Buffalo buffalo Buffalo buffalo buffalo buffalo Buffalo buffalo
"Buffalo buffalo Buffalo buffalo buffalo buffalo Buffalo buffalo" ဆိုသည်မှာ အင်္ဂလိပ်သဒ္ဒါနည်းကျ မှန်ကန်သည့် ဝါကျတစ်ကြောင်းဖြစ်သည်။ ဤဝါကျသည် အင်္ဂလိပ်ဘာသာစကား၌ ဝေါဟာရအနက်မပြတ်သားမှု ၊ ထွေပြားမှု သဘောတရားမှနေ၍ ရှုပ်ထွေးပြီးနားလည်ရခက်သည့်စာကြောင်းများကိုဖန်တီးရန် homonyms (စာလုံး/အသံတူ အနက်ကွဲ) နှင့် homophones (အသံတူ အနက်/စာလုံးကွဲ) များကို မည်သို့မည်ပုံ အသုံးပြုနိုင်ကြောင်း ဖော်ပြတင်ဆက်လေ့ရှိသည့် ဥပမာတစ်ခုဖြစ်သည်။
၎င်းကို ၁၉၆၇ ခုနှစ်မှစ၍ Dmitri Borgmann ဆိုက သူ၏ Beyond Language စာအုပ်တွင် ဝါကျအဖြစ်အသုံးပြုခဲ့သည်။[၁] နယူးယောက်မြို့၊ Buffalo တက္ကသိုလ် ပါမောက္ခဖြစ်သည့် ဝီလျံ ဂျေ ရက်ပေါ့ပါ က ၁၉၇၂ ခုနှစ်နှောင်းပိုင်းတွင် သုံးခဲ့ပြန်သည်။[၂][၃]
ဤဝါကျတွင် ပုဒ်ဖြတ် ပုဒ်ရပ်မရှိပါ။ ယင်းတွင် buffalo ဆိုသည့် စကားလုံးအား အဓိပ္ပာယ် ၃မျိုး အသုံးပြုထားည်။
- နာမ်အထူးပြု စကားလုံး (noun adjunct) - နယူးယောက်ပြည်နယ်မှ (ဒုတိယအကြီးဆုံး) buffalo မြို့။
- နာမ်: အင်္ဂလိပ်ဘာသာတွင် buffalo အား ကျွဲ အဓိပ္ပာယ်ရရှိသည်။ bison (အမေရိကန်ပြောင် သို့မဟုတ် မြောက်ဥရောပ အမွေးရှည်နွားရိုင်းကြီး) ဟူ၍လည်း သိကြသည်။
- ကြိယာ - တစ်စုံတစ်ယောက်ကိုခြောက်လှန့်ခြင်း (သို့မဟုတ်) ခြမ်းခြောက်ခြင်းဟု အဓိပ္ပာယ်ရသော "buffalo" ဟူသောစကားလုံး။
၎င်းဝါကျအား အောက်ပါအတိုင်း ခွဲခြားနိုင်သည်။
"Buffaloa buffalon Buffaloa buffalon buffalov buffalov Buffaloa buffalon" နာမဝိသေသနအား အေ(a) နာမ်အား အင်န်(n) နှင့် ကြိယာအား ဗွီ(v) ဟူ၍ဖြစ်သည်။
ပို၍ ရှင်းလင်းစေရန် အခြားစာကားလုံးများ၏ အကူအညီဖြင့် နားလည်နိုင်သည်။
- Buffalo buffalo (ဘဖလိုမြို့မှ ကျွဲများ သည်) [that] Buffalo buffalo buffalo (ဘဖလိုမြို့မှ ကျွဲများက အနိုင်ကျင့်လိုက်သော) buffalo Buffalo buffalo (ထိုမြို့မှ ဤတရိစ္ဆာန်(ကျွဲများ) ကို အနိုင်ကျင့်လျက် ရှိသည်။)
- [Buffalo from Buffalo] that [buffalo from Buffalo] buffalo, also buffalo [buffalo from Buffalo].
- Buffalo City - အမေရိကန်နိုင်ငံရှိ ဘတ်ဖလိုမြို့
- Buffalo - ကျွဲ
- Buffalo (verb) - အနိုင်ကျင့်သည်။ ခြိမ်းခြောက်သည်။
စာကြောင်းအာ မြန်မာဘာသာသို့ ပြန်ဆိုကြည့်လျှင် "ဘတ်ဖလိုမြို့မှ ကျွဲများ အနိုင်ကျင့်လေ့ရှိသည့် ဘတ်ဖလိုမြို့က ကျွဲများသည် ဘတ်ဖလိုမြို့က ကျွဲများကို ခြိမ်းခြောက်ပါသည်" ဟူ၍ အဓိပ္ပာယ်ရသည်။
ကိုးကား
[ပြင်ဆင်ရန်]- ↑ Borgmann၊ Dmitri A. (1967)။ Beyond Language: Adventures in Word and Thought။ New York, NY, USA: Charles Scribner's Sons။ OCLC 655067975။
- ↑ Rapaport၊ William J. (2012)။ A History of the Sentence 'Buffalo buffalo buffalo Buffalo buffalo.'။ December 7, 2014 တွင် ပြန်စစ်ပြီး။
- ↑ Rapaport, William J. 19 February 1992. "Message 1: Re: 3.154 Parsing Challenges Archived 19 October 2009 at the Wayback Machine.". linguistlist.org. Retrieved on 14 September 2006.