Disk Cleanup
ပုံပန်းသွင်ပြင်
Screenshot of Disk Cleanup in Windows 11 | |
ဆော့ဖ်ဝဲလ်ရေးသူ(များ) | Microsoft |
---|---|
ကွန်ပျူတာ စက်လည်ပတ်ရေး စနစ် | Microsoft Windows |
ဆော့ဖ်ဝဲလ် အမျိုးအစား | Disk maintenance application |
Disk Cleanup (cleanmgr.exe
) သည် မိုက်ခရိုဆော့ဝင်းဒိုးတွင် ပါဝင်သည့် ကွန်ပျူတာထိန်းသိမ်းမှုဆိုင်ရာဆော့ဝဲ ဖြစ်သည်။ ၎င်းဆော့ဝဲကို ကွန်ပျူတာ၏ ဟာ့ဒစ်နေရာများ ရှင်းလင်းရန်အတွက် အသုံးပြုသည်။ ဤဆော့ဝဲကို မိုက်ခရိုဆော့သည် ဝင်းဒိုး ၉၈ တွင် စတင်မိတ်ဆက်ခဲ့ပြီး ထိုအချိန်မှစတင်ကာ မိုက်ခရိုဆော့ဝင်းဒိုးဗားရှင်းများတွင် ပါဝင်သည့် ဆော့ဝဲတစ်ခု ဖြစ်လာခဲ့သည်။
၂၀၁၈ ခုနှစ်တွင် ဝင်းဒိုး ၁၀ ၏ ဗားရှင်း 1803 နှင့်အတူ Settings app တွင် ဒုတိယ cleanup utility တစ်ခုကို မိတ်ဆက်ခဲ့သည်။ သို့သော်လည်း Disk Cleanup ဆော့ဝဲသာ ဝင်းဒိုးနှင့်အတူ ကျန်ရှိခဲ့သည်။[၁]
အကြောင်းအရာ
[ပြင်ဆင်ရန်]ဤဆော့ဝဲသည် အချိန်ကြာမြင့်စွာ အသုံးပြုမှုမရှိသည့် ဖိုင်များကို ရှာဖွေပြီး အသုံးပြုသူသည် ထိုဖိုင်များကို ဖျက်ပစ်နိုင်ရန် လုပ်ဆောင်ပေးသည်။ ဖျက်ပစ်နိုင်ရန် ရှာဖွေပေးသည့် ဖိုင်အမျိုးအစားများတွင် အောက်ပါတို့ ပါဝင်သည်။
- "Windows Update Cleanup": ကွန်ပျူတာစနစ်အတွင်း ထည့်သွင်းပြီး ဖြစ်သည့် Windows updates ၏ ကော်ပီဖိုင်များ
- "Microsoft Defender Antivirus": Microsoft Defender Antivirus မှ လိုအပ်မှုမရှိတော့သည့် ယာယီဖိုင်များ
- "Windows Update log files": troubleshooting ပြုလုပ်ရန်အတွက် ဝင်းဒိုးမှ ဖန်တီးထားသည့် Log files များ
- "Downloaded Program Files" (deprecated): အင်တာနက်မှတဆင့် Internet Explorer ဆော့ဝဲက ဒေါင်းလုပ်ပြုလုပ်ခဲ့သည့် ActiveX controls and Java applets
- "DirectX Shader Cache": လုပ်ဆောင်မှုအရှိန်ကို မြှင့်တင်ရန် DirectX က ဖန်တီးလိုက်သည့် ဗီဒီယိုဂိမ်းများ
- "Delivery Optimization Files": Delivery Optimization က ဒေါင်းလုပ်ပြုလုပ်ခဲ့သည့် ယာယီ ဖိုင်များ
- "Device driver packages": device drivers ထည့်သွင်းရန် အသုံးပြုခဲ့သည်များနှင့် အခြားမလိုအပ်သည်များ
- "Language Resource Files": ဖောင်းပွနေသည့် ဖိုင်များအား မလိုအပ်ပါက ဖယ်ရှားခြင်း
- "Recycle Bin": လက်ရှိအသုံးပြုနေသူအတွက်သာ ခွင့်ပြုထားသည့် Recycle Bin ရှိ အချက်အလက်ဖိုင်များ
- "Temporary Files": အသုံးပြုခြင်း မရှိသော၊ အနည်းဆုံး ၄၈ နာရီမတိုင်မီက ဖန်တီးထားခဲ့သည့် ယာယီဖိုဒါအတွင်းရှိ ဖိုင်များ
ကိုးကား
[ပြင်ဆင်ရန်]- ↑ Deprecated features for Windows client။ Microsoft (2024-01-26)။