အရှိန်

ဝီကီပီးဒီးယား မှ

အရာဝတ္တုတစ်ခုရဲ့ အလျင်က တဖြည်းဖြည်း တိုးလာတဲ့အခါမှာ၊ အဲဒါကို အရှိန်မြှင့်လာတယ်လို့ ဆိုကြပါသည်။ ဥပမာအားဖြင့် ကားတစ်စီးက ရပ်ထားရာမှ သူရဲ့အလျင်ဟာ တဖြည်း⁠ဖြည်းချင်းမြှင့်တက်လာရာ ၅ စက္ကန့်အတွင်းမှာ ၁၀ မီတာ/စက္ကန့်ကို ရောက်သွားတယ်လို ဆိုပါစို့။ ကနဦးအလျင်က သုည ဖြစ်တာမို့ ၅ စက္ကန့်အတွင်းတိုးသွားတဲ့ အလျင်ဟာ (၁၀ -၀) = ၁၀ မီတာ/စက္ကန့် ဖြစ်ပါသည်။ ဆိုလိုသည်မှာ အလျင်ဟာ (10ms-1/5s) = 2ms-2 နှုန်းအတိုင်းပြောင်းလဲသွားသည်ဟု ဆိုလိုသည်။ ထို 2ms-2 ကို ကားရဲ့ အရှိန်ဟု ဆိုနိုင်ပါသည်။ ထိုကြောင့် အရှိန်ဆိုသည်မှာ အချိန်နှင့်အမျှ ပြောင်းလဲသွားသော အလျင်ရဲ့ နှုန်းဟု အဓိပ္ပါယ်ဖွင့်နိုင်ပါသည်။

ပျမ်းမျှအရှိန်(Average acceleration)

ပျမ်းမျှအရှိန် ဆိုသည်မှာ ပြောင်းလဲသွားသော အလျင်v) ကို အချိန်အပိုင်းအခြားt) စားခြင်းကို ဆိုလိုသည်။

တမဟုတ်ခြင်းအရှိန်(Instantaneous acceleration)

တမဟုတ်ခြင်းအရှိန်ဆိုသည်မှာ ပျမ်းမျှအလျင်ကို တိုတောင်းသော အချိန်အပိုင်းအခြားဖြင့် စားသော လစ်မစ်(limit) ကို ဆိုလိုသည်။ ကဲကုလပ် တွင် ထို limit ကို x မှ t သို့ ဆက်စပ်နေသော ဒစ်ရီဗေတစ်(Derivative) ဟုခေါ်သည်။

ဒီနေရာတွင် အလျင်သည် vx=dx/dt ဖြစ်သည်။ ထိုကြောင့် အရှိန်သည်-

ဟုလည်းဆိုနိုင်သည်။

ယူနစ်

အရှိန်ဆိုသည်မှာ ပြောင်းလဲသွားသောအလျင်ကို ထို အဖြစ်အပျက်ဖြစ်ပွားခဲ့သော အချိန်နှင့်စားခြင်းကို ဆိုသည်ဟုဆိုခဲ့ပြီးဖြစ်သည်။ အလျင်၏ယူနစ်သည် (L/T) ဖြစ်သည်။ ထိုကြောင့် အလျင်ကို အချိန်နှင့်စားခြင်းဖြစ်သောကြောင့် အရှိန်၏ယူနစ်မှာ (L/T2) ဖြစ်သည်။ထိုကြောင့် SI ယူနစ်စနစ်အတွက် အရှိန်၏ယူနစ်မှာ (meter per second squared(ms-2</အရှိန်ဆိုသည်မှာ ပြောင်းလဲသွားသောအလျင်ကို ထို အဖြစ်အပျက်ဖြစ်ပွားခဲ့သော အချိန်နှင့်စားခြင်းကို ဆိုသည်ဟုဆိုခဲ့ပြီးဖြစ်သည်။ အလျင်၏ယူနစ်သည် (L/T) ဖြစ်သည်။ ထိုကြောင့် အလျင်ကို အချိန်နှင့်စားခြင်းဖြစ်သောကြောင့် အရှိန်၏ယူနစ်မှာ (L/T2) ဖြစ်သည်။ထိုကြောင့် SI ယူနစ်စနစ်အတွက် အရှိန်၏ယူနစ်မှာ (meter per second squared(ms-2)) ဖြစ်သည်။

အရှိန်နှင့် အလျင်တို့၏ ဦးတည်ချက် လက္ခဏာသည် အမြဲတူနေမည်ဟုပြော၍မရပေ။ လက္ခဏာတူနေတဲ့အချိန်မှာတော့ အရာဝတ္တုရဲ့ သွားနှုန်းက မြှင့်နေမှာဖြစ်ပြီး၊ လက္ခဏာ မတူတဲ့အချိန်မှာတော့ နှေးသွားမှာ ဖြစ်ပါသည်။

အထူးပုံစံများ

တသမတ်တည်းအရှိန်(Uniform accelration)

အရာဝတ္တု တစ်ခု၏အလျင်က တူညီတဲ့နှုန်းအတိုင်းတိုးသွားနေတဲ့အခါမှာ၊ အရှိန်က တူညီနေသည်ဟုဆိုနိုင်ပါသည်။ အရာဝတ္တုတစ်ခုက မျဉ်းဖြောင့်အတိုင်းသွားနေမယ်၊ သူရဲ့ဦးတည်ချက်က လည်းပြောင်းမသွားဘူး၊တူညီတဲ့အချိန်ပိုင်းတိုင်းမှာလည်း သူရဲ့အလျင်ကလည်းတူညီစွာတိုးနေတယ်လို့ဆိုရင်၊ အဲဒီအရာဝတ္တုမှာ တသမတ်တည်းအရှိန်(Uniform accelration) ရှိတယ်ဟုဆိုနိုင်ပါသည်။

ထိုသို့ အရှိန် တသမတ်တည်းမပြောင်းလဲတဲ့အချိန်မှာ မှာ တွက်လို့ရမယ့် ပုံသေနည်းတချို့ကို ဖော်ပြထားပါသည်။

where

= displacement
= initial velocity
= final velocity
= uniform acceleration
= time.


ကိုးကား

  1. Raymond A. Serway and John W. Jewett, Jr. "Physics for Scientists and Engineers with Modern Physics".
  2. Longman science Physics 9
  3. Applied Mathematics, Volume 1