိုရီးယားအဆိုတော်နှင့်သရုပ်ဆောင်ဖြစ်သည်။​ တောင်ကိုရီးယား -တရုတ် ​ယောက်ျား​​လေး အဆို​တော်အဖွဲ့ Exo နှင့် ၎င်း၏အဖွဲ့ခွဲ Exo-K တို့၏ အဖွဲ့ဝင်တစ်ဦးလည်းဖြစ်သည်။ Suho သည်အဖွဲ့၏လှုပ်ရှားမှုများအပြင် One Way Trip (2016), The Universe's Star (2017) နှင့် Rich Man (2018) ကဲ့သို့သော ရုပ်မြင်သံကြားဇာတ်လမ်းများနှင့်ရုပ်ရှင်များတွင်လည်း သရုပ်ဆောင်ခဲ့သည်။

အစောပိုင်းဘဝ[ပြင်ဆင်ရန်]

Suho သည် ဆိုးလ်မြို့မှ ဖြစ်ပြီးသူ၏မိသားစုနှင့်အတူ Apgujeong ၏ဆိုးလ်ဒေသတွင်နေထိုင်သည်။ Suho သည်ငယ်စဉ်ကတည်းကမူလတန်းကျောင်းတွင်အတန်း​ခေါင်း​ဆောင်class presidentနှင့်သူ၏ကျောင်း၏ကျောင်းသားအဖွဲ့၏ဒုတိယဥက္ကဋ္ဌvice-chairmanဖြစ်ခဲ့သည်။ သူသည်နာမည်ကျော် Whimoon အထက်တန်းကျောင်း မှဘွဲ့ရရှိခဲ့ပြီးသူသည်ထူးချွန်စွာ ပညာသင်ကြားခဲ့သည်။

SM ဖျော်ဖြေရေး မန်နေဂျာကလမ်းများပေါ်တွင်ရှာဖွေတွေ့ရှိပြီးနောက် ၁၆ နှစ်အရွယ်တွ ၂၀၀၆ ခုနှစ်တွင် SM Entertainment 's Casting System မှသင်တန်းသားတစ်ယောက်ဖြစ်လာခဲ့သည်။ ၂၀၀၇ ခုနှစ်တွင်သူသည် Super Junior ရုပ်ရှင် Attack on the Pin-Up Boys တွင် ဧည့်သည်သရုပ်​ဆောင်အဖြစ် ပါဝင်ခဲ့သည်။

အလုပ်အကိုင်[ပြင်ဆင်ရန်]

2012-14: ​အလုပ်အကိုင် အစ[ပြင်ဆင်ရန်]

Suho ကို Exo အဖွဲ့၏ ၁၀​ယောက်မြောက် အဖွဲ့ဝင်အဖြစ် ဖေဖော်ဝါရီလ 15, 2012 ရက်တွင် [၁] မိတ်ဆက်​ပေးခဲ့သည်။ ၎င်းအဖွဲ့သည် ၂၀၁၂ ခုနှစ် April လတွင် extended playMama နှင့် ပွဲဦးထွက်ခဲ့ပြီး Suho သည် အဖွဲ့​ခေါင်း​​ဆောင်ဖြစ်လာခဲ့သည်။ [၂]

၂၀၁၃ ခုနှစ်တွင် Suho သည် Saving Santa ကာတွန်းကား၏ ကိုရီးယား dub တွင်အဓိကဇာတ်ကောင် Bernard အဖြစ် အသံသရုပ်​ဆောင်ခဲ့သည်။ သူသည် ရုပ်ရှင်၏ဇာတ်ဝင်​တေးသီချင်းကိုလည်း Apink အဖွဲ့၏ Jung Eun-ji နှင့်အတူ အသံသွင်းခဲ့သည်။

