Big Hero 6 (ရုပ်ရှင်)
Big Hero 6 | |
---|---|
![]() ရုပ်ရှင်ပိုစတာ | |
ဒါရိုက်တာ |
|
ထုတ်လုပ်သူ | |
ဇာတ်ညွှန်း |
|
အခြေခံထားသည်မှာ | Man of Action ၏ Big Hero 6 (comics) |
သရုပ်ဆောင် | |
ဂီတမှူး | Henry Jackman |
ဓာတ်ပုံ |
|
တည်းဖြတ် | Tim Mertens |
ထုတ်လုပ်ရေး ကုမ္ပဏီ | |
ထုတ်ဝေသူ | Walt Disney Studios Motion Pictures|Walt Disney Studios Motion Pictures |
ဖြန့်ချိသည့်နေ့ |
|
ကြာမြင့်ချိန် | ၁၀၂ မိနစ်[၁][၂] |
နိုင်ငံ | အမေရိကန်ပြည်ထောင်စု |
ဘာသာစကား | အင်္ဂလိပ် |
ကုန်ကျငွေ | $ ၁၆၅ သန်း[၃][၄] |
Box office | $657.8 million[၄] |
ရောင်းရငွေ | $657.8 million[၄] |
Big Hero 6မှာ ၂၀၁၄ ခုနှစ်က ထုတ်လုပ်သော အမေရိကန် အန်နီမေးရှင်းဇာတ်လမ်း ဖြစ်သည်။ ဤဇာတ်လမ်းမှာ မာဗယ်ရုပ်ပြဖြစ်သော Big Hero 6 ကို အခြေခံရိုက်ထားခြင်းဖြစ်သည်။ ဟာမာဒါဆိုသော သိပ္ပံပညာကို စိတ်ဝင်စားသော လူငယ်လေးမှ စူပါဟီးရိုးအဖွဲ့ထူထောင်ခြင်းအကြောင်း ရိုက်ထားသည်။
အကျဉ်းချုပ်[ပြင်ဆင်ရန်]
အသက် ၁၄ နှစ်ရှိသော လူငယ်လေးဟီရိုမှာ စက်ရုပ်များ တီထွင်ခြင်းနှင့် စက်ရုပ်တိုက်ပွဲများတွင် ထူးချွန်လှသည်။ သူ၏အစ်ကို တာဒါရှိမှာ နည်းပညာတက္ကသိုလ်ရှိ ဓာတ်ခွဲခန်းသို့ ခေါ်ဆောင်သွားသည်။ ထိုနေရာတွင် တာဒါရှိ၏ သူငယ်ချင်းများဖြစ်သော ဂိုဂို၊ ဝါဆာဘီ၊ လီမွန်၊ ဖရတ်တို့နှင့် တွေ့ခဲ့သည်။ စက်ရုပ်ရေးရာ ခေါင်းဆောင် ပါမောက္ခ ရောဘတ်နှင့်လည်း တွေ့ခဲ့ပြီးထိုကျောင်းတွင် တက်ရန် ဆုံးဖြတ်ခဲ့သည်။
ဝင်ခွင့်ရရန် ကျောင်း၏သိပ္ပံပြပွဲတွင် သူ၏ မိုက်ခရိုဘော့များကို ပြသရန် စီစဉ်ခဲ့သည်။ ထိုပွဲတွင် ဟာမာဒါမှာ ခရစ်ကုမ္ပဏီ၏ မိုက်ခရိုဘော့အပေါ် ဝယ်ယူရန်ကမ်းလှမ်းချက်ကို ငြင်းဆိုခဲ့သည်။ ပါမောက္ခရောဘတ်မှလည်းကျောင်းဝင်ခွင့်ကို လက်ခံခဲ့သည်။ ထိုညနေတွင် ကျောင်းဟောခန်းမှာ မီးလောင်သွားပြီး ပါမောက္ခရောဘတ်ကို ကယ်တင်ရန် တာဒါရှိမှာ မီးထဲဝင်ရင်း သေဆုံးသွားသည်။
ဝမ်းနည်းနေသော ဟီရိုသည် တာဒါရှိမှ သူ့ကိုတီထွင်ပေးခဲ့သော ကျန်းမာရေးစက်ရုပ် ဘေးမတ်စ်ကို အမှတ်မထင် ဖွင့်မိခဲ့သည်။ ဟာမာဒါတွင် မိုက်ခရိုဘော့တစ်ခုသာ ကျန်ရှိတော့ပြီး ထိုမိုက်ခရိုဘော့၏ လမ်းညွှန်ချက်အရ ကျန်ရှိနေသော မိုက်ခရိုဘော့များကို ဂိုဒေါင်ထဲတွင် တွေ့ခဲ့သည်။ ထိုနေရာတွင် မိုက်ခရိုဘော့များကို မျက်နှာဖုံးအုပ်ထားသောလူမှ ထိန်းချုပ်ထားပြီး သူတို့ ၂ ဦးကို တိုက်ခိုက်ခဲ့သည်။ ထိုမှလွတ်မြောက်လာလျှင် ဟီရိုမှ ဘေးမတ်ကို အကာအကွယ်များနှင့် ကရာတေးအကွက်များ ရေးဆွဲပေးခဲ့ပြီး မျက်နှာဖုံးနှင့်လူကို သွားရောက်ချခဲ့သည်။ သို့သော်အရေးမလှခဲ့။ သူ့အစ်ကို ရေးဆွဲခဲ့သော ပရိုဂရမ်အရ ဘေးမတ်မှ သူ့အစ်ကို၏သူငယ်ချင်းများကို ဆက်သွယ်ခဲ့သည်။
ထိုမှတစ်ဆင့် ထိုမျက်နှာဖုံးနှင့်လူမှာ မိုက်ခရိုဘော့ကို ရောင်းရန် ငြင်းဆိုခံရသည့် ခရစ်ကုမ္ပဏီမှ မစ္စတာခရစ် ဖြစ်နိုင်သည်ဟု သံသယဝင်ခဲ့သည်။ ဟာမာဒါမှာ ဘေးမတ်၏ ကျန်းမာရေးပရိုဂရမ်ကိုဖယ်ပြီး တိုက်ခိုက်ရေးပရိုဂရမ် ထည့်ချင်သော်လည်း မရချေ။
မျက်နှာဖုံးနှင့်လူကို တိုက်ခိုက်ရန်အတွက် အဖွဲ့ဖွဲ့စည်းခဲ့သည်။
ကိုးကား[ပြင်ဆင်ရန်]
- ↑ Ontario Film Review Board: Big Hero 6။ Ontario Film Review Board။ 5 October 2017 တွင် မူရင်းအား မော်ကွန်းတင်ပြီး။ November 6, 2014 တွင် ပြန်စစ်ပြီး။
- ↑ Big Hero 6 – Synopsis။ Disney Studio Awards။ December 27, 2014 တွင် မူရင်းအား မော်ကွန်းတင်ပြီး။ December 27, 2014 တွင် ပြန်စစ်ပြီး။
- ↑ Brent Lang (November 4, 2014)။ Box Office: 'Interstellar,' 'Big Hero 6' Eye Record-Breaking Weekend။ Variety။ November 5, 2014 တွင် ပြန်စစ်ပြီး။
- ↑ ၄.၀ ၄.၁ Big Hero 6 (2014)။ Internet Movie Database။ May 29, 2015 တွင် ပြန်စစ်ပြီး။