Bluegrass

ဝီကီပီးဒီးယား မှ
မြန်မာဘာသာဖြင့် သင့်လျော်သော အမည်မရှိသေးသောကြောင့် ဤဆောင်းပါးခေါင်းစဉ်ကို အခြားဘာသာစကား / စာဖြင့် ရေးသားထားခြင်း ဖြစ်သည်။

Bluegrass ဂီတသည် အမေရိကန်ဂီတဇစ်မြစ်မှ ပုံစံတစ်မျိုးဖြစ်ပြီး country ဂီတနှင့် ဆက်စပ်သော အမျိုးအစားတစ်မျိုးဖြစ်သည်။ Appalachia ဂီတလွှမ်းမိုးခဲ့သည်။[၁] Bluegrass သည် အိုင်ယာလန်၊ စကော့တလန်၊ ဝေလနှင့် အင်္ဂလိပ်ဇစ်မြစ်မှ ရောနှောထားသည်။ နောက်ပိုင်းတွင် Jazz အစိတ်အပိုင်းတို့ဖြင့် အာဖရိကန်၊ အမေရိကန်တို့၏ ဂီတလွှမ်းမိုးမှုကို ခံခဲ့ရသည်။ ၁၈ရာစုအတောအတွင်းတွင် ဗြိတိန်နှင့်အိုင်ယာလန်တို့ အခြေချလာပြီးနောက် သူတို့၏ဒေသမှ ဂီတဆိုင်ရာ ရိုးရာဓလေ့များကို သူတို့နှင့် အတူ ယူဆောင်လာခဲ့ကြသည်။ ထိုရိုးရာအမွှေအနှစ်များတွင် အများအားဖြင့် အင်္ဂလိပ်နှင့် စကော့တလန်သီချင်းများ ပါဝင်သည်။ တယောများဖြင့် ပေါင်းစည်းထားသည်။ bluegrass သီချင်းဟောင်းအများစုသည် ဗြိတိန်နှင့် အိုင်ယာလန်မှ တိုက်ရိုက်ဆင်းသက်လာစေခဲ့သည်။ တေးသွားနှင့် စာသားများနှင့်အတူ အင်္ဂလိပ် ရိုးရာတေးသီချင်းများကို ထိန်းသိမ်းစောင့်ရှောက်ထားခြင်းဖြစ်သည်။ တချို့ bluegrass တယောသီချင်းများသည် Appalachia နယ်ပယ်တွင် ကျော်ကြားလာခဲ့သည်။ Leather Britches နှင့် Pretty Polly အစရှိသဖြင့် ဖြစ်သည်။ တိကျသော blue grass သီချင်းမြောက်အမေရိကန်တွင် ဖြစ်ပြီး I Wish My Baby Was Born ဟုအသိများသည်။

Bluegrass တွင် jazz ပုံစံများပါရှိပြီး တစ်ခုသို့ တစ်ခုထက်ပိုသော တူရိယာများဖြင့် ရေးစပ်ထားသည်။ အထူးသဖြင့် ထိုဂီတသံများကို breakdowns ဟုခေါ်သည်။ old-time ဂီတနှင့်အတူ ယှဉ်ပြိုင်လျက်ရှိသည်။ Breakdown သည် လျင်မြန်သောအရှိန်နှင့် chord အပြောင်းအလဲများဖြင့် ပေါင်းစပ်ဖွဲ့စည်းထားသည်။ ရိုးရာ bluegrass တွင် ဂီတသမားများသည် folk သီချင်းများကို တေးသွားနှင့် chord progression နှင့် acoustic တူရိယာများဖြင့် တီးခတ်ကြသည်။ Bill Monroe, Progressive Bluegrass များသည် လျှပ်စစ်တူရိယာများ အသုံးပြုထားပြီး rock & roll မျိုးခွဲများဖြစ်သည်။ Bluegrass gospel သည် တတိယမျိုးခွဲများမှ ပေါ်ထွက်လာခဲ့သည်။ ခရစ်ယာန်ဘာသာရေး စာသားများပါဝင်ပြီး စည်းဝါးကိုက်စွာ သီဆိုကြသည်။ bluegrass ကမ္ဘာထဲမှ ဖွံဖြိုးတိုး တက်လာသော အမျိုးအစားတစ်ခုမှာ Neo-traditional bluegrass ဖြစ်ပြီး The Grascals နှင့် Moutain Heart အစရှိသောတီးဝိုင်းများသည် ထိုမျိုးခွဲမှ ပေါ်ထွက်လာခဲ့သည်။