၂၀၁၄ ခုနှစ်၊ ဖေဖော်ဝါရီလတွင် Suho သည် SBS ၏ အပတ်စဉ်ဂီတပြပွဲ Inkigayo အတွက် Exo အဖွဲ့ဝင် Baekhyun ၊ ZE - အဖွဲ့ဝင် Kwanghee နှင့်မင်းသမီး Lee Yu-bi တို့နှင့်အတူ အစီအစဉ်တင်ဆက်သူဖြစ်လာခဲ့သည်။ [၃] Suho နှင့် Baekhyun တို့သည် Exo ၏ ဒုတိယစတူဒီယိုအယ်လ်ဘမ်ကို ထုတ်ဝေရန် အာရုံစိုက်နိုင်ရန်အတွက် ၂၀၁၄ ခုနှစ် နိုဝင်ဘာလတွင် အစီအစဉ်မှနုတ်ထွက်ခဲ့သည်။ [၄]

2015 - လက်ရှိ: သရုပ်ဆောင်ရ​သော ဇာတ်​ကောင်များ နှင့် ​တေးဂီတပြဇာတ်များ[ပြင်ဆင်ရန်]

ဇန်နဝါရီလ 2015 ခုနှစ်တွင်သူသည် SM Entertainment ၏ hologram ​တေးဂီတပြဇာတ် School OZ တွင် Hans ၏ဇာတ်ကောင်အဖြစ် label တူ သရုပ်​​‌‌ဆောင် Changmin, Key , Luna, Xiumin နှင့် Seulgi တို့နှင့် အတူ သရုပ်​ဆောင်ခဲ့သည် ၂၀၁၅ ဧပြီလတွင် သူသည် KBS variety show ဖြစ်​သော Fluttering India တွင် ပုံမှန်အဖွဲ့ဝင်အဖြစ်ပါဝင်ခဲ့ပြီး အိန္ဒိယ ၊ မွန်ဘိုင်းရှိနေရာအနည်းငယ်ကို သွား​ရောက်ခဲ့သည်။

၂၀၁၆ ခုနှစ်မတ်လတွင် Suho သည် ၂၀ မြောက် Busan အပြည်ပြည်ဆိုင်ရာရုပ်ရှင်ပွဲတော် တွင်ပြသခဲ့သည့် indie ရုပ်ရှင် One Way Trip တွင် သရုပ်​ဆောင်အဖြစ် ပွဲဦးထွက်ပါဝင်ခဲ့သည်။ [၅] [၆] ၂၀၁၆ ခုနှစ် April လတွင် ဝဘ်ဒရာမာ How How You Bread တွင် ပါဝင်သရုပ်ဆောင်ရန်အတည်ပြုခဲ့သည်။ အဆိုပါစီးရီးကို ကိုရီးယားနှင့်တရုတ်နိုင်ငံတို့တွင် ဖြန့်ချိရန်စီစဉ်ထားသည်။ [၇] ၂၀၁၆ ခုနှစ်၊ ဇူလိုင်လတွင်ဆူဟိုနှင့် Exo အဖွဲ့ဝင် Chen တို့သီဆိုထား​သော “ Beautiful Accident” ဟုအမည်ရှိ ဇာတ်ဝင်သီချင်းကို နာမည်တူ တရုတ်ဇာတ်ကားအတွက် ထုတ်လွှင့်ခဲ့သည်။ [၈]

၂၀၁၇ ဇန်နဝါရီလတွင် Suho သည် MBC အထူးဒရာမာ The Universe's Star တွင် အဓိက အမျိုးသားဇာတ်​ဆောင်အဖြစ်သရုပ်​ဆောင်ခဲ့သည်။ Three Color Fantasy တွင် ပါဝင်ခဲ့သည်။ [၉] ဒရာမာအတွက် "Starlight" အမည်ရှိ ဇာတ်ဝင်သီချင်းကိုလည်း သီဆိုခဲ့သည်။ [၁၀] ၂၀၁၇ ခုနှစ်၊ ဖေဖော်ဝါရီလတွင် ဆူဟိုသည် Station Project Season 1 ၏ ​နောက်ဆုံး သီချင်းဖြစ်သော "Curtain" ကို, jazz စန္ဒယားပညာရှင် Song Young-joo နှင့်ပူးပေါင်းသီဆိုခဲ့သည်။ [၁၁] ၂၀၁၇ ခုနှစ်၊ စက်တင်ဘာလတွင် Female Middle Schooler A ရုပ်ရှင်၏ အဓကာင်း အမျိုးသားဇာတ်​ဆောင်အဖြစ် သရုပ်​ဆောင်လိမ့်မည်ဟု အတည်ပြုခဲ့သည်။ [၁၂] [၁၃]

