မြတ်ဖုရား
ထိပ်စုမြတ်ဖုရား | |
---|---|
မေမြို့တွင်တွေ့ရစဉ် | |
မွေးဖွား | ၇ မတ် ၁၈၈၆ မဒရပ်မြို့၊ဗြိတိသျှ အိန္ဒိယ |
ကွယ်လွန် | Did not recognize date. Try slightly modifying the date in the first parameter. (အသက် ၇၆) မေမြို့ |
သေဆုံးရခြင်း အကြောင်းရင်း | ကင်ဆာ |
နိုင်ငံလူမျိုး | မြန်မာ |
သားသမီး | ထိပ်စုကြီးဖုရား(ဖုရားရီတာ) |
မိဘ(များ) | သီပေါမင်း စုဖုရားလတ် |
ဆွေမျိုးသားချင်း |
|
ထိပ်စုမြတ်ဖုရားသည် သီပေါကိုယ်တော်နှင့် အရှင်နန်းမတော်တို့၏ တတိယသမီးတော်ဖြစ်သည်။ပါတော်မူအပြီး မဒရပ်မြို့တွင်မှဖွားမြင်ခဲ့သည်။ပျက်သုဉ်းခဲ့သည့် မင်းဆွေမင်းမျိုးများ၏ တတိယမြောက်အကြီးအကဲဖြစ်သူဖြစ်သည်။
၁၉၂၂တွင် ကနောင်မင်းသားကြီး၏မြေးတော် ထိပ်တင်ကိုယ်တော်ကြီးနှင့် လက်ဆက်ခဲ့သည်။၁၉၂၉ခုနှစ်တွင် ကွာရှင်းခဲ့သည်။ကိုယ်တော်ကြီးမှာ ၁၉၅၄ခုနှစ်တွင် ရန်ကုန်မြို့၌ ကံကုန်ခဲ့သည်။သမီးတော် ထိပ်စုကြီးဖုရားကိုဖွားမြင်ခဲ့ပြီး ထိပ်စုကြီးဖုရားမှာ တော်ဘုရားနှင့်လက်ဆက်ခဲ့သည်။
ဒုတိယခင်ပွန်း ဦးမြဦးမှာ ရှေ့နေတစ်ယောက်ဖြစ်ပြီး ဂျပန်ခေတ်က ကွယ်လွန်ခဲ့သည်။ထိပ်စုမြတ်ဖုရားမှာ ၁၉၆၂ခုနှစ် ဇူလိုင်လ ၂၁ရက်နေ့တွင် မေမြို့၌ကွယ်လွန်ခဲ့သည်။