ESTCube-1

ဝီကီပီးဒီးယား မှ
မြန်မာဘာသာဖြင့် သင့်လျော်သော အမည်မရှိသေးသောကြောင့် ဤဆောင်းပါးခေါင်းစဉ်ကို အခြားဘာသာစကား / စာဖြင့် ရေးသားထားခြင်း ဖြစ်သည်။
ESTCube-1 ဂြိုဟ်ထုသရုပ်ဖော်ပုံ

ESTCube-1 သည် အက်စတိုးနီးယားနိုင်ငံ၏ ပထမဆုံးဂြိုဟ်တု ဖြစ်သည်။ အက်စတိုးနီးယား ကျောင်းသားဂြိုဟ်တုအစီအစဉ်၏ တစ်စိတ်တစ်ပိုင်းအနေဖြင့် ၂၀၁၃ မေ ၇ ရက်နေ့ တွင် ဗီဂါဒုံးပျံဖြင့် တင်ဆောင်လွှတ်တင်ခဲ့သည်။ ကျောင်းသားဂြိုဟ်တုအစီအစဉ်သည် ပညာရေ:ပရောဂျက်တစ်ခုဖြစ်ပြီ တက္ကသိုလ်နှင့် အထက်တန်း ကျောင်းသားကျောင်းသူများ ပါဝင်နိုင်သည်။ ESTCube-1 ကိုတီထွင်နေစဉ်အတွင်း အလွန်သေးငယ်သော ဂြိုဟ်တုများအတွက် သတ်မှတ်ထားသော TubeSat စံသတ်မှတ်ချက်ကို လိုက်နာခဲ့သည့်အတွက် ၁၀×၁၀×၁၁.၃၅ စင်တီမီတာအရွယ်သာ ရှိသည်။ ထုထည်အားဖြင့် တစ်လီတာမျှနှင့် ၁.၀၄၈ ကီလိုဂရမ်မျှသာ အသားတင်အလေးချိန် ရှိသည်။