ABC (ကွန်ပျူတာ ဗိုင်းရပ်စ်)
ABC ဗိုင်းရပ်စ် သည် ကွန်ပျူတာ ဗိုင်းရပ်စ်တစ်ခု ဖြစ်ပြီး ၁၉၉၂ ခုနှစ် အောက်တိုဘာလတွင် စတင်တွေ့ရှိခဲ့သည်။ COMMAND.COM နှင့် .EXE ဖိုင်များကို ဦးတည်တိုက်ခိုက်သည်။ လစဉ်လတိုင်း၏ ၁၃ရက်မြောက်နေ့တွင် ထိုဗိုင်းရပ်စ် အလုပ်လုပ်သည်။ CHKDSK ဖြင့် စစ်ဆေးရာတွင် ပြောင်းလဲခံရသည့် .COM နှင့် .EXE ဖိုင်များတွင် ၄ ဘိုက် မှ ၁၀ ဘိုက်အထိ တိုးလာကြောင်း တွေ့ရှိရသည်။ ကူးစက်ခံ .EXE ဖိုင်များတွင် ၂၉၅၂ ဘိုက်မှ ၂၉၇၂ ဘိုက် အထိတိုးလားကြောင်းလည်း တွေ့ရှိရသည်။ .EXE ဖိုင်တည်ဆောက်ထားမှု၏ နောက်ဆုံးနေရာတွင် နေရာယူသည်။ ကူးစက်ခံရသော ဖိုင်များ၏ နေ့ရက်အချိန်များသည် တည်ဆောက်ထားသည့်နေ့မှ လက်ရှိကူးစက်ခံရသောနေ့ အဖြစ်သို့ပြောင်းလဲခြင်း ခံရသည်။ ကူးစက်ခံ .EXE ဖိုင်များတွင် သာမန်အားဖြင့် မည်သည့် စာသားမှမပေါ်သော်လည်း
- ABC_FFEA
- Minsk 8.01.92
- ABC
စသော စာသားများကို ကူးစက်ခံဖိုင်များမှ ပြန်လည်ဖြေကာတွေ့ရှိရသည်။
ABC ဗိုင်းရပ်စ်သည် ၂၀၁၄ ခုနှစ်တွင် Jan ten Hove ရေးသားသော ABC keylogger ထရိုဂျန် မဟုတ်ကြောင်းလည်း သိရှိဖို့လိုသည်။
ပြင်ပလင့်ခ်များ
[ပြင်ဆင်ရန်]- Computer Viruses (A) 15 December 2005 ၌ မော်ကွန်းပြန်ကြည့်စက်တွင် မော်ကွန်းတင်ပြီး ., by Probert Encyclopedia
- Symantec Security Response - ABC, by Symantec