Bullet for My Valentine

ဝီကီပီးဒီးယား မှ
မြန်မာဘာသာဖြင့် သင့်လျော်သော အမည်မရှိသေးသောကြောင့် ဤဆောင်းပါးခေါင်းစဉ်ကို အခြားဘာသာစကား / စာဖြင့် ရေးသားထားခြင်း ဖြစ်သည်။

Bullet for My Valentine သည် Bridgend မှ Welsh heavy metal တီးဝိုင်းဖြစ်ပြီး ၁၉၉၈ တွင် ဖွဲ့စည်းခဲ့သည်။ တီးဝိုင်းကို Matthew Tuck (lead vocals, rhythm guitar) Michael Paget (lead guitar, backing vocals), Michael Thomass (drums) နှင့် Jamie Mathias (bass ဂီတာ) တို့နှင့် ဖွဲ့စည်းထားသည်။ အဖွဲ့အဟောင်းထဲတွင် Nick Crandle နှင့် Jason James တို့ပါဝင်ခဲ့ပြီး Jeff Killed John အမည်ဖြင့် Metallica နှင့် Nirvana တို့၏ ပြန်ဆိုတေးများ သီဆိုခဲ့သည်။ Jeff Killed John သည် သီချင်း ၆ ပုဒ်ကို မဖြန့်ချိခဲ့ပေ။ Bullet for My Valentine ဟု အမည်ပေးခဲ့ပြီး ပြန်လည်အလုပ်လုပ်ခဲ့သည်။ အမည်ပြောင်းရာတွင် ဘဏ္ဍာရေးအခက်အခဲများပါရှိခဲ့သည်။ ဂီတဦးတည်ချက်ကို ပြောင်းလဲခဲ့သည်။ ၂၀၀၂ခုနှစ်တွင် Sony BMG နှင့် အယ်လ်ဘမ် ငါးခုထုတ်ဝေရန် သဘောတူခဲ့သည်။ တီးဝိုင်း၏ ဂီတသည် Metallica, Iron Maiden နှင့် Slayer တို့၏လွှမ်းမိုးမှုခံခဲ့ရသည်။ တီးဝိုင်းသည် Carliff ဂီတဖြစ်ရပ်တွင် ပါဝင်ခဲ့သည်။

Bullet for My Valentine ပွဲဦးထွက်album The Poison ကို ၂၀၀၅ ခုနှစ် အောက်တိုဘာ ၃ ရက်နေ့တွင် ယူနိုက်တက်ကင်းဒမ်းတွင်ဖြန့်ချိခဲ့သည်။ ၂၀၀၆ ဖေဖော်ဝါရီ ၁၄ရက်နေ့တွင် Valentine's Day တွင် တီးဝိုင်း၏ အမည်နှင့် တိုက်ဆိုင်ခဲ့သည်။ album သည် အမေရိကန် Billboard 200 တွင် ၁၂၈ နေရာသို့ ရောက်ရှိခဲ့သည်။ Recording Industry Association of America မှ ရွှေတံဆိပ်ဆု ချီးမြှင့်ခဲ့သည်။ တီးဝိုင်းသည် Download Festival နှင့် Kerrang တွင် ပေါ်ထွက်လာခဲ့သည်။ US tour ကို Rob Zombie နှင့် အတူ ကျင်းပခဲ့သည်။ Bullet for My Valentine ၏ Scream Aim Fire ကို ၂၀၀၈ခုနှစ် ဇန်နဝါရီ ၂၉ ရက်တွင် ဖြန့်ချိခဲ့ပြီး Billboard 200 တွင် နံပါတ် ၄ နေရာသို့ ရောက်ရှိခဲ့သည်။ တီးဝိုင်း၏တတိယမြောက်album Fever ကို ၂၀၁၀ ခုနှစ် ဧပြီ ၂၆ တွင် ဖြန့်ချိခဲ့ပြီး Billboard 200 တွင် နံပါတ် ၃ နေရာသို့ ရောက်ရှိခဲ့သည်။ ဖေဖော်ဝါရီ ၈ ရက်၂၀၁၃ တွင် တီးဝိုင်းမှ စတုတ္ထမြောက် album Temper Temper ကို ဖြန့်ချိခဲ့ပြီး Billboard 200 တွင်နံပါတ် ၁၃ နေရာသို့ ရောက်ရှိခဲ့သည်။ တီးဝိုင်းသည် အမေရိကန်တွင် တစ်သန်းကျော်ရောင်းချနိုင်ခဲ့ပြီး အချပ်ရေ ၅,၀၀၀,၀၀၀ ကျော် ရောင်းချနိုင်ခဲ့သည်။ Kerrang! Awards တွင် Best British Band နှင့်အနိုင်ရခဲ့သည်။

