မြ

ဝီကီပီးဒီးယား မှ
အရောင်စုံမြများ

မြ သည် မျက်ရွှဲ (ခေါ်) ဘယ်ရယ် အုပ်စုဝင် တွင်းထွက်ကျောက် အမျိုးအစားတစ်ခုဖြစ်ပါသည်။ ဓာတုဗေဒဖွဲ့စည်းမှုအားဖြင့် ဘယ်ရယ်လီယံ အလူမီနီယံ ဆီလီကိတ် တွင် ခရိုမီယံဒြပ်စင် အနည်းငယ် ပါဝင်နေခြင်းဖြစ်ပြီး မာဆင့်အားဖြင့် ၇.၅ ရှိပါသည်။ သိပ်သည်းဆ ၂.၇၁ ရှိကြပြီး ဖန်ရောင်လက်တောက်ပမှုမျိုးရှိကြကာ ပုံဆောင်စနစ်မှာ ဆဌဂုဏ်စနစ်ဖြစ်ပါသည်။တွဲဖက်ပါဝင်သော ဓာတုဒြပ်စင်အမျိုးအစားကွဲပြားပေါ်မူတည်၍ ပတ္တမြားနီလာ တို့ကဲ့သို့ပင် အရောင်များပြောင်းလဲ ခြားနားသွားတတ်ကြခြင်းဖြစ်သည်။

ကျောက်သားအနေအထား

မြ ၊ မျက်ရွှဲ အုပ်စုဝင်များ၏ ထူးခြားသော ကျောက်သားအနေအထားမှာ မာဆင့်မြင့်မားသော်လည်း အလွန်ကြွတ်ဆတ်သောကြောင့် အလွန်ပင် ကျိုးပဲ့လွယ်လွန်းခြင်းဖြစ်သည်။ ထို့အပြင် ကျောက်သားအတွင်းတွင် အခြားသော အောင်းဝင်များ များပြားစွာ ပါဝင်လေ့ရှိတတ်သောကြောင့် ကြည်လင်သော ကျောက်မျက်ရတနာတန်းဝင်သည့် ကျောက်ကောင်းများ ရှားပါးတတ်ပါသည်။

ထွက်ရှိရာ ဒေသများ

ရတနာတန်းဝင် မြကျောက်ထွက်ရှိရာ နိုင်ငံများမှာ ကိုလံဘီယာနိုင်ငံဘရာဇီးနိုင်ငံဇင်ဘာဘွေနိုင်ငံဇမ်ဘီယာနိုင်ငံတန်ဇင်းနီးယားနိုင်ငံပါကစ္စတန်နိုင်ငံရုရှားနိုင်ငံ နှင့် အိန္ဒိယနိုင်ငံ တို့ဖြစ်ကြသည်။ မြန်မာ့ ကျောက်မျက်ရတနာဈေးကွက် အတွင်းတွင် နာမည်ကျော်လူကြိုက်များသော သီတာမြ (ခေါ်) အရည်အသွေးအကောင်းဆုံးသောမြ များမှာ ကိုလံဘီယာနှင့် ဘရာဇီးနိုင်ငံများမှ အဓိက ထွက်ရှိခြင်းဖြစ်ပါသည်။


  • မြန်မာနိုင်ငံသည် တန်ဖိုးကြီးကျောက်မျက်ရတနာများ ထွက်ရှိရာတွင် နာမည်ကျော်ကြားသောလည်း မျက်ရွှဲအုပ်စုဝင်ကျောက်များအနက် အပြာရောင် မြပြာ(ခေါ်)အကွာမရင်း သာ အများဆုံး ထွက်ရှိသည်ကို တွေ့ရပြီး အခြားသော အရောင်ရှိသည့် မျက်ရွှဲအုပ်စုဝင်ကျောက်များ လည်းအနည်းငယ်စီ ထွက်ရှိလေ့ရှိသည့်တိုင် အစိမ်းရောင် မြ မှာမူ ထွက်ရှိခြင်းမရှိကြောင်း သိရှိရပါသည်။

ကျမ်းကိုး