ဘိုက် (ကွန်ပျူတာ)

ဝီကီပီးဒီးယား မှ
(Byte မှ ပြန်ညွှန်းထားသည်)

ကွန်ပျူတာသိုလှောင်စနစ်မှာ အသုံးပြုတဲ့ ယူနစ်ဟာ ကွန်ပျူတာ Binary စနစ်နဲ့ အနည်းငယ်ကွဲပြားပါတယ်[၁]။ Binary စနစ်မှာ Base 2 (21 22 23 … 2n) ကို အသုံးပြုပြီး သိုလှောင်စနစ်မှာတော့ Base 10 (101, 102, 103, ..., 10n) ကို အသုံးပြုပါတယ်။

Prefixes for multiples of
bits (bit) or bytes (B)
Decimal
Value SI
1000 k kilo
10002 M mega
10003 G giga
10004 T tera
10005 P peta
10006 E exa
10007 Z zetta
10008 Y yotta
Binary
Value IEC JEDEC
1024 Ki kibi K kilo
10242 Mi mebi M mega
10243 Gi gibi G giga
10244 Ti tebi
10245 Pi pebi
10246 Ei exbi
10247 Zi zebi
10248 Yi yobi

Bit (b)[ပြင်ဆင်ရန်]

Bit[၂] (ဘစ်) ဆိုတာ ကွန်ပျူတာ သိုလှောင်စနစ်ရဲ့ အသေးငယ်ဆုံး Unit တစ်ခု ဖြစ်ပါတယ်။ Bit ရဲ့အရှည်ကောက်ကတော့ Binary Digit ဖြစ်ပါတယ်။ Bit ကို ဖော်ပြတဲ့နေရာမှာ အင်္ဂလိပ်အက္ခရာ b အသေး နဲ့လည်း ဖော်ပြလေ့ရှိပါတယ်။ 4 bit ဟာ 1 nibble နဲ့ ညီမျှပါတယ်။

Byte (B)[ပြင်ဆင်ရန်]

Byte (ဘိုက်) ဆိုတာ ကွန်ပျူတာ သိုလှောင်စနစ် မှာ 8 bit နဲ့ ညီမျှပါတယ်။ ကွန်ပျူတာ စနစ်မှာ စာလုံးတစ်လုံး (1 Character) ဟာ 1 Byte ရှိပါတယ်။ Byte ကို ဖော်ပြတဲ့နေရာမှာ အင်္ဂလိပ် အက္ခရာ B အကြီး နဲ့ ဖော်ပြလေ့ရှိပါတယ်။

1 Byte = 8 bit

KiloByte (kB)[ပြင်ဆင်ရန်]

Kilobyte[၃] (ကီလိုဘိုက်) ဆိုတာ ကွန်ပျူတာ သိုလှောင်စနစ် မှာ 1,000 (1 x 103) Byte နဲ့ ညီမျှပါတယ်။ 1 Kilobyte ဟာ 1,000 bit နဲ့လည်း ညီမျှပါတယ်။ Kilobyte ကို ဖော်ပြတဲ့နေရာမှာ အင်္ဂလိပ် အက္ခရာ kB နဲ့ ဖော်ပြလေ့ ရှိပါတယ်။

1 KB = 1,024 B

MegaByte (MB)[ပြင်ဆင်ရန်]

Megabyte[၄] (မဂါဘိုက်) ဆိုတာ ကွန်ပျူတာ သိုလှောင်စနစ် မှာ 1,000,000 B (1 x 106 B) နဲ့ ညီမျှပါတယ်။ 1 Megabyte ဟာ 1,000 KB နဲ့လည်း ညီမျှပါတယ်။ Megabyte ကို ဖော်ပြတဲ့နေရာမှာ အင်္ဂလိပ် အက္ခရာ MB နဲ့ ဖော်ပြလေ့ ရှိပါတယ်။

1 MB = 1,024 kB

1 MB = 1,048,576 (1 x 106) B

GigaByte (GB)[ပြင်ဆင်ရန်]