သမိုင်းကြောင်း[ပြင်ဆင်ရန်]

Jeff Killed John နှင့် မှတ်တမ်းအပိုင်း (၁၉၉၈—၂၀၀၅)[ပြင်ဆင်ရန်]

Jeff Killed John သည် Bullet for My Valentine အတွက် ရှေ့ပြေးတီးဝိုင်းဖြစ်ပြီး ၁၉၉၈ တွင် Matthew Tuck ၊ Michael Padge၊ Nick Crandle နှင့် Michael "Moose" Thomas တို့က Bridgend College နှင့် ဂီတပညာဆည်းပူးနေစဉ်တွင် ဖွဲ့စည်းခဲ့ခြင်းဖြစ်သည်။ သူတို့သည် Nirvana နှင့် Metallica ပြန်ဆိုတေးများကို စတင်တီးခတ်ခဲ့ကြသည်။ ၁၉၉၉ တွင် တီးဝိုင်းပထမဆုံး EP Better off Alone ထွက်ရှိခဲ့သည်။ ဒုတိယ EP album ကို ၂၀၀၂ တွင် ဖြန့်ချိခဲ့သည်။ You play with me ကို Greg Haver ကဖြန့်ချိခဲ့သည်။ BBC Radio မှထုတ်လွင့်ခဲ့သည်။ Jeff Killed John ၏ဂီတသည် Korn နှင့် Limp Bizkit တို့ကဲ့သို့ nu metal သို့ တိမ်းညွတ်ခဲ့သည်။ ၂၀၀၃ ခုနှစ်တွင် Don't Walk Away သီချင်းထွက်လာခဲ့သည်။ ကွဲပြားသော မှတ်တမ်းကုမ္ပဏီများသို့ ပို့ဆောင်ခဲ့သည်။ ကံဆိုးစွာ မအောင်မြင်ခဲ့ပေ။ nu metal အမျိုးအစားကို လူကြိုက်နည်းလာသောကြောင့်ဖြစ်သည်။ ဘေ့(စ်)ဂီတသမား Crandle သည် Ep ထွက်ရှိပြီးနောက်တီးဝိုင်းမှ ထွက်ခွာလာခဲ့ပြီး Jason James နှင့် အစားထိုးခဲ့သည်။ တီးဝိုင်းကို Bullet for My Valentine ဟုပြောင်းပြီး ပြန်လည်အလုပ်လုပ်ခဲ့သည်။ Tuck ၏ဆန္ဒအရ heavy metal သီချင်းများဖန်တီးရန် ဆုံးဖြတ်ခဲ့ကြသည်။

Roadrunner Records က Bullet for My Valentine ကို စိတ်ဝင်စားလာခဲ့သည်။ Sony BMG album ၅ ခု အထိ မှတ်တမ်းတင်ရန် လက်မှတ်ရေးထိုးခဲ့သည်။ self-titled EP ကို ၂၀၀၄ခုနှစ် နိုဝင်ဘာ ၁၅ တွင် UK ၌ ဖြန့်ချိခဲ့သည်။ ဒုတိယ EP Hand of Blood ကို ၂၀၀၅ ခုနှစ် ဩဂုတ် ၂၂ ရက်တွင် ဖြန့်ချိခဲ့ပြီး အမေရိကန်တွင်သာ ရရှိနိုင်သည်။

