အက်ဖ်ရိုဒိုက်တီ

ဝီကီပီးဒီးယား မှ
(Aphrodite မှ ပြန်ညွှန်းထားသည်)
အာဖရိုဒီတေ
Goddess of love, beauty and sexuality
Aphrodite Pudica (Roman copy of 2nd century AD), National Archaeological Museum, Athens
ဘုံဗိမာန်အိုလံပတ်တောင်
သင်္ကေတDolphin, Rose, Scallop Shell, Myrtle, Dove, Sparrow, Girdle, Mirror, Pearl and Swan
ကိုယ်ရေး အချက်အလက်
မိဘများIn the Iliad: Zeus and Dione[၂]
In Theogony: Uranus's severed genitals[၃]
မွေးချင်းAeacus, Angelos, Apollo, Ares, Artemis, Athena, Dionysus, Eileithyia, Enyo, Eris, Ersa, Hebe, Helen of Troy, Hephaestus, Heracles, Hermes, Minos, Pandia, Persephone, Perseus, Rhadamanthus, the Graces, the Horae, the Litae, the Muses, the Moirai, or the Titans, the Cyclopes, the Meliae, the Erinyes (Furies), the Giants, the Hekatonkheires
ကြင်ရာတော်Hephaestus, Ares, Poseidon, Hermes, Dionysus, Adonis, and Anchises
ကလေးWith Ares: Eros,[၁] Phobos, Deimos, Harmonia, Pothos, Anteros, Himeros,
With Hermes: Hermaphroditus,
With Poseidon: Rhodos, Eryx,
With Dionysus: Peitho, The Graces, Priapus,
With Anchises: Aeneas
ညီမျှမှု
ရောမVenus
Mesopotamian equivalentInanna/Ishtar
Canaanite equivalentAstarte

အာဖရိုဒီတေ(ရှေးဟောင်းဂရိ: Ἀφροδίτη, ရောမအက္ခရာ: Aphroditeလက်တင်: Venus) သို့မဟုတ် အက်ဖ်ရိုဒိုက်တီ(အင်္ဂလိပ်: Aphrodite)သည် ဂရိဒဏ္ဍာရီလာ ချစ်ခြင်း၊ အလှအပ၊ သာယာမှုနှင့် နုပျိုမှုတို့၏ နတ်ဘုရားမ ဖြစ်သည်။ အာဖ်ရိုဒီတဲနှင့် စရိုက်သဘာဝတူညီသည့် ခေါမနတ်ဒေဝီ ဗီးနပ်စ်ကို အစွဲပြုမှည့်ခေါ်ထား သော ဗီးနပ်စ်ဂြိုဟ်နှင့် ယှဉ်တွဲအမှတ်သညာပြုခံရသည်။ အာဖ်ရိုဒီတဲ၏ ပင်မသင်္ကေတများတွင် မာတဲလ်ပင်၊ နှင်းဆီ၊ ခို၊ စာကလေးနှင့် ငန်းများ ပါဝင်သည်။

'အာဖ်ရိုဒီတဲ' သည် မြန်မာဘာသာစကားဖြင့် အစဉ်ဆက် အသံဖလှယ်မှုဖြစ်သော်လည်း အင်္ဂလိပ်ဘာသာစကားဖြင့် 'အဲဖရာဒိုက်တီး' ဟုထွက်ရှိကာ ရှေးဟောင်းဂရိဘာသာဖြင့် 'အာဖ်ရိုဿီတဲ'၊ ခေတ်သစ်ဂရိဘာသာဖြင့် 'အာဖ်ရိုဒီတီ' ဟု အနီးစပ်ဆုံးထွက်ရှိသည်။

သံသေဒဇ ပေါ်လာခြင်း[ပြင်ဆင်ရန်]

