Anti-folk

ဝီကီပီးဒီးယား မှ

Anti-folk (တစ်ခါတစ်ရံ anti-folk (သို့) unfolk) သည် ဂီတအမျိုးအစားတစ်ခုဖြစ်ပြီး နိုင်ငံရေးအရ ကြိုးပမ်းထားသည့် ၁၉၆၀ ခုနှစ် folk ဂီတတစ်မျိုးဖြစ်သည်။ anti-f၀lk ၏ဝိသေသလက္ခဏာများကို အသိအမှတ်ပြုဖော်ပြရန်ခက်ခဲ့သည်။ အနုပညာရှင်တစ်ဦးမှ အခြားအနုပညာရှင်တစ်ဦးထိုမှတစ်ဆင့် အခြားအနုပညာရှင်များဆီသို့ တစ်မျိုးတစ်ဖုံပြောင်းလဲနေသည်။ မည်သို့ပင်ဆိုစေ ဂီတသည် စမ်းသပ်မှုကို ဂရုစိုက်သည်။ mainstream ဂီတတွင် စတင်ကတည်းက ပြောင်လှောင်ခြင်းကို ခံရသည်။ anti-folk အနုပညာရှင်များသည် ဂီတ၏စည်းမျဉ်းများကို သတိပြုမှတ်သားကြသည်။ အလေးအနက်စဉ်းစားကြ သည်။

သမိုင်းကြောင်း[ပြင်ဆင်ရန်]

အမေရိကန်ပြည်ထောင်စု[ပြင်ဆင်ရန်]

Anti-folk သည် Greenwich ကျေးရွာ၌ တည်ထောင်ခဲ့ပြီး တီးမုတ်ဖျော်ဖြေရန်မဖြစ်နိုင်သော အနုပညာရှင်များက အကျွမ်းဝင်စေခဲ့ပြီး ဖြစ်သည်။ အဆိုတော်၊တေးရေးဆရာ Lach က Lower East Side တွင် Fort ပွဲတော်ကို စတင်ခဲ့သည်။ The Fort သည် နယူးယောခ့် Folk ပွဲတော်နှင့် ဆင်တူသည်။ New York Anti-Folk Festival ဟုအမည်ပေးခဲ့သည်။ ထိုလှုပ်ရှားမှုတွင် The Washington Squares, Cindy Lee Benyhill, Brerrda Kahn, Pale Face, Beck, Hemell on Trial, Michelle Shooked, Zane Campbell, Jolis S.Hall, Roger Manning, Kirk Kelly, Sander Hicks နှင့် Block တို့ပါဝင်ပြီး anti-folk အနုပညာရှင်များဖြစ်သည်။ မူလ fort ပွဲတော်ကို ၁၉၈၅တွင် ပိတ်ပင်ခဲ့ပြီး ကလပ်ကို East Village အပါအဝင်ပြောင်းရွေ့ခဲ့သည်။ New York Anti-Folk Festival ကို Sidewalk Café တွင် နှစ်စဉ်ကျင်းပခဲ့သည်။ Tomplins Square Parkနှင့် Central Park ရှိစက်ရုံများတွင် ကျင်းပခဲ့သည်။ Lachသည် ဆန်ဖရန်ဆစ်စကို တွင် ၁၉၉၀ အစောပိုင်းနှစ်များတွင် West Coast anti-folk လှုပ်ရှားမှုကို တည်ထောင်ခဲ့သည်။

အင်္ဂလန်[ပြင်ဆင်ရန်]

၂၀၀၀ ခုနှစ်တွင် label ကိုဗြိတိန်တွင် တည်ထောင်ခဲ့သည်။ အထူးသဖြင့် London Underground ဖြစ်ရပ်ဖြစ်ပြီး David Cronenberg’s Wife နှင့် The Bobby Mc Gee တို့ပါဝင်ခဲ့သည်။ UK ant-folk ဖြစ်ရပ်ကို အသိအမှတ်ပြုတည်ထောင်ခဲ့သည်။ ၂၀၀၇စက်တင်ဘာတွင် Plan B မဂ္ဂဇင်းတွင် စာမျက်နှာ ၆မျက်နှာခန့်ရေးသားဖော်ပြခဲ့သည်။ UK anti-folk ဖြစ်ရပ်ကို လန်ဒန်မြို့တွင် စတင်ခဲ့ပြီး Sergeant Buzfuz တီးဝိုင်းက တိုးမြှင့်ခဲ့သည်။ U.S နှင့် UK anti-folk အဆိုရှင်၊ တေးရေးဆရာများ ပါဝင်ခဲ့သည်။ ၂၀၀၄ခုနှစ်တွင် lo-fi ဂီတသမား Filthy Pedro က ရာသီ anti-folk ပွဲတော်များ စတင်ခဲ့သည်။ သူသည် Tom Mayne နှင့်တိုးချဲ့ခဲ့သည်။ Brighton ဖြစ်ရပ်ဆက်လက်ဖြစ်ပေါ်စေခဲ့ပြီး ခရစ်ယာန်ဘုန်းတော်ကြီး Mertle ကစတင်ခဲ့ခြင်းဖြစ်သည်။ UK ant-folk အသင်းအဖွဲ့တွင် Television Personalites, Jack Hayter, Milk Kan, Extradition Order, Benjamin Shaw, Gretch Royal Mugs, Larry Pickleman and Paul Hawkins တို့ပါဝင်ခဲ့သည်။ Emmy the Great သည် အင်္ဂလိပ် anti-folk ဖြစ်ရပ်တွင် ပါဝင်ခဲ့သည်။ ၂၀၀၃ခုနှစ် Sergeant Buzfuz ၏ ညတွင် တီးခတ်ခဲ့သည်။ Kate Nash သည် anti-folk-style show များဖြင့် အသက်မွေးဝမ်းမကျောင်းပြုခဲ့သည်။ Bobby Mc Gee သည် anti-folk များလွှမ်းမိုးခဲ့ပြီး ရေဒီယိုမှ အသံလွှင့်ခဲ့သည်။ ၂၀၀၆ခုနှစ် ဩဂုတ်တွင် Timeout မဂ္ဂဇင်းတွင် anti-folk ကို “One of London’s Hottest Subcultures” ဟုဖော်ပြခဲ့သည်။ ပထမဆုံး anti – folk UK မှ ပေါင်းစပ်ထားသည့် album ကို ၂၀၀၇ တွင် ဖြန့်ချိခဲ့သည်။ Wesh anti-folk အနုပညာရှင် Mr Duke သည် ဝေး(စ်) လူကြိုက်များလာခဲ့သည်။