The Poison (၂၀၀၅—၀၇)[ပြင်ဆင်ရန်]

Bullet for My Valentine ၏ ပွဲဦးထွက် The Poison album ကို ၂၀၀၅ ခုနှစ် အောက်တိုဘာ ၃ ရက်တွင် UK ၌ဖြန့်ချိခဲ့ပြီး ၂၀၀၆ ခုနှစ် valentine နေ့တွင် အမေရိကန်၌ ဖြန့်ချိခဲ့သည်။ Billboard 200 တွင် ၁၂၈ နေရာသို့ ရောက်ရှိခဲ့သည်။ Independent Album သီချင်းစာရင်းတွင် နံပါတ် ၁၁ နေရာသို့ ရောက်ရှိခဲ့သည်။ ၂၀၀၉ ခုနှစ် ဇန်နဝါရီ ၃၀ တွင် အမေရိကန်တွင် အချပ်ရေ ၅၀၀၀၀၀ရောင်းချနိုင်ပြီး နောက် RIAA မှ ချီးမြှင့်သော ရွှေတံဆိပ်ဆု ရရှိခဲ့သည်။ Bullet for My Valentine သည် ကမ္ဘာတစ်ဝန်းတွင် ကျင်းပ၍ album၏ ရောင်းအားကို တိုးမြှင့်ခဲ့သည်။ အခြားခရီးစဉ်များတွင် Metallica နှင့် Guns N' Roses တို့ပါဝင်ခဲ့သည်။

၂၀၀၆ ခုနှစ်တွင် သူတို့၏ ပထမဆုံး DVD The Poison Live at Brixton ထွက်ရှိခဲ့သည်။ ၂၀၀၇ခုနှစ် June တွင် Tuck သည် လည်မျိုရောင်နာဖြစ်ပွားခဲ့ပြီး ဇူလိုင်တွင် အရေးပေါ်ကုသခဲ့ရ သည်။ show ပွဲများတွင် အသီးသီးဖျက်သိမ်းခဲ့ရသည်။

Scream Aim Fire (၂၀၀၇—၀၈)[ပြင်ဆင်ရန်]

တီးဝိုင်းဒုတိယမြောက် album Scream Aim Fire ကို Sonic Ranch Studio တွင် Colin Richardson က ထုတ်လုပ်ခဲ့ခြင်းဖြစ်သည်။ album ကို ၂၀၀၈ခုနှစ် ဇန်နဝါရီ ၂၉တွင် အမေရိကန်၌ ဖြန့်ချိခဲ့သည်။ ပထမအပတ်တွင် အချပ်ရေ ၅၃၀၀၀ရောင်းချနိုင်ပြီး Billboard 200 တွင် နံပါတ်၄နေရာသို့ ရောက်ရှိခဲ့သည်။ "Scream Aim Fire" "Hearts Burst into Fire" နှင့် "Waking the Demon" စသော single သီချင်းများဖြန့်ချိခဲ့သည်။

Album အသစ်ကို အထောက်အကူပြုရန် တီးဝိုင်းကို မြောက်အမေရိက နှင့် ဩစတြေးလျတွင် ၂၀၀၈ ခုနှစ်နွေဦးတွင် Avenged Sevenfold ၊ Atreyu နှင့် Blessthefall တို့နှင့်အတူ ကျင်းပခဲ့သည်။ တီးဝိုင်းကို ၂၀၀၈ခုနှစ် နွေရာသီတွင် မြောက်အမေရိကတွင် ထပ်မံ၍ No Fear ခရီးစဉ်ကို Bleeding Through, Cancer Bats နှင့် Black Tide တို့နှင့်အတူ ဖျော်ဖြေခဲ့သည်။ ၂၀၀၈ခုနှစ်နောက်ပိုင်းတွင် Lacuna Coil၊ Bleeding Through နှင့် Black Tide စသော တီးဝိုင်းများနှင့်အတူ ဥရောပတစ်ခွင်တွင် ကျင်းပခဲ့သည်။ ၂၀၀၈ခုနှစ်ဒီဇင်ဘာတွင် အပို သီချင်းလေးပုဒ်နှင့်အတူ မှတ်တမ်းတင်၍ ဖြန့်ချိခဲ့သည်။