၂၀၁၈ ခုနှစ်မတ်လတွင် Suho သည် Jang Jae-in နှင့် ပူးပေါင်း၍“ Dinner” နှင့်“ Do you have a moment” အမည်ရှိ Duet နှစ်ခုကို ထုတ်​ဝေခဲ့သည်။ [၁၄] ၂၀၁၈ ခုနှစ်မေလတွင် ဂျပန်ဇာတ်လမ်းတွဲ Rich Man, Poor Woman ကို တောင်ကိုရီးယား မှပြန်လည်ရိုက်ကူးရာတွင် ပါဝင်ခဲ့သည်။ ဆူဟိုသည် မူရင်းဇာတ်လမ်းတွဲတွင် Shun Oguri သရုပ်​ဆောင်ခဲ့​သော IT ကုမ္ပဏီတည်ထောင်သူအဖြစ် သရုပ်​ဆောင်ခဲ့သည်။ [၁၅] [၁၆] [၁၇] ဇူလိုင်လမှ ၂၀၁၈ ခုနှစ်ဩဂုတ်လအထိ Suho သည် The Man Who Laughs ​တေးဂီတပြဇာတ်တွင် ကြောက်စရာမျက်နှာရှိ​သော ​​ Gwynplaine အဖြစ်သရုပ်​ဆောင်ခဲ့သည်။ [၁၈] ​တေးဂီတပြဇာတ်၏ ပထမဆုံးနေ့တွင် ပရိသတ်ဆီမှ သူ၏သရုပ်​ဆောင်မှု နှင့် ပတ်သက်၍ အပြုသဘောဆောင်သောတုံ့ပြန်ချက်များရရှိခဲ့သည်။ [၁၉]

၂၀၁၉၊အောက်တိုဘာ ၂၈ တွင် ထုတ်လွှင့်ခဲ့​သော "The Present" အမည်ရှိ VR ရုပ်ရှင်တွင် ဆူဟိုသည် 'ဟာနူး' အမည်ရှိ လူငယ်စွန့်ဦးတီထွင်သူအဖြစ် Shin Ha-Kyun နှင့် Kim Seul-gi စ​သော သရုပ်​ဆောင်များနှင့်အတူ ပါဝင်ခဲ့သည်။[၂၀]

၂၀၂၀ခုနှစ်၊ မတ်လ ၃၀ရက်​နေ့တွင် ဆူဟိုသည် သူ၏ ပွဲဦးထွက် EPဖြစ်​​သော "Self-Portrait" ကို ဖြန့်​ဝေခဲ့သည်။ Exo အဖွဲ့ဝင်များထဲတွင် စတုတ္ထ​​မြောက်တစ်ကိုယ်​တော် အနုပညာရှင်အဖြစ် ပွဲဦးထွက်ခဲ့သူဖြစ်သည်။[၂၁] [၂၂]

ကိုယ်ပိုင်ဘဝ[ပြင်ဆင်ရန်]

၂၀၀၉ ခုနှစ်တွင် Suho သည် ကိုးရီးယားအမျိုးသားအနုပညာတက္ကသိုလ် သို့တက်ရောက်ခဲ့သည်။ သို့သော်သူသည် ၂၀၁၁ ခုနှစ်တွင်ကျောင်းထွက်ခဲ့ပြီး Exo အဖွဲ့ဝင်များဖြစ်သော Chanyeol နှင့် Baekhyun တို့နှင့်အတူ Kyung Hee Cyber တက္ကသိုလ်တွင် ဆက်လက်ပညာသင်ကြားခဲ့သည်။ Culture and Artts Department of Business Administration အတွက်သင်တန်းများတက်ခဲ့သည်။ [၂၃]

