Country rap

ဝီကီပီးဒီးယား မှ
Jump to navigation Jump to search
This article is titled in another language/script, because there is no suitable name in Myanmar language yet.

Country rap သည် country ဂီတကို hip hop ပုံစံ rapping များရောနှောထားသော ကျော်ကြားလာသော မျိုးခွဲဖြစ်ပြီး hick-hop (သို့) rural rap ဟုလည်းသိကြသည်။ Country rap သည် Bubba Sparxxxနှင့် ထုတ်လုပ်သူ Shannon "Fat Shan" Houchins က Spaxxx ၏ ၂၀၀၁ တွင် Dark Days, Bright Nights album ကို ဖန်တီးရာမှ စတင်အစပျိုးခဲ့သည်။ Interscope Records မှ ဖြန့်ချိခဲ့သည်။ ၂၀၀၅ ခုနှစ်တွင် အနုပညာရှင် Big&Rich က Cowboy Tray ဟု မိတ်ဆက်ခဲ့သည်။ ၂၀၀၅ခုနှစ် Loco Motive ကို Warner Brothers မှ ဖြန့်ချိခဲ့သည်မှစ၍ တိမ်းညွတ်ခဲ့သည်။ Billboard Top Country Album သီချင်းစာရင်းတွင် နံပါတ်၂သို့ရောက်ရှိခဲ့သည်။ Bubba Sparxxx’s ၏ album ပွဲဦးထွက်ထွက်ချင်း platinum ဆုရရှိခဲ့သည်။ Houchins က Average Joes Entertainment ကို country rapper Colt Ford နှင့်အတူ ဖန်တီးပြီးနောက် မကြာခင်ဖြစ်သည်။ ဒါဟာ country rap သည် mainstream country ၌ ကွဲပြားသော အမျိုးအစားများစွာရှိသည့်အနက် ကွဲထွက်ခြင်းစတင်ခြင်းဖြစ်သည်။ Colt Ford သည် album ၁.၅ သန်းကျော် ရောင်းချနိုင်ခဲ့ပြီး Billboard ၏ country ဂီတသီချင်းစာရင်းတွင် Top 10 စာရင်းတွင် ဝင်ရောက်ခဲ့သည်။ Ford ၏ ၂၀၁၂ တွင် Declaration Of Independence ကို ဖြန့်ချိခဲ့ပြီး Billboard ၏ Country သီချင်းစာရင်းတွင် နံပါတ်တစ်နေရာနှင့် သူ၏ ၂၀၁၄ album Thanks for Listening သည် Billboard Rap သီချင်းစာရင်းတွင် နံပါတ်တစ်နေရာနှင့် Billboard Country နှင့် Rap သီချင်းစာရင်းတွင် တစ်ဦးတည်းရှိသော ပထမဆုံးအနုပညာရှင်အဖြစ်သမိုင်းတွင် ကျန်ရစ်ခဲ့ သည်။ The Lacs ၏ တတိယနှင့် စတုတ္ထမြောက် albums များဖြစ်သည့် Keep it Redneck နှင့် Outlaw in Me Both သည် Billboard Country သီချင်းစာရင်းတွင် နံပါတ်၃နေရာသို့ ရောက်ရှိခဲ့ပြီး country rap ကို အမျိုးအစားအသစ်အဖြစ် သက်သေပြနိုင်ခဲ့သည်။

ဤအမျိုးအစားထဲတွင် ပါဝင်သော အနုပညာရှင်များထဲတွင် Southern Country Muzik, Dj cannon Banyon, Camo Collins, Ben Coondog Tice, Stephen Lenmons Boondox, Lenny Cooper, Mud Digger, Danny Boone, The Kuntry Boyz, Knuckes, Bama Boys, 14 Ni, Sonny Bama, Good Of Boyz, Johnny Cobbler, Moonshine Bandits, Big Smo, Swarmprats, Yelawolf, Jawga Boyz, Dez, Boltleneck, Young Gunner, Twang & Round, Demon Jones, Sarah Ross, Haystak, Charlie Farley, Cap Bailey, Cypress Spring, Moccusin Creek, Oliva Lane, Chad Mac, Sloppry Jones, Mini Thin, Bigg Matt, Apalachee Don, Unkle Budd, DurtE, Redneck Souljers, Ryan Upchurch နှင့် PFE တို့ဖြစ်သည်။ Country အနုပညာရှင်များတွင် Toby Keith, Trace Adkins နှင့် Blake Shelton တို့သည် လက်တလောနှစ်များတွင် country rap အစိတ်အပိုင်းများကို အစားထိုးခဲ့သည်။  