Fever (၂၀၀၉—၂၀၁၁)[ပြင်ဆင်ရန်]

Bullet for My Valentine သည် ၂၀၀၉ ခုနှစ် ဩဂုတ်လတွင် ၂၀၁၀ အစောပိုင်းတွင် album အသစ်ဖွင့်ရန် ရည်ရွယ်ထားကြောင်း ပြောကြားခဲ့သည်။ ၂၀၁၀ ဇန်နဝါရီတွင် Rock Sound နှင့်အတူ အင်တာဗျူးမေးခဲ့သည်။ album နာမည်မှာ Fever ဖြစ်ပြီး သီချင်း ၁၁ ပုဒ်ပါဝင်ကာ Scream Aim Fire တွင် The Poison နှင့်ပို၍ နီးစပ်သည်ဟုဆိုသည်။ ၂၀၀၉ခုနှစ် နွေရာသီအတောအတွင်းတွင် Bullet for My Valentine သည် အမေရိကန်တွင် Mayhem Festival တွင် Killswitch Engage, Slayerနှင့် Marilyn Manson တို့နှင့်အတူ ကျင်းပခဲ့သည်။ သူတို့သည် UK မှ Sonisphere ခရီးစဉ်တွင် ပေါ်ပေါက်လာခဲ့သည်။ တီးဝိုင်းသည် ၂၀၁၀ခုနှစ် Download Festival တွင် ပါဝင်လာခဲ့သည်။ တီးဝိုင်းသည် Nova Rock, Metaltown, Rock am Ring, Rock on the Range, The Bamboozle, Bibao Live Festival, Forarock နှင့် Graspop စသော ပွဲတော်များတွင် ပါဝင်ခဲ့သည်။ Bullet for My Valentine သည် ဂရိတွင်လည်း ဖျော်ဖြေခဲ့ပြီး Fever ကို ၂၀၁၀ခုနှစ် ဧပြီ ၂၇ရက်တွင် ဖြန့်ချိခဲ့သည်။ Your Betrayal သည် album ၏ဦးဆောင်သီချင်းဖြစ်ပြီး ၂၀၁၀ မတ်လ ၉ရက်တွင် ဖြန့်ချိခဲ့သည်။ ဒုတိယမြောက်သီချင်း The Last Fight ကို ဧပြီ ၁၉ရက်တွင် ဖြန့်ချိခဲ့သည်။ album ကို ၂၀၁၀မတ်လ၂ရက်နေ့တွင် official website မှနေ၍ ဖြန့်ချိခဲ့သည်။ ဧပြီ ၃၀ရက်နေ့တွင် US ၌ Airbourne နှင့် Ohiodos တို့နှင့်အတူခရီးစဉ်ကျင်းပခဲ့သည်။ မတ်လ၁၁ရက်နေ့တွင် တီးဝိုင်းသည် The Last Fight နှင့် Your Betrayal တို့၏ MTV ကိုဖြန့်ချိခဲ့သည်။ တီးဝိုင်း Fever ဖြန့်ချိသော အထိမ်းအမှတ်အဖြစ် လန်ဒန်တွင် ဧပြီ ၂၆ ရက်နေ့တွင် ကျင်းပခဲ့သည်။

Temper Temper (၂၀၁၂—၁၃)[ပြင်ဆင်ရန်]