ရုပ်ရှင်ဇာတ်ကား[ပြင်ဆင်ရန်]

ရုပ်ရှင်[ပြင်ဆင်ရန်]

ခေါင်းစဉ် ခုနှစ် ပါဝင် သောအခန်း မှတ်စုများ
Attack on the Pin-Up Boys 2007 Dancer အပို
Saving Santa ၂၀၁၃ ဘားနတ် (အသံ) Korean dub၊ အဓိကသရုပ်ဆောင်။
One Way Trip 2016 Sang-woo အဓိကသရုပ်ဆောင်။
Middle School Girl A 2018 Hyun Jae Hee အဓိကသရုပ်ဆောင်။
Present 2020 Ha Neul VR ရုပ်ရှင် [၂၄]

ရုပ်မြင်သံကြားဇာတ်လမ်းတွဲများ[ပြင်ဆင်ရန်]

ခေါင်းစဉ် ခုနှစ် Network Role မှတ်စုများ
To the Beautiful You ၂၀၁၂
SBS
မိမိကိုယ်ကို ဧည့်သည် သရုပ်ဆောင်; အပိုင်း ၂
Prime Minister & I ၂၀၁၄
KBS2
Han Tae-woong ဧည့်သည် သရုပ်ဆောင်; အပိုင်း ၁၀-၁၂ [၂၅]
Exo Next Door ၂၀၁၅
Naver TV Cast
Suho Recurring; စိတ်ကူးယဉ်ဗားရှင်း
The ဝiverse's Star 2017
MBC, Naver TV Cast
Woo-joo အဓိကသရုပ်ဆောင်။
Rich Man 2018
Dramax, MBN
Lee Yoo-chan
How Are You Bread TBA

Naver TV Cast

ဟန်ဒိုဝူး

မှတ်တမ်းရုပ်ရှင်[ပြင်ဆင်ရန်]

ခေါင်းစဉ် နှစ် Network မှတ်စု
Korea From Above 2017
Mountain TV
Xiumin နှင့်အတူ ဇာတ်ကြောင်း

Variety show[ပြင်ဆင်ရန်]

ခေါင်းစဉ် နှစ် Network Role
Inkigayo ၂၀၁၄
SBS
ပူးတွဲအစီအစဉ်တင်ဆက်သူ
Fluttering India ၂၀၁၅
KBS
အဓိကသရုပ်ဆောင်။

ဂီတဗီဒီယိုများ[ပြင်ဆင်ရန်]

ခေါင်းစဉ် နှစ် Ref.
"Saving Santa" (with Eunji) ၂၀၁၃
" My Hero " (with Leeteuk, Jo Young-soo & Kassy) 2016
"Beautiful Accident" (with Chen)
" Curtain " (with Song Young-joo) 2017
(with Jang Jae-in) "Do You Have A Moment" 2018
Dinner (with Jang Jae-in)
ဧည့်သည်သရုပ်ဆောင်အဖြစ် ပါဝင်ခဲ့မှု
"To Mother" (remake; G.O.D.) ၂၀၁၄

တေးဂီတပြဇာတ်များ[ပြင်ဆင်ရန်]

ခေါင်းစဉ် နှစ် Role မှတ်စုများ
School OZ ၂၀၁၅ Hans Holographic ဂီတ; အဓိကသရုပ်ဆောင်။
The Last Kiss 2017 Crown Prince Rudolf အဓိကသရုပ်ဆောင်
The Man Who Laughs 2018 Gwynplaine အဓိကသရုပ်ဆောင်[၁၈]

ကိုးကားချက်များ[ပြင်ဆင်ရန်]

