Chat သင်္ကေတ

ဝီကီပီးဒီးယား မှ
မြန်မာဘာသာဖြင့် သင့်လျော်သော အမည်မရှိသေးသောကြောင့် ဤဆောင်းပါးခေါင်းစဉ်ကို အခြားဘာသာစကား / စာဖြင့် ရေးသားထားခြင်း ဖြစ်သည်။
Smiley

Chat သင်္ကေတ ကို Smiley ဟုလည်း သိကြသည်။ အင်တာနက်အသုံးပြုဖူးသူတိုင်း Messengerများ Chat ခန်းများဖိုရမ်နှင့် Message-Boardများပေါ်တွင် :-) သဏ္ဍန်အားမြင်တွေ့ အသုံးပြုသူတွေချည်းဖြစ်သည်။ ထိုသဏ္ဍန်သည် အသုံးပြုသူ၏ စိတ်ခံစားမှုအား ရိုးရိုးရှင်းရှင်းနှင့် ထိထိမိမိဖော်ပြနိုင်ခြင်းကြောင့် တစ်ဦးနှင့်တစ်ဦး ဆက်သွယ်ရာတွင် စကားလုံးပေါင်းများစွာထက် ခရီးရောက်လှပေသည်။ သို့သော် ထိုသဏ္ဍန်လေးများ၏ သမိုင်းအား သိရှိသူမှာ လွန်စွာနည်းပါးလှသေးသည်။ တကယ်တော့ Smiley လေးများသည် လွန်ခဲ့သော ၂၅ နှစ်က တက္ကသိုလ်ပါမောက္ခတစ်ဦး ၏ အိုင်ဒီယာမှ စတင်ခဲ့ခြင်းဖြစ်သည်။

တီထွင်ရခြင်း အကြောင်းရင်း[ပြင်ဆင်ရန်]

လွန်ခဲသော ၂၅ နှစ်အချိန်က ကွန်ပျူတာနှင့် အင်တာနက်များမှာ တက္ကသိုလ်ကြီးများ၊ သုတေသနဌာနများတွင်သာ တွင်တွင်ကျယ် အသုံးပြုနိုင်သေးသည်။ ထိုကွန်ရက်များအတွင်းတွင် Message-Board များရှိပြီး သုတေသနအချက်အလက်များ လဲလှယ်ကြရုံသာမက အခြားအရေးမကြီးသော ကျောင်းတွင်း ကျောင်းပြင်သတင်းများ၊ အစည်းအဝေးအချိန်ဇယား၊ အပျော်နောက်ပြောင်ငြင်းခုန်ကြခြင်းများပါ ရှိလေ့ရှိသည်။ သို့သော် မကြာခဏဆိုသလို နောက်ပြောင်ပြောဆိုခြင်းများအား နားလည်မှု လွဲမှားခြင်းများလည်း ဖြစ်လေ့ရှိသောကြောင့် ထိုအခက်အခဲကို ဖြေရှင်းရန် Board ကော်မတီမှ အကြံဉာဏ်များတောင်းခံတော့သည်။ အမျိုးမျိုးသောပုဂ္ဂိုလ်များမှ Emotion များ အသုံးပြုသင့်သည်ဟု ထောက်ခံကြသော်လည်း မည့်သည့်ပုံသဏ္ဍန်သုံးရန် စဉ်းစားမရဖြစ်နေကြသည်။ နောက်ဆုံးတွင် ပါမောက္ခScott-Fahlman မှ :-) အား Message တွင်ထည့်သွင်းခြင်းဖြင့် အပျော်နောက်ပြောင်ခြင်းဟု သတ်မှတ်ပြီး :-( အားအမှန်တကယ်အတည်ယူရန် အကြံပေးခဲ့သည်။ ထိုအစနစ်အား အသုံးပြုပြီးများမကြာမီပင် ဒုတိယပုံအားဝမ်းနည်းခြင်း၊ စိတ်ရှုပ်ထွေးခြင်း၊ သဘောမကျခြင်းအဖြစ် မှတ်ယူလာကြသည်။

အသုံးပြုမှု ကျယ်ပြန့်သွားခြင်း[ပြင်ဆင်ရန်]

ထိုစနစ်သည် အခြားသော တက္ကသိုလ်ပေါင်းများစွာအထိ ပျံ့နှံ့သွားပြီး Yahoo နှင့် MSN တို့ ပေါ်လာချိန်တွင် Messenger များမှ တစ်ကမ္ဘာလုံးအတိုင်းတာထိ ပျံ့နှံ့သွားတော့သည်။ ယနေ့ခေတ်အရောက်တွင် Emoticon ပေါင်း ၁၀၀ ကျော်အထိ ရှိနေပြီဖြစ်သည်။ ပရော်ဖက်ဆာ Fahlman မှ ထိုစနစ်အား သူဦးစွာတီထွင်ခဲ့ကြောင်း စတင်ကြေညာစဉ်က မည်သူမျှ မယုံကြည်ကြ။ အေပီကဲ့သို့သော သတင်းဌာနကြီး ကိုယ်တိုင်မှလည်း ခေတ်ဦးကွန်ပျူတာဘိုးအေကြီးများအား ဆက်သွယ်စုံစမ်းစဉ်က မည်သူမျှမသိကြောင်းဝန်ခံကြသည်။ ထို့ကြောင့်ပါမောက္ခ Fahman သည် သက်သေပြရန် ဝန်ထမ်းများအကူအညီဖြင့် သူ၏အကြံပြုချက်အားပြန်လည်ရှာဖွေတော့သည်။ ထိုစဉ်က မှတ်တမ်းများအား ယနေ့ကဲ့သို့ ဒစ်ဂျစ်တယ်စနစ်ဖြင့် သိုလှောင်ခြင်းမဟုတ်သေးဘဲ၊ ဗီဒီယိုတိပ်ခွေများဖြင့် ကူးယူမှတ်တမ်းတင်ထား သောကြောင့် ရှာဖွေရာတွင် များစွာခက်ခဲခဲ့လေသည်။ သို့သော် နောက်ဆုံးတွင်တော့ သက်သေ Message အားရှာဖွေတွေ့ရှိကာ သက်သေထူနိုင်ခဲ့လေတော့သည်။

စက်တင်ဘာ ၁၉ရက် ၁၉၈၂ ခုနှစ်တွင် စတင်အသုံးပြုခဲ့ခြင်းကြောင့် ယနေ့တွင် Smiley လေးများ ၂၅ပြည့်သွားပြီဖြစ်သည်။ အကယ်၍သာ ထိုပုံသဏ္ဍန်လေးများမရှိပါက အင်တာနက်လောကတွင် ဆက်သွယ်ပြောကြားရာ၌ များစွာခြောက်သွေ့နေမည်မှာ သေချာလှသည်။