၂၀၁၁ဇန်နဝါရီ ၂၈ရက်တွင် Michael Paget က အုပ်စုသည် နောက် album အသစ်အတွက် စီစဉ်ခဲ့သည်။ ၂၀၁၁ ကတည်းက ရေးသားခဲ့ပြီး နှစ်ကုန်တွင် album အတွက် စတင်မှတ်တမ်းတင်ခဲ့ သည်။ တီးဝိုင်းသည် Uproar Festival 2011 အပြီးတွင် စတုတ္ထမြောက် album အတွက် စတင်ရေးသားခဲ့သည်။

အောက်တိုဘာ ၇ ရက်တွင် RCA Music Group က Jive Records, Arista Record နှင့် J Records တို့နှင့် ဖျက်သိမ်းခဲ့ကြောင်း ကြေညာခဲ့သည်။ RCA Records နှင့်စာချုပ်ချုပ်ဆိုခဲ့သည်။ အောက်တိုဘာတွင် Matt Tuck က Pantera နှင့် Slipknot ကဲ့သို့ metal ပုံစံများ ဖန်တီးမည်ဖြစ်ကြောင်း ကြေညာခဲ့သည်။ ၂၀၁၂ခုနှစ် မေလ၁ရက်တွင် Bullet for My Valentine သည် တောင်အာဖရိက ဂီတပွဲတော် Oppkioppi ၌ တီးခတ်ခဲ့သည်။ Seether နှင့် Enter Shikari တို့နှင့်အတူ Cape Town တွင်ကျင်းပခဲ့သည်။

Bullet for My Valentine သည် Temper Temper နိုဝင်ဘာ ၂၅ ရက်တွင် UK ၌ ဖြန့်ချိခဲ့သည်။ အောက်တိုဘာ ၃၀ တွင် ကမ္ဘာတစ်ဝန်း၌ ဖြန့်ချိခဲ့သည်။ သီချင်းဖြန့်ချိပြီးနောက် အောက်တိုဘာ ၂၂ ရက်နေ့တွင် BBC Radio 1's Rock Week အတွက် Maida Vale Studio ၌ ဖျော်ဖြေခဲ့သည်။ ဖြန့်ချိသည့် နေ့ရက်သည် ၂၀၁၃ ဖေဖော်ဝါရီ ၁၂ ရက်နေ့တွင် အတည်ပြုခဲ့သည်။ တီးဝိုင်းသည် Temper Temper အတွက် ၂၀၁၃ ဖေဖော်ဝါရီ ၁၀တွင် ခရီးစဉ်များကျင်းပခဲ့ပြီး ၂၀၁၃ နိုဝင်ဘာ၃ရက်နေ့တွင် ပြီးဆုံးသည်။ ဗီဒီယိုကို Moshcam.com (Website) တွင်ဖြန့်ချိခဲ့သည်။

Venom and new record deal (၂၀၁၃—လက်ရှိ )[ပြင်ဆင်ရန်]

သူတို့သည် Terry Date တို့နှင့် အပြင်းအထန်အလုပ်လုပ်ခဲ့ပြီး Scream Aim Fire ကဲ့သို thrash metal အစိတ်အပိုင်းများကို တီးဝိုင်းမှ ပြန်ယူခဲ့မည်ဟု ဆိုမည်ဟုခေါ်သည်။ ၂၀၁၃ နိုဝင်ဘာ၁၃ရက်တွင် Bullet for My Valentine က သီချင်းအသစ်အတွက် အလုပ်လုပ်ခဲ့ကြောင်း facebook စာမျက်နှာတွင် ထုတ်ဖော်ပြောကြားခဲ့သည်။ တီးဝိုင်းသည် ၂၀၁၃ ၁၈ရက်တွင် BBC Radio 1’s Rock Show တွင် ပထမဆုံးတီးခတ်ခဲ့သည်။ ၂၀၁၃နိုဝင်ဘာတွင်၂၀တွင် ရရှိနိုင်ကြောင်း ပြောကြားခဲ့သည်။ တစ်ပတ်အကြာတွင် ဂီတဗီဒီယိုကို ဖြန့်ချိခဲ့သည်။