ဝိသေသလက္ခဏာများ[ပြင်ဆင်ရန်]

တီးခတ်ခြင်း[ပြင်ဆင်ရန်]

Mainstream country ဂီတနှင့်မတူပဲ bluegrass သည် ရိုးရာဓလေ့အရ acoustic ကြိုးတပ်တူရိယာများဖြင့် တီးခတ်ထားသည်။ တယော၊ ငါးကြိုးတပ်ဘင်ဂျို၊ ဂီတာ၊ မယ်ဒလင်နှင့် ကြိုးတပ် bass များကို resonator guitar နှင့် harmonica နှင့် Jaw harp များမကြာခဏဆက်သွယ်ကြသည်။ တီးခတ်ပုံသည် အစောပိုင်း bluegrass တီးဝိုင်းများမှ စတင်ခဲ့ခြင်းဖြစ်သည်။ ဂီတာကို ယခုအခါတွင် flatpicking များဖြင့်တီးခတ်ကြသည်။ ဘင်ဂျိုအတီးသမားများသည် မကြာခဏ three-finger picking ပုံစံများဖြင့် တီးခတ်ကြသည်။ Snuffy Jenkins, Don Reno နှင့် Earl Scruggs တို့ကြောင့် ကျော်ကြားလာခဲ့သည်။ တယောသမားများသည် thirds နှင့် fifths တို့ဖြင့် တီးခတ်ကြသည်။ bluegrass ပုံစံသို့ ဖြန့်ချိကြသည်။ ဘေ့စ်သမားများသည် pizzicato ပုံစံဖြင့် တီးခတ်ကြပြီး တစ်ခါတစ်ရံတွင် slap-styleကို မွေးစား၍ သမားရိုးကျမဟုတ်သော ပုံစံသို့ လေးနက်စေသည်။ bluegrass bassline သည် tonic နှင့် dominat ကြားထဲမှ စည်းဝါးပြောင်းလဲမှုဖြစ်ပြီး walking bass ကို အသုံးပြုကြသည်။ ရိုးရာ bluegrass ဖျော်ဖြေသူများသည် correct တီးခတ်ပုံများကို ယုံကြည်ကြပြီး Bill Monroe ၏ တီးဝိုင်း Blue Grass Boys မှ အသုံးပြုခဲ့သည်။ ရိုးရာတီးခတ်ပုံမှ ခွဲထွက်လာသည့်နည်းများတွင် dobro, accodian, harmonica, piano, autoharp, drums, electric guitarနှင့် အခြားbluegrass တူရိယာမှ လျှပ်စစ်ပုံစံဖြင့် တီးခတ်ကြသည်။ newgrass ဟုလည်း ရည်ညွန်းသည်။

အဆို[ပြင်ဆင်ရန်]

Bluegrass vocal ၏ထူးခြားချက်မှာ dissonant (သို့) modal ပုံစံဖြင့်အမြင့်မားဆုံးသီဆိုကြပြီး ပုံစံကို "High, lonesome sound" ဟုလည်း သိကြသည်။ vocal harmony ကို "stuck" ဟုလည်း သီဆိုကြသည်။ stuck တွင် baritone ပါရှိသည်။ ထိပ်ဆုံးတွင် tenor ပါရှိပြီး Alison Krauss and Union Station မှာ အကောင်းဆုံးဥပမာတစ်ခုဖြစ်သည်။ မည်သို့ပင်ဆိုစေ trio အဆိုပုံစံသို့ ပြောင်းလဲထားသည်။ သူတို့သည် အမျိုးအစား၏ အစောပိုင်းနေ့များမှ နမှုနာများမှ ယူသုံးထားသည်။ Stanley Brothers သည် ၁၉၅၀-၁၉၅၃ တွင် Columbia record တွင် မြင့်မားသော baritone အပိုင်းများဖြင့် အသုံးပြုခဲ့သည်။ မယ်ဒလင်သမား Pee Wee Lambert သည် high baritone ပုံစံဖြင့် သီဆိုခဲ့သည်။ trio ပုံစံကို အခြားအုပ်စုများလည်း အသုံးပြုခဲ့သည်။ ၁၉၆၀ တွင် Flatt and Scrugg က gospel သီချင်းများထဲသို့ ပေါင်းထည့်ခဲ့သည်။ Osborne Brothers ကလည်း ၁၉၇၀ တွင် MGM record နှင့်အတူ အသုံးပြုခဲ့ကြသည်။ ထိုအဆိုပုံစံတွင် vocal stack ၏ထိပ်ဆုံးတွင် clean vocal ပါဝင်သည်။

