COM ဖိုင်

ဝီကီပီးဒီးယား မှ
(.COM မှ ပြန်ညွှန်းထားသည်)

.COM ဖိုင်သည် ပုံစံရိုးရှင်းပြီး သတ်မှတ်ဆောင်ရွက်ချက်အတိုင်း လုပ်ဆောင်ပေးနိုင်သော ဖိုင်တစ်မျိုးဖြစ်သည်။ ဆိုလိုသည်မှာ ကွန်ပျူတာစက်လည်ပတ်စနစ်ကို အမိန့်ပေးနိုင်သော အချက်အလက်များပါသော ဖိုင်နောက်ဆက် သို့မဟုတ် ကွန်ပျူတာစက်လည်ပတ်စနစ်မှ ခေါ်ယူအသုံးပြုရန် နားလည်သော ဖိုင်တစ်မျိုးဖြစ်သည်။[၁] ရှေးယခင် MS-DOS တွင် အဓိကသုံးစွဲခဲ့ကြသည်။ နောက်ပိုင်းတွင် .com ကို ထိန်ချန်ထားပြီး .exe ကိုသာ အသုံးပြုလာကြသည်။

မိုက်ခရိုဆော့ဖ် ဘိုင်နရီ ပုံစံ[ပြင်ဆင်ရန်]

.COM ဖိုင်သည် CP/M နှင့် MS-DOS တို့တွင် အသုံးပြုသော ဘိုင်နရီ အစဉ်ဖြင့်လုပ်ဆောင်နိုင်သော ဖိုင်ဖြစ်သည်။ ၎င်းတွင် လုပ်ငန်းကို လုပ်ဆောင်ရန်သတ်မှတ်ထားသော ကုဒ်နှင့် အချက်အလက်များမှအပ အခြား အချက်အလက်များမပါဝင်ပေ။ ဘိုင်နရီ စနစ်တွင် အများဆုံး ၆၅၂၈၀ (FF00h) ဘိုက် အထိသာလျှင် အသုံးပြုနိုင်သောကြောင့် ကုဒ်နှင့် အချက်အလက်များကို သတ်မှတ်နေရာအစုတွင်သာ သိမ်းဆည်းနိုင်ခဲ့သည်။ ထိုသို့နေရာလွတ် နည်းပါးခြင်းနှင့် ဖိုင်များအတွက် နေရာချထားမှု နည်းစနစ်အသစ် မတွေ့ရှိသေးသောကြောင့် သတ်မှတ်နေရာတွင် ပုံသေထားကာ ကွန်ပျူတာစက်လည်ပတ်စနစ်မှ စတင်လုပ်ဆောင်သည်နှင့် ခေါ်ယူအသုံးပြုနိုင်ရန် စီစဉ်ခဲ့ကြသည်။

.COM အားထောက်ပံ့ပေးထားမှုနှင့် .com အန္တရာယ်[ပြင်ဆင်ရန်]

.COM ဖိုင်ကို ယခုနောက်ပိုင်း window NT အခြေပြု ပလက်ဖောင်းများအထိ အသုံးပြုနိုင်သေးသည်။ သို့ရာတွင် MS-DOS စနစ်နှင့်သာ တွဲဖက်အသုံးပြုနိုင်သည်။ ယခင် .COM တွင် အသုံးပြုထားသော အချို့ဖိုင်များအား ခေါ်ယူအသုံးပြုနိုင်ရန်အတွက် ဖြစ်သည်။ အချို့ ဗိုင်းရပ်စ် ရေးသူများသည် ၎င်းတို့၏ ဗိုင်းရပ်စ် များကို ဝက်ဘ် ၏ နောက်ဆက်ဖြစ်သော .com ကဲ့သို့ ထင်ရောင်ထင်မှားဖြစ်စေကာ တိုက်ခိုက်မှုများ ပြုလုပ်ကြဖူးသည်။ သို့သော်လည်း .COM သည် ယခုအခါ ကိုယ်ပိုင်လုပ်ဆောင်နိုင်မှုမရှိသောကြောင့် အန္တရာယ် မရှိနိုင်ပေ။

ကိုးကား[ပြင်ဆင်ရန်]

  1. This site has a reference book for the RT-11 operating system running on the PDP-11 minicomputer, which shows in section 5.3 that .COM is used to refer to a command file