Bit map

ဝီကီပီးဒီးယား မှ
မြန်မာဘာသာဖြင့် သင့်လျော်သော အမည်မရှိသေးသောကြောင့် ဤဆောင်းပါးခေါင်းစဉ်ကို အခြားဘာသာစကား / စာဖြင့် ရေးသားထားခြင်း ဖြစ်သည်။

Pixel ဟုခေါ်သည့် အလင်းစက်ကလေး ထောင်ပေါင်းများစွာပါဝင်နေသော ကွန်ပျူတာ ဖန်သားပြင် ဖော်ပြချက်တစ်ခုဖြစ်သည်။ ဖန်သားပြင် ( Screen )ပေါ်တွင် ပုံရိပ်များကို ရေးခြယ်ရန် အသုံးပြုသည့် Program များတွင် Pixel များကို အဖွင့်အပိတ် လုပ်ပေးရသည်။ သို့မဟုတ် ပုံရိပ်တစ်ခု ဖန်တီးရန် အရိပ်နှင့် အရောင်များကို ပြောင်းလဲပေးရသည်။ သတင်းအချက်အလက် bit တစ်ခု သည် pixel ကို ဖွင့်ထားသလော (bit=1) သို့မဟုတ် pixel ကို ပိတ်ထားသလော (bit=0) ဆိုသည်ကို ပြသည်။ Bitmap ဆိုသည်မှာ အစက်ငယ်(dot) များကို မည်သည့်ပုံစံဖြင့် ဖော်ပြမည် သို့မဟုတ် ရိုက်ထုတ်ပေးမည်ကို ကွန်ပျူတာအား ပြန်ပြသော ဖိုင်တစ်ခုပင်ဖြစ်သည်။