အကြောင်းအရာ[ပြင်ဆင်ရန်]

Bluegrass တီးလုံးများကို narratives ဟုဖော်ပြကြပြီး Appalachia ကျောက်မီးသွေး မိုင်း စက်မှုဇုံမှ အပြောင်းအလဲများတွင် သီဆိုဖျော်ဖြေခဲ့ကြသည်။ Railroading သည် ကျော်ကြားသော ဖြစ်ရပ်များတွင် ပါဝင်သည်။ သီချင်းနမူနာများတွင် "Wreck of the Old 97" နှင့် "Nine Pound Hammer" တို့ဖြစ်သည်။

သမိုင်းကြောင်း[ပြင်ဆင်ရန်]

ဖန်တီးခြင်း[ပြင်ဆင်ရန်]

Bluegrass သည် အမေရိကန် Appalachia ဒေသမှ old-time ဂီတနှင့် traditional ဂီတမှ အစိတ်အပိုင်းမှ ဖွံဖြိုးလာသော ထူးခြားသောပုံစံဖြစ်သည်။ Appalachia ဒေသသည် အင်္ဂလိပ်နှင့် Ulster-Scots immigrants တို့ဖြစ်ပြီး သူတို့၏ဒေသမှ ဂီတရိုးရာဓလေ့များကို ယူဆောင်လာခဲ့ခြင်းဖြစ်သည်။ ပင်ကိုအားဖြင့် တယောသည် ဖွံဖြိုးလာသည့်ပုံစံ၏မူရင်းဖြစ်သည်။ လူမည်းဂီတသမားများသည် blues ဂီတ၏ လက္ခဏာများကို ရောနှောခဲ့ကြသည်။ bluegrass ပုံစံများဖြင့် ဖွံဖြိုးလာခဲ့ပြီး ဘင်ဂျိုတူရိယာကို ထိုဒေသသို့ မိတ်ဆက်ခဲ့သည်။ ယခုအခါ bluegrass ဟုအသိများသော ဂီတသည် ကျေးလက်အကများနှင့် အသုံးပြုခဲ့ပြီး buckdancing, fictfooting သို့ clogging ဟုလည်းအသိများသည် bluegrass sound သည် ဆင်ခြေဖုံးနေရာများသို့ ပျံနှံသွားသကဲ့သို့ နားထောင်မှုလည်း တိုးမြှင့်လာခဲ့သည်။ ၁၉၄၈တွင် post-war country/အနောက်တိုင်းဂီတစက်မှုဇုံနှင့်အတူ bluegrass ဟုသော အမျိုးအစားပေါ်ထွက်လာခဲ့သည်။ ထိုအချိန်ကာလကို ရွှေခေတ်သို့ Wellspring of traditional bluegrass ဟုလည်းခေါ်သည်။ အစောပိုင်းနှစ်များတွင် ကျွမ်းကျင်သော ဂီတပညာရှင်များက bluegrass ကို မှတ်တမ်းခဲ့ကြသည်။ ရေဒီယိုဋ္ဌာနများက bluegrass ကိုနှစ်မြုပ်ထားပြီး ထူးခြားသော မျိုးခွဲများ၏ ဆင့်ကဲဖြစ်စဉ်တွင် ပါဝင်လာခဲ့သည်။

အမျိုးအစားခွဲခြားသတ်မှတ်ခြင်း[ပြင်ဆင်ရန်]

Bluegrass သည် အစ၌ folk ဂီတအမျိုးအစားထဲတွင်ပါဝင်ပြီးနောက်ပိုင်း hibilly သို့ထည့်သွင်းခဲ့သည်။ ၁၉၄၈တွင် ရေဒီယိုမှ လွှင့်တင်သော country/western ထဲတွင် ပါဝင်ခဲ့သည်။ ၁၉၃၀ နှင့် ၁၉၄၀ အလယ်တွင် bluegrass ဂီတကို Cantwell and Rosenberg က ဖော်ပြခဲ့သည်။ မည်သို့ပင်ဆိုစေ bluegrass ဝေါဟာရကို ၁၉၅၀ တိုင်အောင် တရားဝင်မဖော်ပြကြပေ။ folk နှင့် old-time ဂီတကို bluegrass style ထဲတွင် ပါဝင်သည်။ bluegrass နှင့် folk ပုံစံသည် ပညာရေးတွင် ပါဝင်လာခဲ့သည်။ folk ဂီတလေ့လာသူ Dr.Neil Rosenberg သည် bluegrass ဝါသနာအိုးများနှင့် ဂီတသမားများကို folk သီချင်းနှင့် old-time ဂီတနှင့် ရင်းနှီးသည့်ဟုဆိုသည်။ ပြပွဲများ၊ ပွဲတော်များတွင် ဖျော်ဖြေကြသည်ဟုဆိုသည်။