Gigabyte[၅] (ဂစ်ဂါဘိုက်) ဆိုတာ ကွန်ပျူတာ သိုလှောင်စနစ် မှာ 1,000,000,000 B (1 x 109 B) နဲ့ ညီမျှပါတယ်။ 1 Gigabyte ဟာ 1,000 MB နဲ့လည်း ညီမျှပါတယ်။ Gigabyte ကို ဖော်ပြတဲ့နေရာမှာ အင်္ဂလိပ် အက္ခရာ GB နဲ့ ဖော်ပြလေ့ ရှိပါတယ်။

1 GB = 1,024 MB

1 GB = 1,073,741,824 (1 x 109) B

TeraByte (TB)[ပြင်ဆင်ရန်]

Terabyte[၆] (တယ်ရာဘိုက်) ဆိုတာ ကွန်ပျူတာ သိုလှောင်စနစ် မှာ 1,000,000,000,000 B (1 x 1012 B) နဲ့ ညီမျှပါတယ်။ 1 Terabyte ဟာ 1,000 GB နဲ့လည်း ညီမျှပါတယ်။ Terabyte ကို ဖော်ပြတဲ့နေရာမှာ အင်္ဂလိပ် အက္ခရာ TB နဲ့ ဖော်ပြလေ့ ရှိပါတယ်။

1 TB = 1,024 GB

1 TB = 1,099,511,628,000 (1 x 1012) B

PetaByte (PB)[ပြင်ဆင်ရန်]

Petabyte[၇] (ပီတာဘိုက်) ဆိုတာ ကွန်ပျူတာ သိုလှောင်စနစ် မှာ 1,000,000,000,000,000 B (1 x 1015 B) နဲ့ ညီမျှပါတယ်။ 1 Petabyte ဟာ 1,000 TB နဲ့လည်း ညီမျှပါတယ်။ Petabyte ကို ဖော်ပြတဲ့နေရာမှာ အင်္ဂလိပ် အက္ခရာ PB နဲ့ ဖော်ပြလေ့ ရှိပါတယ်။

1 PB = 1,024 TB

1 PB = 1,125,899,907,000,000 (1 x 1015) B

Exabyte (EB)[ပြင်ဆင်ရန်]

Exabyte (အိတ်ဆာဘိုက်) ဆိုတာ ကွန်ပျူတာ သိုလှောင်စနစ် မှာ 1,000,000,000,000,000,000 B (1 x 1018 B) နဲ့ ညီမျှပါတယ်။ 1 Exabyte ဟာ 1,000 PB နဲ့လည်း ညီမျှပါတယ်။ Exabyte ကို ဖော်ပြတဲ့နေရာမှာ အင်္ဂလိပ် အက္ခရာ EB နဲ့ ဖော်ပြလေ့ ရှိပါတယ်။

1 EB = 1,024 PB

1 EB = 1,152,921,505,000,000,000 (1 x 1018) B

Zettabyte (ZB)[ပြင်ဆင်ရန်]

Zettabyte[၈] (ဇက်တာဘိုက်) ဆိုတာ ကွန်ပျူတာ သိုလှောင်စနစ် မှာ 1,000,000,000,000,000,000,000 B (1 x 1021 B) နဲ့ ညီမျှပါတယ်။ 1 Zettabyte ဟာ 1,000 EB နဲ့လည်း ညီမျှပါတယ်။ Zettabyte ကို ဖော်ပြတဲ့နေရာမှာ အင်္ဂလိပ် အက္ခရာ ZB နဲ့ ဖော်ပြလေ့ ရှိပါတယ်။

1 ZB = 1,024 EB

1 ZB = 1,000,000,000,000,000,000,000(1 x 1021) B

YottaByte (YB)[ပြင်ဆင်ရန်]

Yottabyte[၉] (ယော့တာဘိုက်) ဆိုတာ ကွန်ပျူတာ သိုလှောင်စနစ် မှာ 1,000,000,000,000,000,000,000,000 B (1 x 1024 B) နဲ့ ညီမျှပါတယ်။ 1 Yottabyte ဟာ 1,000 EB နဲ့လည်း ညီမျှပါတယ်။ Yottabyte ကို ဖော်ပြတဲ့နေရာမှာ အင်္ဂလိပ် အက္ခရာ YB နဲ့ ဖော်ပြလေ့ ရှိပါတယ်။

1 YB = 1,024 ZB

1 ZB = 1,000,000,000,000,000,000,000,000 (1 x 1024) B

ကိုးကား[ပြင်ဆင်ရန်]