BOL4

ဝီကီပီးဒီးယား မှ
အ​ညွှန်း​သို့ ခုန်ကူးရန် ရှာဖွေရန် ခုန်ကူးမည်
This article is titled in another language/script, because there is no suitable name in Myanmar language yet.
ဘိုလ်ပါလ်ဂါန် ဆာချူန်ဂီ
180306 Bolbbalgan4 at a fansinging (4).jpg
ဘိုလ်ပါလ်ဂါန် ဆာချူန်ဂီ (၂၀၁၈)
ဝူဂျီယွန်း (ဝဲ) နှင့် အန်ဂျီယောင်း (ယာ)
ကိုယ်ရေး အချက်အလက်များ
မူလတိုင်းပြည်Yeongju, Gyeongsang, တောင်ကိုရီးယား
ဂီတဟန်
တက်ကြွသည့်နှစ်များ2016–present
တေးသံသွင်း ကုမ္ပဏီ
ဝက်ဘ်ဆိုက်
လက်ရှိအဖွဲ့ဝင်များ
  • အန်ဂျီယောင်း
အဖွဲ့ဝင်ဟောင်းများ
  • ဝူဂျီယွန်း

ဘိုလ်ပါလ်ဂါန် ဆာချူန်ဂီ (ဟန်းဂု볼빨간 사춘기, BOL4 သို့မဟုတ် Bolbbalgan4) သည် ၂၀၁၆ ခုနှစ်တွင် Shofar Music မှ ဖွဲ့စည်းခဲ့သော တောင်ကိုရီးယား ဂီတအဖွဲ့ ဖြစ်သည်။ ဘိုလ်ပါလ်ဂါန် ဆာချူန်ဂီ သည် ယခင်က အန်ဂျီယောင်း (ဟန်းဂု안지영) နှင့် ဝူဂျီယွန်း (ဟန်းဂု우지윤) တို့ပါဝင်ဖွဲ့စည်းထားသော နှစ်ယောက်တွဲအဖွဲ့ ဖြစ်ခဲ့သည်။[၁] ၂၀၁၉ ခုနှစ်၊ ဂျွန်လ ၅ ရက်နေ့တွင် King Records နှင့် လက်မှတ်ရေးထိုးပြီး[၂][၃] "Red Planet" ဂျပန်ဗားရှင်းမီနီအယ်လ်ဘမ်ဖြင့် ဂျပန်နိုင်ငံတွင်လည်း မိတ်ဆက်ပွဲဦးထွက်ခဲ့သည်။[၄][၅]

၂၀၂၀ ခုနှစ်၊ ဧပြီလ ၂ ရက်နေ့တွင် ဝူဂျီယွန်းသည် အဖွဲ့မှနုတ်ထွက်သွားပြီဖြစ်ကြောင်း၊ မည်သည့်အဖွဲ့ဝင်အသစ်ကိုမှ ထပ်မံထည့်သွင်းခြင်းမရှိပဲ အဆိုရှင် အန်ဂျီယောင်းတစ်ယောက်သာ Bolbbalgan4 အဖွဲ့တွင် ဆက်ရှိနေမည်ဖြစ်ကြောင်းကို Shofar Music မှကြေညာခဲ့သည်။

အတွေ့အကြုံ[ပြင်ဆင်ရန်]

အန်ဂျီယောင်းနှင့် ဝူဂျီယွန်းတို့သည်အထက်တန်းကျောင်းအတန်းဖော်များဖြစ်ပြီး နှစ်ဦးစလုံးမှာ Gyeongsang ပြည်နယ်မြောက်ပိုင်း Yeongju မြို့ ဇာတိသူများဖြစ်ကြသည်။ သူတို့နှစ်ယောက်သည် အဆိုတော်ဂီတအနုပညာရှင်များဖြစ်ချင်သည့် သူတို့၏အိပ်မက်ကိုအတူတကွဖော်ဆောင်နိုင်ခဲ့ကြသည်။