မူရင်းအမည်[ပြင်ဆင်ရန်]

Bluegrass သည် grass of the Poagenus ဟူလည်းကောင်း Kentucky bluegrass ဟူ၍လည်းကောင်းကျော်ကြားလာခဲ့သည်။ ဗဟို Kentucky ဒေသကို bluegrass ဒေသဟုလည်း တစ်ခါတစ်ရံ ခေါ်ကြသည်။ Bluegrass ဟူသော ဝေါဟာရကို ၁၉၅၀နောက်ပိုင်းတွင် မွေးစားခဲ့သည်ဟု ယုံကြည်သည်။ ၁၉၃၉တွင် Bill Monroe ၏ Blue Grass Boys တီးဝိုင်းမှ ဆင်းသက်လာခဲ့သည်။ ထိုအဆက်အနွယ်သည် Bill Monroe သည် bluegrass ၏ဖခင်ဟုရည်ညွန်းခြင်းခံရသည်။

Monroe၏ တီးဝိုင်းတွင် Earl Scruggs (ဘင်ဂျို) အဆိုတော်နှင့် ဂီတာသမား Lester Flatt၊ Chubby Wise (တယော)နှင့် Howard Wattas (ဘေ့စ်ဂီတာသမား) တို့ပါဝင်ပြီး "the original bluegrass တီးဝိုင်း" ဟုလည်း ခေါ်ကြသည်။ သတ်မှတ်ထားသော အသံနှင့် တူရိယာတည်ဆောက်ပုံသည် ယနေ့ခေတ်တိုင်ကျန်ရစ်သည်။ ၁၉၄၈တွင် the Stanley Brothers သည် ရိုးရာသီချင်းတစ်ပုဒ်ဖြစ်သော Molly and Tenbrooks ကို blue Grass Boys' ပုံစံဖြင့် မှတ်တမ်းတင်ခဲ့သည်။

ပထမမျိုးဆက်[ပြင်ဆင်ရန်]

ပထမမျိုးဆက် bluegrass ဂီတသမားများသည် ၁၉၄၀မှ ၁၉၆၀ အလယ်အထိ အမျိုးအစားအပေါ်လွှမ်းမိုးခဲ့သည်။ ရွှေခေတ်ဟုခေါ်သော ၁၉၆၀တွင် တီးခတ်ကြသော အုပ်စုများဖြစ် ကြသည်။ Blue Grass Boys, the Stanley Brothers, Lester Flatt နှင့် Earl Scruggs နှင့် Eoggy Moutain Boys, Hylo Brown နှင့် Timeberliners, Reno and Smiley, Lonesome Pine Fiddlers, Jim and Jesso, Jimmy Martin နှင့် the Dixie Travelers, Carl Story နှင့် Rambling Moutaineers, Buzz Busby, the Lilly Brothers, Bill Clifton နှင့် Jim Eanes နှင့် Country Gentlemen တို့ပါဝင်သည်။


ဒုတိယမျိုးဆက်[ပြင်ဆင်ရန်]

Bluegrass ဒုတိယမျိုးဆက်ဂီတသမားများသည် ၁၉၆၀အလယ်မှ နောက်ပိုင်းအထိ ရေးသားမှတ်တမ်းတင်၍ စတင်ဖျော်ဖြေလာကြသည်။ Jimmy Martin, Doc Watson, J.D.Crowe, Doyle Lawson, Sam Bush, Bela Fleck, John Hartford, Jerry Douglas, Norman Blake, Frank Wakefield, Bill Keith, Del Macoury နှင့် Tony Rice တို့ပါဝင်သည်။ New Grass Revival, Seldom Scene, Kentucky Colonels နှင့် The Dillards တို့သည် progressive bluegrass ကို ဖွံဖြိုးစေခဲ့သည်။ ၁၉၆၀နှင့် ၁၉၇၀တွင် အခြားအုပ်စုများသည် rock ဂီတနားထောင်သူများသို့ Progressive နှင့် traditional bluegrass ကို မိတ်ဆက်စေခဲ့သည်။