နတ်မင်း ခရိုနက်က ဖခင် ယူရေးနပ်အား တိုက်ခိုက်စဉ် ယူရေးနပ်၏ မွေးအင်္ဂါ ရေသို့ ကျသော် ရေမြုပ်ဖြစ်သည်။ ထိုရေမြုပ်သည် ပင်လယ်၌ မျောရင်း မိန်းမပျိုအသွင် ဖြစ်လာသည်။ ဆိုင်ပရပ်ကျွန်းရှိ ပါဖော့မြို့အနီးတွင် အသက်ဝင်လေသည်။ ဆိုင်ပရစ် (ဆိုင်ပရပ်သူ) ဟု လူတို့က ခေါ်ကြလေသည်။ စင်သီယာကျွန်းအနီးတွင် အသက်ဝင်ကြောင်း ယုံကြည်သူတို့က စင်သရီယာ (စင်သီယာသူ) ဟု ခေါ်ပြန်သည်။ အသက်ဝင်စဉ်ပင် အရွယ်ရောက်ပြီးသော မိန်းမ၏အသွင်ကို ရသည်။

ကံထူးရှင် ပန်းပဲဆရာ[ပြင်ဆင်ရန်]

အဖရိုဒိုက် ဖြစ်လာသော် နတ်ဘုရားတို့ မာန်စောင်သူက စောင်၊ စိုးရိမ်သူက စိုးရိမ် ဖြစ်ကြရသည်။ အလွန်လှသော အဖရိုဒိုက်ကြောင့် ဇုသည်လည်း စိတ်မအေးရ။ သို့ဖြစ်ရာ ဟီရာဖန်ဆင်းသည့် ဟပ်ဖေးစတပ်နှင့် လက်ထပ်ပေးလိုက်သည်။ ဟပ်ဖေးစတပ်မှာ ဟီရာလက်တည့်စမ်းထားသော နတ်ဖြစ်ပြီး အလွန်ရုပ်ဆိုးသည်။ အိုလံပတ်တောင်၌ နေသော်လည်း နတ်ရာမဝင်ဘဲ ပန်းပဲဖိုတွင်သာ အချိန်ကုန်ရသည်။

စီစဉ်သော လက်ထပ်ပွဲကို မနှစ်လိုသော အဖရိုဒိုက်မှာ ဟပ်ဖေးစတပ်မှလွဲ၍ ကျန်နတ်ဘုရား၊ လူယောက်ျားတို့နှင့် ဘဝကို ကုန်လွန်ခဲ့သည်။

အဖရိုဒိုက်နှင့် အချစ်မှတ်တိုင် စိုက်ခဲ့သူများ[ပြင်ဆင်ရန်]

အဲရီးဇ်[ပြင်ဆင်ရန်]

အဖရိုဒိုက်နှင့် ပထမဆုံး အကြည်ဆိုက်သူမှာ စစ်နတ်ဘုရား အဲရီးဇ် ဖြစ်သည်။ ဖိုဘိုနှင့် ဒိုင်မော့ဟူသော အမြွာညီအစ်ကိုနှစ်ယောက်၊ ဟာမိုနီရာ ဟူသော သမီးတယောက်နှင့် ဆန္ဒနတ်လေးပါး (အီရော့၊ အန်တီရော့၊ ဟင်မီရော့၊ ပိုသို) ကို မွေးသည်။

ပိုဆိုက်ဒန်[ပြင်ဆင်ရန်]

ရေသခင်ကြီး ပိုဆိုက်ဒန် သည်လည်း အဖရိုဒိုက်နှင့် ချစ်ပွဲဝင်ခဲ့သေးသည်။ ရိုဒီဟူသော သမီးတယောက် ရသည်။

ဟာမိ[ပြင်ဆင်ရန်]

ဇု၏သားငယ် ဟာမိသည်လည်း အဖရိုဒိုက်နှင့် မကင်းပေ။ တိုင်ချီ၊ ပိုင်သိုနှင့် ဟာမဖရိုဒီတော့ဟူသော သားသုံးယောက် ရသည်။

အဒိုနစ်[ပြင်ဆင်ရန်]

