Company of Heroes

ဝီကီပီးဒီးယား မှ
မြန်မာဘာသာဖြင့် သင့်လျော်သော အမည်မရှိသေးသောကြောင့် ဤဆောင်းပါးခေါင်းစဉ်ကို အခြားဘာသာစကား / စာဖြင့် ရေးသားထားခြင်း ဖြစ်သည်။

Company of Heroes သည် Relic Entertainment မှ ရေးသားထားသည့် ၂၀၀၆ တွင် ထွက်ရှိသော real-time strategy ဗွီဒီယိုဂိမ်းတစ်ခု ဖြစ်သည်။ ၎င်းဂိမ်းသည် ဝင်းဒိုးအတွက်ဂိမ်းများ တံဆိပ် အသုံးပြုမှုကို ပြုလုပ်ရန် ပထမဦးဆုံး ခေါင်းစဉ် ဖြစ်ခဲ့သည်။ ၎င်းဂိမ်း၏ အဆက်၊ ဆန့်ကျင်ဘက် စစ်မျက်နှာများကို စက်တင်ဘာ ၂၅၊ ၂၀၀၇ ခုနှစ်တွင် ထုတ်ဝေခဲ့သည်။ ဒုတိယမြောက် အဆက်၊ သမိုင်းတွင်တဲ့ရဲစွမ်းသတ္တိကို ၂၀၀၉ ခုနှစ် ဧပြီလတွင် ထုတ်ဝေခဲ့သည်။ ၂၀၁၂ ခုနှစ် မတ်လ ၁ ရက်နေ့တွင် OS X အတွက် Company of Heroes နှင့် ၎င်း၏ နောက်ဆက်တွဲများ အားလုံးကို Aspyr Media မှ ထုတ်ဝေခဲ့သည်။

Company of Heroes ကို ဒုတိယ ကမ္ဘာစစ်အတွင်းတွင် ဇာတ်အိမ်တည်ထားသည်။ တစ်ယောက်တည်း ကစားရသော တိုက်ပွဲစဉ်တွင် နော်မန်ဒီတိုက်ပွဲနှင့် မဟာမိတ်တို့၏ ပြင်သစ် လွတ်မြောက်ရေး တိုက်ပွဲအတွင်း ကစားသူက အမေရိကန်တပ်ဖွဲ့ နှစ်ဖွဲ့ကို အမိန့်ပေးကစားရမည် ဖြစ်သည်။ ၎င်းအထူးတာဝန်ပေါ်တွင် မူတည်ပြီး ကစားသူက အမှတ် ၂၉ ခြေမြန်တပ်မ လက်အောက် အမှတ် ၁၁၆ ခြေလျင်တပ်ရင်း၏ အေဘယ်လ်တပ်ခွဲ သို့မဟုတ် အမှတ် ၁၀၁ လေကြောင်းချီတပ်မ လက်အောက် အမှတ် ၅၀၆ လေထီးတပ်ရင်း၏ မြေခွေးတပ်ခွဲ တစ်ခုခုကို ထိန်းချုပ် ကစားရမည်။

၂၀၁၃ခုနှစ် ဇန္နဝါရီမတိုင်မီအထိ Company of Heroes ဂိမ်းများကို ကမ္ဘာအနှံ့အပြားတွင် မိတ္တူ ၄သန်းကျော် ရောင်းချပြီး ဖြစ်သည်။အင်တာနက်တွင် လူအမြောက်အမြား ကစားနိုင်သော၊ အခမဲ့ကစားရသော Company of Heroes Online ထုတ်ကုန်သစ်ကို ၂၀၁၀ခုနှစ် ဧပြီတွင် open beta အနေဖြင့် တောင်ကိုရီးယားနိုင်ငံ၌ ၂၀၁၁ မတ်လ တရားဝင်ပယ်ဖျက်ခြင်း မတိုင်မီအထိ ထုတ်ဝေခဲ့သည်။

၎င်းဂိမ်း၏ နောက်ဆက်တွဲ Companies of Heroes 2 ကို ၂၀၁၃ခုနှစ် ဇွန်လ ၁၅ရက်နေ့တွင် ထုတ်ဝေခဲ့သည်။

ကိုးကား[ပြင်ဆင်ရန်]