  1. 입력 2012.02.15 13:57 (2012-02-15)။ EXO-K, EXO-M 새 멤버 수호 공개 '출중한 비주얼' (in ko)။ 18 October 2019 တွင် မူရင်းအား မော်ကွန်းတင်ပြီး။ 18 October 2019 တွင် ပြန်စစ်ပြီး။
  2. Service (KOCIS)။ EXO debuts in front of 3000 fans :: Korea.net : The official website of the Republic of Korea (in en)။ 24 February 2019 တွင် မူရင်းအား မော်ကွန်းတင်ပြီး။ 18 October 2019 တွင် ပြန်စစ်ပြီး။
  3. EXO’s Suho, Baekhyun to Host "Inkigayo"10Asia (January 27, 2014)။ 18 October 2019 တွင် မူရင်းအား မော်ကွန်းတင်ပြီး။ 18 October 2019 တွင် ပြန်စစ်ပြီး။
  4. Suho, Baekhyun step down from ‘Inkigayo’Kpop Herald (December 14, 2016)။
  5. GLORY DAY Confirms Youth-led Cast (April 29, 2015)။
  6. Suho makes film debut (March 14, 2016)။
  7. EXO Suho to become pastry chef in Chinese-Korean drama (April 18, 2016)။
  8. Bae Mun-ju။ "엑소 수호·첸, 中 영화 OST 공개..귀호강 타임" (in ko)၊ July 8, 2016။ July 13, 2016 တွင် ပြန်စစ်ပြီး 
  9. [단독 엑소 수호, MBC 단막극 주연 물망…‘퐁당퐁당 러브’ PD 신작] (in ko)။ MBN Star (August 16, 2016)။
  10. EXO′s Suho Releases 2nd ′Starlight′ Music VideoenewsWorld (February 16, 2017)။ 6 September 2017 တွင် မူရင်းအား မော်ကွန်းတင်ပြီး။ 18 October 2019 တွင် ပြန်စစ်ပြီး။
  11. "EXO's Suho Draws the 'Curtain' on SM Station's First Year"၊ Billboard 
  12. KIM Hwan-hee and Pop Star SUHO Set to Star in Adaptation of Popular WebtoonKorean Film Biz Zone (October 13, 2017)။
  13. EXO’s Suho to star in movie with Kim Hwan-hee: reportKpop Herald
  14. EXO’s Suho and Jang Jae-in duet in two new songsKpop Herald (March 6, 2018)။
  15. "'엑소' 수호, 日 리메이크작 '리치맨 푸어우먼' 주인공" (in ko)၊ November 17, 2017။ 
  16. "[공식입장 수호 측 "日'리치맨 푸어우먼' 리메이크작 주인공 출연 확정"]" (in ko)၊ November 17, 2017။ 18 October 2019 တွင် ပြန်စစ်ပြီး။ Archived from the original on 24 June 2018။ 
  17. EXO’s Suho to play lead role in remake of Japanese drama ‘Rich Man, Poor Woman’The Korea Herald (November 17, 2017)။
  18. ၁၈.၀ ၁၈.၁ 엑소 수호, '웃는 남자'로 두번째 뮤지컬 무대 (in ko)။
  19. "엑소 수호, ‘웃는 남자’ 첫 공연 성료..‘뮤지컬 계 신성’으로 자리매김할 수 있을까" (in ko)။ 
  20. https://www.allkpop.com/article/2019/10/samsung-releases-movie-the-present-starring-exos-suho . allkpop. Retrieved 2019-10-28.
  21. https://n.news.naver.com/entertain/article/469/0000468472 [SM Entertainment: EXO Suho is preparing for his solo album, and date will be revealed when schedule is confirmed]. Naver (in Korean). February 19, 2020. Retrieved February 19, 2020.
  22. https://n.news.naver.com/entertain/article/609/0000255332 Naver (in Korean). March 6, 2020. Retrieved March 6, 2020
  23. "수호·백현·찬열 사이버대 재학 中…문화예술경영 배운다" (in ko-KR)၊ October 22, 2014။ 18 October 2019 တွင် ပြန်စစ်ပြီး။ Archived from the original on 31 March 2019။ 
  24. SHIN Ha-kyun, SUHO and KIM Seul-ki Accept HUR Jin-ho’s PRESENT (September 9, 2019)။
  25. EXO‘s Suho becomes the ideal church boy for ’Prime Minister and I‘Asia Today (January 15, 2014)။