ဆိုင်ပရပ်မင်းသမီး မာရာက ဖခင် စီနာရပ်နှင့် ချစ်ဗျူဟာခင်းလိုသည်။ အပျော်မယ်ဟန်ဆောင်၍ အကြံကို အကောင်အထည်ဖော်သည်။ သို့ဖြင့် အဒိုနစ်ဟူသော သားတယောက်ရသည်။ အကြောင်းစုံသိသည့် စီနာရပ်က သမီးအား သတ်ရန် လိုက်သည်။ မာရာက နတ်တို့အား တောင်းပန်သော် သစ်စေးပင်အဖြစ် ပြောင်းပေးလိုက်သည်။ သို့သော် မွေးကင်းစ အဒိုနစ်ကို စောင့်ရှောက်မည့်သူ မရှိတော့။

ဖြတ်သွားဖြတ်လာ အဖရိုဒိုက်က ထိုကလေးကို တွေ့သည်။ ထို့ကြောင့် အောက်ကမ္ဘာသို့ယူကာ ပစစ်ဖှနီ (Per-siff-an-ee) အား မွေးစေသည်။ အရွယ်ရောက်သော် သန်စွမ်း၍ ယောက်ျားကောင်းတယောက်ဖြစ်လာသည်။ အဖရိုဒိုက်က ပစစ်ဖှနီးထံမှ ပြန်တောင်းသည်။ ပစစ်ဖှနီးသည်လည်း လက်မလွှတ်နိုင်။ သို့ဖြင့် အချင်းများကြသည်။ ဇုက အဒိုနစ်၏ သက်တမ်း သုံးပုံတပုံကို အဖရိုဒိုက်နှင့် နေရန်၊ နောက် သုံးပုံတပုံကို ပစစ်ဖှနီးနှင့် နေရန်၊ ကျန် သုံးပုံတပုံကို အဒိုနစ်သဘောကျသူနှင့် နေရန် ဆုံးဖြတ်ပေးသည်။ သို့ဖြင့် အဖရိုဒိုက်နှင့်အတူ အဒိုနစ် မြေပေါ်သို့ ပြန်ပါလာသည်။

မြေပေါ်ရောက်သော် အဒိုနစ်က အမဲလိုက်ခြင်းကို သဘောတွေ့လာသည်။ အဖရိုဒိုက်မှာ အမြဲမလိုက်နိုင်။ သို့ဖြစ်၍ အမဲလိုက်ခံရခြင်းကို မကြောက်သော တိရစ္ဆာန်ကို အမဲမလိုက်ရန် သတိပေးပြီး အပြင်သွားသည်။ အဒိုနစ် အမဲလိုက်သော် တောဝက်ယောင်ဆောင်သော အေရိနှင့် တွေ့သည်။ အချို့ကလည်း ချစ်သဝန်ကြောင် အေရိက တမင်ကြံသည်ဟု ဆိုသည်။ အဖရိုဒိုက်စကားကို မေ့နေသော အဒိုနစ်က တောဝက်နောက်သို့ လိုက်သည်။ သို့သော် သူသည်သာ သားကောင် ပြန်ဖြစ်ရသည်။ တောဝက်စွယ်နှင့် ဘဝဆုံးသည်။

အဒိုနစ်နှင့် ဘီရိုဟူသော သမီးတယောက် ရသည်။

ဒိုင်ယွန်နီဆပ်[ပြင်ဆင်ရန်]

ဝိုင်နတ်ဘုရားသည်လည်း အဖရိုဒိုက်နှင့် အချစ်ဗျစ်ရည်ကို မြည်းခဲ့သေးသည်။ သီရိနတ်သမီးသုံးပါး (သာလိရာ၊ ယူဖရိုဆိုင်း၊ အက်ဂလဲယာ) နှင့် ပရီရာပက်ဟူသော သားကို ရသည်။

ဖေသွန်[ပြင်ဆင်ရန်]

ဟီးလိရော့၏သား မိုးသောက်ကြယ် ဖေသွန်သည်လည်း အဖရိုဒိုက်နှင့် မကင်းခဲ့။ အက်စတီနက်ဟူသော သားတယောက်ရသည်။

