Celtic punk

ဝီကီပီးဒီးယား မှ

Celtic punk သည် celtic ဂီတနှင့် punk rock ကို ရောစပ်ထားသည် ဤအမျိုးအစားသည် ၁၉၈၀ တွင် The Pogues တီးဝိုင်းကြောင့် ကျော်ကြားလာခဲ့သည်။ လန်ဒန်မှ punk ဂီတသမားများဖြစ်ပြီး သူတို့သည် အိုင်ယာလန်မှ အမွှေအနှစ်များကို ချီးမွမ်းခဲ့ကြသည်။ Celtic တီးဝိုင်းများသည် အိုင်ယာလန်၏ရိုးရာသီချင်း၊ Wesh၊ စကော့တလန် folk နှင့် နိုင်ငံရေးသီချင်းများ ၏ရိုးရာသီချင်းများကို cover အဖြစ် တစ်ခါတစ်ရံသီဆိုကြသည်။ Celtic punk ဂီတတွင်နိုင်ငံရေး၊ ယဉ်ကျေးမှု၊ ဘာသာရေး၊ အရက်သောက်ခြင်း အကြောင်းများပါဝင်သည်။

ဝိသေသဝလက္ခဏာ[ပြင်ဆင်ရန်]

ရိုးရာဓလေ့ Celtic punk တီးဝိုင်းများမှာ rock တီးခတ်ပုံများနှင့် စကောတလန်တွင် တီးမှုတ်လေ့ရှိသော အဝတ်ခြင်း၊ တယော့၊ အပေါက်ခြောက်ပေါက်ပါသော အပေါ့စား သံဖြူပလွေ၊ လက်ဆွဲဘာဂျာ၊ မယ်ဒလင်နှင့် ဘင်ဂျိုတို့ပါဝင်သည်။ celtic punk တွင် celtic ပေါင်းစပ်ခြင်းများပါဝင်သည်။ celtic punk ဟူသော ဝေါဟာရသည် အိုင်ယာလန် သို့မဟုတ် စကော့လန်ဓလေ့ရိုးရာ ဂီတများကို အခြခံထားသည့် တီးဝိုင်းများကို ဖော်ပြရာ၌ အသုံးပြုလေ့ရှိသည်။ ကျယ်ပြန့်လာသော folk punk အမျိုးအစားများမှာ တစ်ခုဖြစ်သည်။ သို့သော် ဝေါဟာရသည် အင်္ဂလန်၊ အမေရိကန်နှင့် အခြား folk ဂီတအခြားပုံစံများကို အသုံးပြုထားသည်။

သမိုင်းကြောင်း[ပြင်ဆင်ရန်]

Celtic punkသည် ၁၉၆၀ နှင့် ၁၉၇၀ အင်္ဂလန်မှ electric folk နှင့် ဝေး၊ အိုင်ယာလန်နှင့် စကော့တလန်မှ celtic rock များ တီးခတ်သော folk rock ဂီတသမားများထံမှ စတင်ခဲ့သည်။ celtic folk တီးဝိုင်းများဖြစ်သော The Dubliner နှင့် The Clany Brothers တီးဝိုင်းတို့ ပါဝင်သည်။ စကော့တလန်၊ ဒွန်ဖင်လိုင်းမြို့မှ the Skids တီးဝိုင်းသည် ပြင်းထန်သော folk ဂီတ အစိတ်အပိုင်းများကို ပေါင်းထည့်ထားသော ပထမဆုံး UK punk တီးဝိုင်းတစ်ခုဖြစ်နိုင်ဖွယ်ရှိသည်။ ၁၉၈၀တွင် သူတို့၏ ပထမဆုံး album Toy ထွက်ရှိခဲ့သည်။ ထိုအချိန်အတောအတွင်းတွင် အင်္ဂင်္လန် လန်ဒန်မြို့မှ ဂီတသမားများဖြစ်သော Shane Mae Gowan နှင့် Spider Stacy သည်လည်း စမ်းသပ်လေ့လာခဲ့ကြသည်။ ယခုအခါ The Pogues ဟူသော တီးဝိုင်းများဖြစ်လာခဲ့သည်။ သူတို့သည် ရိုးရာဓလေ့ folk သီချင်းများနှင့် ရှေးရိုးပုံစံရေးဖွဲ့ထာားသော မူရင်းသီချင်းများကို ရောနှောခဲ့ကြသည်။ သို့သော် punk ပုံစံဖြင့် ချော်ဖြေခဲ့ကြသည်။ အခြား celitic တီးဝိုင်းများတွင် Nyah Feraties, ဩစတေးလျ Roaring Jack နှင့် နော်ဝေးမှ Greeland Whefishes တီးဝိုင်း တို့ပါဝင်သည်။ မြောက်အမေရိကန်မှ celitic punk ဂီတများသည် အမေရိကန် ဂီတပုံစံများလွှမ်းမိုးခဲ့သည်။ celtic ဘိုးဘေးဘီဘင်ထဲမှ အဖွဲ့ဝင်များမပါပေ၊ အဓိကအားဖြစ် အင်္ဂလန် ပုံစံဖြင့် သီဆိုထားသည်။