အုပ်စုအမည်၏မူလအစ[ပြင်ဆင်ရန်]

ဆယ်ကျော်သက်အရွယ်တွင်သာကြုံတွေ့နိုင်သည့် ရိုးသားဖြူစင်သောခံစားချက်တို့ကိုရေးဖွဲ့သီကုံးသောသီချင်းများကို ဖန်တီးလို၍ "볼빨간 사춘기" ဟု အဖွဲ့အမည်ပေးခြင်းဖြစ်သည်။[၆] ဝူဂျီယွန်းသည် ရှက်ရွံ့တတ်မှုကို ဖော်ညွှန်းသော "볼빨간" (မြန်မာအသံထွက်: ဘိုလ်ပါလ်ဂါန်) (Blushing) ကို၎င်း၊ အန်ဂျီယောင်းသည် ဆယ်ကျော်သက်ဆန်ဆန်ပြုမူနေထိုင်တတ်မှုကို ဖော်ညွှန်းသော "사춘기" (မြန်မာအသံထွက်: ဆာချူန်ဂီ) (Puberty or Youth) ကို၎င်း ပုံဖော်ကိုယ်စားပြုသည်။‌

ဂီတလုပ်ငန်း[ပြင်ဆင်ရန်]

၂၀၁၆ ခုနှစ်၊ ဧပြီလ ၂၂ ရက်နေ့တွင် "Half album RED ICKLE" မီနီအယ်လ်ဘမ်ဖြင့် ပွဲဦးထွက်ခဲ့သည်။

ထိုနှစ် ဩဂုတ်လ 29 ရက်နေ့တွင် ပထမဦးဆုံးအယ်လ်ဘမ် "Full Album RED PLANET" ကိုဖြန့်ချိခဲ့သည်။ ထိုအယ်လ်ဘမ် မှခေါင်းစဉ်သီချင်းဖြစ်သော "우주를줄게"(Galaxy) သီချင်းသည် ကိုရီးယားအများပြည်သူကြား၌ အလွန်ရေပန်းစားခဲ့ပြီး အဖွဲ့သည်လည်း ပြည်တွင်းအောင်မြင်မှုကျော်ကြားမှုကို စတင်ရရှိခဲ့သည်။[၇][၈]

ထို့နောက် ၂၀၁၇ ခုနှစ်၊ စက်တင်ဘာလတွင် "Red Diary Page.1" ဒုတိယမီနီအယ်လ်ဘမ်၊ ၂၀၁၈ ခုနှစ်၊ မေလတွင် "Red Diary Page.2" တတိယမီနီအယ်လ်ဘမ်၊ ၂၀၁၉ ခုနှစ် ဧပြီနှင့်စက်တင်ဘာလတို့တွင် "Puberty Book I Bom" နှင့် "Two Five" မီနီအယ်လ်ဘမ်တို့ ထွက်ရှိခဲ့သည်။[၉] ၂၀၂၀ ခုနှစ်၊ မေလတွင် "Puberty Book II Pum" မီနီအယ်လ်ဘမ် ထွက်ရှိခဲ့သည်။

အဖွဲ့ဝင်များ[ပြင်ဆင်ရန်]

လက်ရှိ[ပြင်ဆင်ရန်]

  • အန်ဂျီယောင်း (Ahn Ji-young) (ဟန်းဂု안지영) ( 1995 -09-14) စက်တင်ဘာ ၁၄၊ ၁၉၉၅ (အသက် ၂၄) – အဓိကအဆို[၁၀]

ယခင်[ပြင်ဆင်ရန်]

  • ဝူဂျီယွန်း (Woo Ji-yoon) (ဟန်းဂု우지윤) ( 1996 -01-06) ဇန်နဝါရီ ၆၊ ၁၉၉၆ (အသက် ၂၄) – ဂီတာ, ဘေ့စ်, ရက်ပ်, နောက်ခံအဆို[၁၁][၁၂]

ကိုးကား[ပြင်ဆင်ရန်]