Mainstream Country အနုပညာရှင် rapperများနှင့် rapper များနှင့် ပူးတွဲဆောင်ရွက်ခဲ့သူများ[ပြင်ဆင်ရန်]

Country ဂီတထဲတွင်ပါဝင်သော Talking Blues ပုံစံသည် ၁၉၇၀မှစ၍ အပေါ် လွှမ်းမိုးခဲ့သည်။ ဥပမာအားဖြင့် Woody Guthrine (၁၉၄၇) နှင့် Jimmy Dean သီဆိုခဲ့သော Big Bad John သီချင်းဖြစ်သည်။ သေချာသည်မှာ country ဂီတသီချင်းများသည် hip hop လွှမ်းမိုးမှုများကို ပြသခဲ့သည်။ Toby Keith ၏ Getcha Some နှင့် I wanna Talk about Me တို့ဖြစ်သည်။ ထူးခြားချက်မှာ အပူတပြင်းဖြစ်သော စည်းဝါးပုံစံများပါရှိသည်။ ထိုပုံစံက The Bellamy Brothers ၏ (၁၉၈၇) Country Rap သီချင်းတွင် တွေ့နိုင်သည်။ Neal McCay သည် The Beverly Hillbillies ၏ ဇတ်ဝင်သီချင်းကို hip hop ပုံစံဖြင့်မှတ်တမ်းတင်ခဲ့သည်။ hip hop သီချင်းများမှ နမူနာများပါဝင်သည်။ ၂၀၀၄စက်တင်ဘာတွင် အမေရိက hip hop မှတ်တမ်းအနုပညာရှင် Nelly သည် Over and Over ကိုဖြန့်ချိခဲ့သည်။ အမေရိကန် country သီချင်းရေးဆရာနှင့် အဆိုတော် Tim Mc Grew နှင့် ပူးတွဲလုပ်ဆောင်ထားခြင်းဖြစ်သည်။ သီချင်းသည် Billboard Hot 100 တွင် နံပါတ်၃နေရာတွင်ချိတ်ခဲ့ သည်။ Jason Aldeam သည် Dist Road Anthem သီချင်းနှင့်အတူ number one country hit ဖြစ်ခဲ့သည်။ country rapper Colt Ford နှင့် Country-rock အဆိုရှင် Brantley Gilbert သည်တို့ ဖန်တီးခဲ့ခြင်းဖြစ်သည်။ Dirt Road Anthem ကို Luacris- (rapper) က Remix ပြုလုပ်ခဲ့ပြီး CMT Music Awards (၂၀၀၁) နှင့် Grammy Nominations ဖျော်ဖြေပွဲ (၂၀၀၁) ၌ တီးခတ်ခဲ့သည်။ အမေရိက rapper B.O.B နှင့် country အဆိုရှင် Taylor Swift တို့ country rap သီချင်း Both of US ကို ပူးတွဲဖန်တီးခဲ့ကြသည်။ ဘင်ဂျိုဂီတာနောက်ခံပါသော hip hop သီချင်းတစ်ပုဒ်ဖြစ်သည်။ Country အဆိုရှင် Brad Paiseley နှင့် U cool J သည် သီချင်း Justified & Ancient တို့က ဖြန့်ချိခဲ့သည်။ ၁၉၈၇ ခုနှစ်(What the Fuck is Going On?) တွင် ပါဝင်သည်။ ထူးခြားချက်မှာ American Country ဂီတအဆိုရှင် Tammy Wynette က The White Room တွင် သီဆိုထားသည်။ ၂၀၀၀တွင် rapper Tow Down သည် Country Rap Tune ဖြန့်ချိခဲ့သည်။