အမေရိကန် ဝက်ဝံနက်

ဝီကီပီးဒီးယား မှ

American black bear
Temporal range: Late Pliocene-Early Pleistocene to recent
At Lake Louise, Alberta
မျိုးရိုးခွဲခြားခြင်း
လောက:
မျိုးပေါင်းစု:
မျိုးပေါင်း:
မျိုးစဉ်:
မျိုးရင်း:
မျိုးစု:
မျိုးစိတ်:
U. americanus
ဒွိနာမ
Ursus americanus
(Pallas, 1780)
Subspecies[၁]

16, see text

Synonyms

Euarctos americanus

အမေရိကန် ဝက်ဝံနက် (အင်္ဂလိပ်: Ursus americanus) သည် မြောက်အမေရိကတွင် ပေါက်ဖွားသည် အလတ်စားအရွယ် ဝက်ဝံမျိုး ဖြစ်သည်။ ထိုဝက်ဝံမျိုးသည် မြောက်အမေရိကတိုက်တွင် အသေးဆုံးနှင့် နေရာတကာတွင် တွေ့ရသော ဝက်ဝံမျိုး ဖြစ်သည်။ အမေရိကန်ဝက်ဝံနက်တို့သည် အစုံစား သတ္တဝါများ ဖြစ်ကြပြီး သူတို့၏ အစားအစာသည် ရာသီဥတုနှင့် နေရာပေါ် မူတည်၍ ကွဲပြားခြားနားသည်။ ပုံမှန်အားဖြင့် သူတို့သည် သစ်တော ထူထပ်သော နေရာများတွင် နေထိုင်လေ့ ရှိကြသော်လည်း အစာရှာဖွေရန် အတွက် သစ်တောအတွင်းမှ ထွက်ခွာလေ့ ရှိကြသည်။ တခါတရံတွင် အစာ အလွယ်တကူ ရနိုင်ခြင်းကြောင့် လူတို့နေထိုင်ရာ နေရာများသို့ ရောက်လာတတ်သည်။ အမေရိကန် ဝက်ဝံနက်သည် နိုင်ငံတကာ သဘာဝ ပတ်ဝန်းကျင် ထိန်းသိမ်းရေး သမဂ္ဂမှ မျိုးပျောက်ရန် စိုးရိမ်ရေမှတ် အနိမ့်ဆုံး အဖြစ် သတ်မှတ်ထားသည်။ အကြောင်းမှာ အမေရိကန် ဝက်ဝံနက်တို့ကို နေရာတကာ တွေ့ရခြင်း၊ တကမ္ဘာလုံးတွင် ရှိသော အရေအတွက်မှာ အလွန်များပြားပြီး ဝက်ဝံနက်ကောင်ရေသည် အခြား ဝက်ဝံအမျိုးအားလုံးပေါင်း ကောင်ရေ၏ နှစ်ဆမျှ ရှိခြင်းတို့ကြောင့် ဖြစ်သည်။ အမေရိကန် ဝက်ဝံနက် တို့သည် မကြာခဏ ဆိုသလိုပင် သစ်ပင်တို့အား သူတို့၏ လက်သည်းများဖြင့် ကုတ်ခြစ်၍ ထိုနေရာတွင် သူတို့ နယ်မြေ ဖြစ်ကြောင်း ပြသတတ်သည်။ နယ်မြေအမှတ်အသားကို သစ်ပင်ပေါ်တွင် အမြင့်ဆုံး လက်သည်းခြစ်ရာမှ တဆင့် သိနိုင်သည်။ ထိုသို့သော အပြုအမူမှာ အမေရိကန်ပြည်ထောင်စု နှင့် ကနေဒါ ရှိ ဝက်ဝံမျိုးတို့တွင် ထင်ရှားသည်။

ကိုးကား

  1. Ursus americanus, Mammal Species of the World, 3rd ed.