၂၀၁၄ ခုနှစ် ဇန်နဝါရီ ၆ ရက်တွင် Matt က Twitter ပေါ်တွင်တီးဝိုင်းသည် ငါးခုမြောက် album အတွက် studio အတွက်အသုံးပြုနေကြောင်း ပြောကြားခဲ့သည်။ ၂၀၁၅ခုနှစ် ဇန်နဝါရီ၂၁ရက်တွင် Kerrang interview ၌ Bullet for My Valentine သည် ထုတ်လုပ်သူ Colin Richardson နှင့် album အတွက် ပြင်ဆင်နေကြောင်း ပြောကြားခဲ့သည်။ Tuck က သူတို့၏ ငါးခုမြောက် album သည် ကြီးမားသော album ဖြစ်ကြောင်းပြောကြားခဲ့သည်။

၂၀၁၅ ဖေဖော်ဝါရီ ၉ ရက်တွင် Bullet for My Valentine က ဘေ့(စ်)ဂီတသမား Jason James ၏ထွက်ခွာခြင်းကို ကြေညာခဲ့သည်။ သူတို့သည် မှတ်တမ်းအသစ်အတွက် အလုပ်များ၍ အာရုံစိုက်နေကြကြောင်း ပြောကြားခဲ့သည်။ ၂၀၁၅ ခုနှစ် မေလ ၁၁ရက်တွင် "No Way Out" သီချင်းများသစ်ကို ကြေညာခဲ့သည်။ တီးဝိုင်း၏album အသစ်မှာ venom ဖြစ်မည်ဖြစ်ကြောင်းပြောကြားခဲ့သည်။ သူတို့၏ဘေ့(စ်)ဂီတသမား အသစ်မှာ Jamie Mathias ဖြစ်မည်ဟုဆိုသည်။

Venom ကို ၂၀၁၅ ခုနှစ် မေလ ၁၈ ရက်တွင် ကြေညာ၍ ဖြန့်ချိခဲ့သည်။ UKခရီးစဉ်တွင်လည်း ကြေညာခဲ့သည်။ ၂၀၁၆ခုနှစ်ဖေဖော်ဝါရီ၁ရက်တွင် Bullet for My Valentine က Michael Thomas နေရာတွင် အစားထိုးခဲ့သည်။ Axewound မှ Jason Bowld နေရာတွင် အစားထိုးခဲ့သည်။

၂၀၁၆ ခုနှစ် ဧပြီ ၁ ရက်တွင် Spinefarm Records တွင် လက်မှတ်ရေးထိုးခဲ့သည်။

ဂီတပုံစံနှင့် လွှမ်းမိုးမှု[ပြင်ဆင်ရန်]

Bullet for My Valentine ကို hard rock, thrash metal, heavy metalနှင့် metalcore ဟု ဖော်ပြခဲ့သည်။ တီးဝိုင်းသည် metallica, Annihator, Pantera, Machine Head, Sepultura, AC/DC, Iron Maiden, Gun N' Roses, Testament, Stuck Mojo, Korn, Slayer, Judas Priest, Megadeth, Alice in Chains, Nirvana, Led Zeppelins, Deep Purple နှင့် Black Sabbath စသောတီးဝိုင်းများကို ကိုးကားခဲ့သည်။ Michael Thomas က ထိုတီးဝိုင်းများသည် Bullet for My Valentine ၏နားဝင်ချိုသောအဆို၊ ဆူညံသော riff များ၊ တေးသွားများကို လှုံ့ဆော်ခဲ့သည်ဟုဆိုသည်။ Matt Tuck က အင်တာဗျူးတွင် သူ၏သီချင်းရေးပုံသည် Bruce Springsteen, Bob Seger နှင့် Bob Dylan တို့လွှမ်းမိုးသည်ဟု ဆိုသည်။