Congo Tales

ဝီကီပီးဒီးယား မှ
မြန်မာဘာသာဖြင့် သင့်လျော်သော အမည်မရှိသေးသောကြောင့် ဤဆောင်းပါးခေါင်းစဉ်ကို အခြားဘာသာစကား / စာဖြင့် ရေးသားထားခြင်း ဖြစ်သည်။

Congo Tales သည် အမ်ဘိုမာခရိုင်(Mbomo District)မှ ကွန်ဂိုလူမျိုးတို့၏ အော့ဇာလာ-ကိုကုအာ အမျိုးသားဥယျာဉ်(Odzala Kokoua National Park)အတွင်း ၎င်းတို့ဒဏ္ဍာရီကို သရုပ်ဖော်ထားသည့် ဓာတ်ပုံစာအုပ်စီးရီးတစ်ခုဖြစ်သည်။[၁] ထိုစာအုပ်ကို Random House ၏ လုပ်ငန်းခွဲတစ်ခုဖြစ်သော ပရက်စတယ်ထုတ်ဝေရေး(Prestel Publishing) မှ ထုတ်ဝေခဲ့ပြီး အမေရိကန်နိုင်ငံတွင် ၂၀၁၈ ခုနှစ် နိုဝင်ဘာလ ၁၅ ရက်နေ့တွင် ဖြန်ချီခဲ့ပြီး ယူကေတွင် ၂၀၁၈ ခုနှစ် ဂျူလိုင် ၉ ရက်နေ့တွင် ဖြန့်ချိခဲ့သည်။(ISBN 978-3-7913-5789-8)[၂]

Congo Tales. Told by the People of Mbomo. Racontés par les gens de Mbomo

ထိုစာအုပ်အတွင်းရှိ ဓာတ်ပုံများကို Pieter Henket မှ ရိုက်ကူးထားခြင်းဖြစ်ပြီး Storming Donkey Productions မှ Eva Vonk နှင့် Stefanie Plattner တို့မှ တည်းဖြတ်မှု ပြုလုပ်ထားသည်။[၃] ဤစာအုပ်အတွင်းရှိ ကွန်ဂိုဒဏ္ဍရီများသည် ကွန်ဂိုဒဿနိကပညာရှင် S.R. Kovo N’Sondé[၄] နှင့် စာရေးဆရာ Wilfried N'Sondé[၅] တို့မှ ပြင်ဆင်ပေးထားခြင်းဖြစ်သည်။ Congo Tales သည် Tales of Us စာအုပ်စီးရီးမှ ပထမဆုံးစာအုပ်ဖြစ်သည်။[၆] စီမံချက်ထဲတွင် ဤစာအုပ်အတွင်းရှိ ကွန်ဂိုဒဏ္ဍာရီများထဲမှ တစ်ခုဖြစ်သည့် The Little Fish and the Crocodile အား အခြေတည်၍ Stefanie Plattner မှ ရိုက်ကူးထားသော ဇာတ်လမ်းတိုတစ်ခုလည်း ပါဝင်သည်။[၇]


ကိုးကား[ပြင်ဆင်ရန်]

  1. The People of Mbomo Tell Their Stories (၁၀ ဩဂုတ် ၂၀၁၉)။
  2. Congo Tales
  3. Magical Photos Bring Fables From Mbomo To Life
  4. Excerpt: 'The Mole and the Sun' from 'Congo Tales'။ ၁၀ ဩဂုတ် ၂၀၁၉ တွင် ပြန်စစ်ပြီး။
  5. Congo Tales offers an alternative to fear-based environmental messaging (၁၀ ဩဂုတ် ၂၀၁၉)။
  6. The People Of Mbomo Tell Their Stories In Congo Tales (၁၀ ဩဂုတ် ၂၀၁၉)။
  7. PBS News Hour segment on Congo Tales။</

ဆက်လက်ဖက်ရှုရန်[ပြင်ဆင်ရန်]

ပြပွဲများ[ပြင်ဆင်ရန်]

ပြင်ပလင့်များ[ပြင်ဆင်ရန်]