အန်ချီဆက်[ပြင်ဆင်ရန်]

ထရွိုင်အနီးရှိ ဒါဒနီယာပြည်မှ မင်းသား အန်ချီဆက်နှင့်လည်း ဖရီဂျီယံ မင်းသမီးအသွင်နေကာ နှစ်ပတ်ခန့် အတူနေသည်။ ကိုးလလွန်မှ မွေးကင်းစသမီးလေး အေနီယာကို ပေးကာ နှုတ်မဖွာရန်ပြောပြီး အိုလံပတ်တောင်သို့ ပြန်လေသည်။

ဘူတက်[ပြင်ဆင်ရန်]

ရွှေဆိတ်သားမွှေးရေကို ရှာရန် ဂျေဆန်နှင့်အတူ ရွက်လွှင့်လာသော ဘူတက်သည် ရေသရဲမတို့၏ ဖျားယောင်းမှုကို အံမတုနိုင်ဘဲ ရေသို့ ဆင်းသည်။ အဖရိုဒိုက်က ကယ်ကာ စစ္စလီကျွန်းရှိ လီလီဘန်းသို့ ပို့သည်။ ထို၌ပင် နှစ်ဦးသား အချစ်နယ်ကျွံကြသည်။ သူတို့၏သား အာရစ်မှာ နောင်သော် စစ္စလီဘုရင် ဖြစ်လာသည်။

ကိုးကွယ်မှု[ပြင်ဆင်ရန်]

အက်ဖရိုဒိုက်ကိုကိုးကွယ်သူ ဂိုဏ်းမှာ ဆူမာရီးယန်းဂိုဏ်း အီနန်းနာက ကိုးကွယ်သည့် အရှေ့ဆမစ်တစ် နတ်ဒေဝီ အစ်ရှတာ၏အနွယ်ဝင် ဖီးနီးယှန်းနတ်ဒေဝီ အက်စတာတေတို့မှ ဆင်းသက်လာသည်။ နှစ်စဉ်နွေလယ်ကာလများ၌ ကျင်းပသည့် အက်ဖရိုဒီးရှား (Aphrodisia) မှာ သူမ၏ အဓိကပွဲတော်ဖြစ်သည်။ အေသင်နှင့် ကိုရင့်တို့တွင် အဓိက ကျင်းပသည်။ ဘုရားကျောင်းတွင် အပူဇော်ခံများ ရှိပြီး ထိုသူတော်စင်မတို့နှင့် မေထုန်ပြုကာ အဖရိုဒိုက်အား ပူဇော်ရသည်။ ခရစ်တော်မပေါ်မီ ၁၄၆ ခုတွင် ရောမတို့က ကိုရင့်မြို့အား စီးနင်းသော် ဘုရားကျောင်းများ ပျက်သွားသည်။ ခရစ်တော်မပေါ်မီ ၄၄ ခုတွင် မြို့ကို ပြန်တည်သော်လည်း ဘုရားကျောင်းများ ရှိမလာတော့။ သို့သော် မေထုန်မှုဖြင့် ပူဇော်ခြင်းမှာ ဆက်ရှိနေသေးသည်။ လကောနီးယားတွင် အက်ဖရိုဒိုက်ကို သူရဲကောင်းနတ်ဒေဝီအဖြစ်နှင့် ကိုးကွယ်သည်။ ပြည့်တန်ဆာများအား စောင့်ရှောက်သူဒေဝီနတ်ဘုရားမ ဖြစ်သောကြောင့် အစောပိုင်းပညာရှင်များက "မြင့်မြတ်သောပြည့်တန်ဆာ" ဟူသည့် အယူအဆကို တင်သွင်းခဲ့ကြသော်လည်း ယခုအခါ မှားယွင်းမှုအဖြစ် ရှုမြင်ကြသည်။

ပြင်ပလင့်များ[ပြင်ဆင်ရန်]

  1. Eros is usually mentioned as the son of Aphrodite but in other versions he is born out of Chaos
  2. Homer, Iliad 5.370.
  3. Hesiod, Theogony, 188