တတိယမျိုးဆက်[ပြင်ဆင်ရန်]

တတိယမျိုးဆက်သည် ၁၉၈၀ တွင် ဖွံဖြိုးတိုးတက်ခဲ့သည်။ မျိုးဆက်သည် mainstream bluegrass ဟု အဓိပ္ပာယ်သတ်မှတ်ခဲ့သည်။ လျှပ်စစ်ဘေ့စ်ဂီတသည် အများနှင့် သက်ဆိုင်လာပြီး ရိုးရာ acoustic bass ပုံစံသို့ ပြောင်းလဲခဲ့သည်။ chord progressive မှကွဲလွဲလာခဲ့ပြီး ကျယ်ပြန့်လာခဲ့သည်။ ဤမျိုးဆက်သည် ရိုးရာတေးသီချင်းများ ပြန်လည်နိုးထလာသည်ကို တွေ့ရှိခဲ့ပြီး ပုံစံသစ်များသို့ တီးခတ်ခဲ့သည်။ Johnson Moutain Boys သည် ဆယ်စုနှစ်အတွင်းအကျော်ကြားဆုံး ခရီးစဉ်များ လှည့်ပတ်ဖျော်ဖြေသော အုပ်စုများတစ်ခုဖြစ်ပြီး traditional bluegrass ကို တိတိကျကျ ဖျော်ဖြေခဲ့သည်။

လက်ရှိဖွံဖြိုးတိုးတက်မှု[ပြင်ဆင်ရန်]

လက်ရှိဆယ်စုနှစ်များတွင် bluegrass ဂီတသည် ပရိတ်များကျယ်ပြန့်လာခဲ့သည်။ အဓိက mainstream country ဂီတဖျော်ဖြေသူများသည် bluegrass album များ မှတ်တမ်းတင်လာကြသည်။ Dolly Partonနှင့် Patty Loveless တို့ပါဝင်သည်။ သူတို့သည် ကွဲပြားသော bluegrass album များ ဖြန့်ချိခဲ့သည်။ သူ၏ Kentucky Thunder တီးဝိုင်းနှင့်အတူ bluegrass သို့ပြန်လာကြသည်။ Coen Brothers မှထုတ်လုပ်သော O Brother, Where Art Thou? (၂၀၀၀) ရုပ်ရှင်တွင် ပါဝင်သော country and bluegrass soundtrack သည် ၂၀၀၂ခုနှစ်တွင် Grammy Award for Album of the Year ဆုရရှိခဲ့သည်။ ထိုအချိန်အခါက Chris Thile သည် ရိုးရာ bluegrass ဂီတကို ကျယ်ပြန့်စွာ ပြုလုပ်ခဲ့သည်။ Nickel Creek တီးဝိုင်းတွင် ပါဝင်တီးခတ်ခဲ့သည်။ သူ၏နောက်ဆုံးတီးဝိုင်း Punch Brothers သည် bluegrass ဂီတကို အခြားအမျိုးအစားများနှင့် ရောနှော၍ ရှေ့ဆက်သွားခဲ့သည်။

ပွဲတော်များမှာ Telluride Bluegrass Festival နှင့် RockyGrass တို့ဖြစ်သည်။ Nederland, Yonder Moutain String တီးဝိုင်း(colorado အခြေစိုက်) နှင့် Druha Trava (ချက်) တို့သည် ပရိသတ်များကို ကြီးမားစွာစွဲဆောင်ခဲ့သည်။ College Jam တီးဝိုင်း atmosphere သည် progressive bluegrass ကို ကျယ်ပြန့်စေခဲ့သည်။ Bluegrass နှင့် Jazz ကို ရောနှောထားသည်ကို Bela Fleck and The Flecktones, Railroad Earth, Tony Rice, Andy Statman, Sam Bush, Doc Watson ၏ ဂီတတွင် တွေ့ရှိခဲ့သည်။

ကိုးကား[ပြင်ဆင်ရန်]

  1. Robert Cantwell, Bluegrass Breakdown: The Making of the Old Southern Sound (University of Illinois Press, 2002), pgs 65-66.